top of page
Search

အဘများ ဂျင်းထည့်ခံရလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 13, 2020
  • 1 min read

အရပ်ဖက်က PPE ကို ဆရာဝန်တွေ၊ NGO တွေက မလုံလောက်ဖူးလို့ အော်နေချိန်မှာ အဘကဘုန်းကြီးကျောင်း Q ထဲ တောင် ဝတ်ပြခဲ့ပါတယ်။ NGO နဲ့ အဘတများက အဘက မိုက်တယ်ကျန်းမာရေးအသိရှိသည်ပေါ့။

တချိန်ထဲမှာဘဲ Myanmar Now ကို တပ်သတင်းမှန်က ဗိုလ်ချုပ် ထွန်းထွန်းညီကဖြေရာမှာ တပ်ထဲမှာ ပိုးတွေ့သူမရှိလို့ သူကပြောပါတယ်။ သူက ထပ်ဖြေရာမှာ ပိုးစစ်တာကို အစိုးရဓာတ်ခွဲခန်းကို မပို့ကြောင်းသူတို့ဖာသာ antibody စစ်ကြောင်း ပြောသွားပါတယ်။

လေ့လာရသလောက် ဥရောပမှာ စစ်တာက ရောဂါစဖြစ်ချိန်မှာ ပိုးရှိ မရှိစစ်တာက antigen ပါ။နှာခေါင်းနဲ့ လည်ချောင်းကနေ နမူနာယူတာပါ။ အလွန်တိကျပါတယ်။ ဒီအဆင့် ဓာတ်ခွဲခန်းက မြန်မာပြည်မှာ တစ်ခုသာရှိပါတယ်။ အစိုးရ ကျန်းမာရေးဝန်ကြီး လက်အောက်မှာပါ။

မနေ့က လေတပ်က တရုတ်ပြည်က ဝယ်ထားတဲ့ ပစ္စည်းတွေ သွားသယ်တာ သုံးခေါက်မြောက်ရှိပါပြီ။အဘဝယ်ထားတဲ့စာရင်းက

အသက်ရူစက် (Ventilator) - ၅၀ (ဧပြီလ ၅ ရက်)၊ အလုံး ၇၃ ကို (ဧပြီလ ၁၀)၊ အလုံး ၁၂ လုံးကို (ဧပြီ၁၁ ရက်၊ စုစုပေါင်း ၁၃၅ လုံးပါ။

PPE kit ကလဲ စုစုပေါင်း ၂၉၃၉၉ စုံပါ။

နောက် အဘကမှာတာက SAR COVID2 rapid PCR test kit ၃၀၀၀၀ ပါ။ အခြားဟာတွေလဲ ပါပါတယ်။ဒီစစ်တဲ့ဟာက ဥရောပနဲ့ ဩဇီမှာ ပြဿနာပေါ်သလို အင်္ဂလန်မှာလဲ ပြဿနာပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေဟာ ဥရောပနဲ့ အင်္ဂလန်မှာ အရည်အသွေး မအောင်မြင်ဘဲ ဘာလို့တပ်ထဲမှာသုံးချင်တာလဲ အစိုးရနဲ့ပေါင်းစစ်ရင် မဖြစ်နိုင်ဘူးလား မေးစရာရှိပါတယ်။

နောက် ဝယ်ထားတဲ့ အသက်ရူစက်တွေဟာ တပ်ထဲမှာ ရောဂါပိုးတစ်ယောက်မှမရှိရင် နှမြောစရာပါ။လှူခဲ့ရင်လဲ အစိုးရကတဆင့်သာလှူသင့်ပြီး မိမိနဲ့သိတဲ့ဆေးရုံတွေကိုသာ မလှူသင့်ပါ။နောက်ဒီပိုးကရောဂါဆိုးသူမှာ အဆုတ်ထိရင် အဆုတ်ပွ၊ သွေးဆိပ်တက်လို့ အသက်ရူစက်တင်မဟုတ်ဘဲ အခြားအရာတွေပါ လိုအပ်မှာပါ။

အထဲမှာ Lockdown ချတာ၊ နိုင်ငံခြားပြန်သူတွေကို Q တာက ဘာလို့ ပိုးမတွေ့ဘဲ အရေအတွက်များလာတာလဲဆိုတာကိုလဲ ထင်သာမြင်သာရှိအောင် ရှင်းပြသင့်တယ်လို့ထင်ပါတယ်။ ပြည်သူတွေ စိတ်ရှင်းအောင်ပါ။

ဒီအချိန်မှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ဖောင်ကြီးဆေးရုံကို ကူသူပို့ပေးလို့ ကျေးဇူရတင်ပါတယ်။ ဒါပေမယ့် ရောဂါရှိသူကို အစိုးရနဲ့ပေါင်းစစ်ပါ။ တပ်ကဝယ်ဝယ် တပ်လေယဉ်နဲ့သယ်သယ် ဒါတွေအားလုံးက အစိုးရပိုက်ဆံတွေပါ။ အားလုံးကို ပွင့်လင်းမြင်သာစွာနဲ့ ပူးပေ့င်းဆောင်ရွက်ပါကျန်းမာရေးဝန်ကြီးဌာနနဲ့တိုင်ပင်ပြီး အရည်အသွေးရှိတာတွေကိုဝယ်ပါ။ ဂျင်းအထည့်မခံပါနဲ့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page