top of page
Search

အဘဘာရွေးရမလဲနှင့် တရုတ်ပြဿနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 27
  • 1 min read

ree

မအလဟာ ဘယ်သူမှ မထောက်ခံတဲ့ ရွေးကောက်ပွဲကြီးကို လုပ်ပြီးရင် အချို့က အဆင်ပြေသွားမှာဆိုပြီး ရူးကြောင်ကြောင်နဲ့ ပြောသူများရှိသလို အချို့ကလဲ နေဝင်းလိုအုပ်ချုပ်မယ် စစ်ကော်မရှင်လုပ်ပြီး အထက်ကနေ ဆက်အုပ်ချုပ်မယ်ဆိုပြီး မအလဘောမ ပြောနေကြတာ တွေ့ရပါတယ်။

ယခုရေးပြလိုတာက အခြားကိစ္စတွေ အသာထားပြီး မအလရဲ့ ပြဿနာကိုသာ ချပြလိုပါတယ်။

ရွေးကောက်ပွဲမှာ မအလက နိုင်မှာပါ။ အာဆတ်လဲ ၉၀% ကျော်နိုင်ခဲ့တာပါဘဲ။ မဲခိုးရင် နိုင်ပါတယ်။ ဒါကြောင့် မအလက နိုင်အပြီး ဘာဆက်လုပ်ရမလဲ ရွေးရမလဲ သူ့နေရာကနေ စဉ်းစားကြည့်ရအောင်။

ပထမဆုံးက စစ်ကော်မရှင် ဥက္ကဌကြီးလုပ်ပြီး သမ္မတအထက်၊ တပ်ချုပ်အထက်မှာ နေတယ်ဆိုပါစို့(ဒါက နေဝင်း ဥပမာပါ)။ ဒါမှမဟုတ် တရုတ်ကလို ပါတီဥက္ကဌ၊ သမ္မတနဲ့ စစ်ကော်မရှင်ဥက္ကဌလုပ်တယ်ဆိုပါစို့။ မအလရဲ့ အခြေအနေက နေဝင်းလို ခိုင်နေတယ်လို့ စာဖတ်သူများထင်ပါသလား? တရုတ်သမ္မတ ရှီကျင်ဖင့်လို ခိုင်နေတယ်လို့ ထင်ပါသလား? နေဝင်းလက်ထဲမှာ ယခင်ဒီမိုလက်ထက်က ပိုက်ဆံများစွာရှိခဲ့သလို ထိုအချိန်ကတပ်ကလဲ ယခုထက်များစွာခိုးသူနည်းပြီး လူချစ်ပါသေးတယ်။ ယခုဟာက လူထုမုန်း၊ ခိုးသူများပြီး သူခိုး ဓားမြများနဲ့ ဖွဲ့စည်းထားတဲ့ ပဒေသရစ်စစ်တပ်ဖြစ်နေပါပြီ။ သူပြောတာကို နေဝင်းခေတ်ကလို လိုက်မလုပ်တော့ပါ။

ဒါဆိုရင် ၂၀၀၈ အတိုင်း သမ္မတလုပ်ပြီး တပ်ချုပ်ကို ကျော်စွာလင်းပေး ဒုတပ်ချုပ်ကို လွိုင်ကော်ကိုနိုင်အောင်ခံချခဲ့သူ (သို့) ကိုကိုဦးကို ကျော်ပြီးပေးပေး တက်လာတဲ့ တပ်ချုပ်ကလဲ မအလအတိုင်းသာ လာမှာပါ။

ဒါဆိုရင် ဘယ်သူ့ကိုမှ ဘာရာထူးမှမပေးဘဲ ငါသာ တပ်ချုပ်၊ ငါသာသမ္မတ၊ ငါသာ စစ်ကော်မရှင်ဥက္ကဌလုပ်မယ်ဆိုပါစို့။ ဒါဆိုရင် တရုတ်က သူ့ကို လက်ခလယ်ထောင်ပြမှာပါ။

တရုတ်က ဘာလို့ မအလအတွက်အရေးကြီးလဲ? တရုတ်ဖိအားကြောင့် မအလရဲ့ မေမြို့၊ မန္တလေးမကျခဲ့တာ အားလုံးသိမှာပါ။ ယခုလဲ ဖိအားတွေပေးပြီး တိုက်ပွဲအရှိန်သတ်ပေးထားတာပါ။ ဒါတွေဟာ အလကားရလာတာမဟုတ်ဘဲ မအလဘက်ကလဲ သဘောတူညီမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ပထမက ရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲအပြီး ကျယ်ပြန့်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်ဆိုတာကို တရုတ်က မအလကိုပြောခဲ့သလို နိုင်ငံခြားရေးဝန်ကြီးကိုလဲ ထပ်ပြောခဲ့တယ်ဆိုတာ အစီရင်ခံစာတွေကပြောနေပါတယ်။

မအလက ရွေးကောက်ပွဲအတုသာလုပ်မှာဖြစ်ပြီး ရွေးကောက်ပွဲပြီးရင် ရဲထွဋ်တို့၊ သန်းရွှေသားမက်တို့လောက်၊ နန်းမွှေစံတို့‌ လောက်သာ လွှတ်ပေးမှာဖြစ်ပြီး လွှတ်တော်ထဲမှာ ကိုကိုကြီးလောက်၊ စန္ဒာမင်းလောက်သာ အလွန်ဆုံး ထားမှာပါ။ ဒါတောင် ယခုအချိန်မှာ ဘယ်သူမှ မသိနိုင်ပါ။ ကွန်ပျူတာနဲ့ဆိုတော့ မဲလိမ်ရတာ ပိုလွယ်သွားပါပြီ။

ရွေးကောက်ပွဲအပြီး မအလက သူ့ကတိမတည်ရင် ဘာဆက်ဖြစ်မလဲဆိုတာက မြေပြင်မှာ မအလတပ်က နယ်မြေပိုရနိုင်လား စိုးမိုးမှုရှိလားဆိုတဲ့အပေါ်မှာသာ မူတည်သွားပါလိမ့်မယ်။ သူက တရုတ်ကိုပေးထားတဲ့ ကတိမတည်ဘဲ နယ်မြေလဲ တည်ငြိမ်အောင်မလုပ်နိုင်ရင် စစ်ပွဲတွေအကြီးအကျယ်ပြန်ဖြစ်ဖို့က တရုတ်က ပြန်စလာနိုင်ပါတယ်။ မအလက နယ်မြေစိုးမိုးမှုပိုလာရင်တော့ မအလကတိမတည်လဲ တရုတ်က သူ့စီးပွားရေးအတွက် မျိုချမှာပါ။ ကတိလဲမတည် သူ့စီးပွားအတွက် တည်ငြိမ်အောင်လဲ မလုပ်နိုင်ရင်တော့ တရုတ်ကြီးလဲ ဇတ်မြောကြီးနဲ့ နေနိုင်မှာမဟုတ်ပါ။ တရုတ်က မြန်မာပြည်သူတွေကို သိပ်ချစ်လို့မဟုတ်ပေမယ့် ရှေ့မတိုး နောက်မဆုတ် စီးပွားရေးလဲလုပ်မရကို တရုတ်က သူ့အကျိုးစီးပွားအတွက် သည်းခံဖို့ ခက်မှာပါ။ ဒါက မအလ သူ့ဇတ်သူကရင်တောင် ရှိနေတဲ့ ပြဿနာတွေပါ။

ပြည်သူက ဘာမှတွေဝေမနေပါနဲ့။ NUG အစိုးရနောက်ကသာ ဆက်ရပ်‌ပေးပါ။ PRF ကနေတဆင့် NUG အောက်က အမိန့်နာခံမှုရှိတဲ့ ပြည်သူ့အစိုးရကို အသိအမှတ်ပြုတဲ့  PDF တွေကိုသာ ဆက်ထောက်ပံ့ပြီး သူတို့အားကောင်းအောင် ဆက်လုပ်ပေးပါ။ ပြည်သူကရွေးကောက်တဲ့ အစိုးရကို ယခုထဲက မအလတပ်လို စောက်ချိုးချိုးတဲ့ NUG အောက်မဟုတ်တဲ့ PDF အမည်ခံအဖွဲ့‌တွေကို ရှောင်ပါ။ တော်လှန်ရေးက ပြည်သူပါရင် အားလုံးညီရင် မနိုင်စရာမရှိပါ။ မိမိတို့ အခွင့်ကြုံလာချိန်တိုက်နိုင်ဖို့ ယခုထဲက NUG အောက်က PDF ကိုသာ PRF ကတဆင့် ထောက်ပံ့ပေးကြပါ။ NUG မှာ ပြည်သူသာ ရှိပါတယ်။

 
 
 

1 Comment


mmkhaing180815
Aug 29

သုံးသပ်ပြတာလက်ခံပါတယ်ဗျာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page