top of page
Search
  • Writer's pictureMyat Tun Oo
Unicode version
အဘဖွခဲ့သောအမှိုက်များ
မြန်မာပြည်မှာယခုဒီမိုအစိုးရတက်လာကထဲကအဘတို့ထားခဲ့သောပြဿနာများစွာနဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုပြောရင်အဘတများကမကြိုက်ပါ။ယခုအမှိုက်ကိစ္စလေးကိုဥပမာအနေနဲ့ကြည့်ရအောင်။
NLD အစိုးရတက်လာတယ်။ရန်ကုန်မှာအမှိုက်တွေရှင်းတယ်။ရှင်းတာလဲတကယ်။လူတွေတွေ့တယ်။အမှိုက်ကရှင်းပေမယ့်မိုးရွာရင်ရေကြီးလာတယ်။အဲ့ဒီအချိန်မှာအဘလက်ထက်ကအသံတောင်မထွက်ရဲသူများကအစိုးရအသုံးမကျဘူးစအော်ပါတယ်။ဖောင်းထုလိုတယ့်လွှတ်တော်ကိုယ်စားလှယ်ကလဲအော်တာပေါ့။အဘတို့ကလဲသူတို့ထံကျူရှင်လာတက်ပေါ့။
ဒီနေရာမှာမြောင်းတွေကိုကျူးကျော်ထားတယ့်မြေဖို့ထားတယ့်အဘနဲ့ပိုင်ခဲ့တဲ့ကိုယ်ပိုင်အိမ်တွေလဲရှိပါတယ်။ဒါနဲ့လူငယ်လေးတွေကအမှိုက်ကောက်ပါတယ်။စည်ပင်ကလဲကူပါတယ်။ဒါကအလွန်ကောင်းတဲ့အရွေ့ပါ။ဒီအချိန်မှာဘဲမိုးအနည်းငယ်ရွာအပြီးသမိုင်းလမ်းဆုံနားကကွန်ဒိုရှေ့မှာရေကြီးပါတယ်။ဖွပါတယ်။မြို့တော်ဝန်ကစုံစမ်းတော့လမ်းဆုံကမြောင်းအောက်မှာအမှိုက်တွေကိုတွေ့ပါတယ်။ဒါကလူတွေမမြင်နိုင်တယ့်နေရာမှာအဘတို့ထားသွားတယ့်အမှိုက်ပါ။
ဒါနဲ့နောက်စမ်းချောင်းကမြောင်းအောက်တွေကိုလိုက်ပါတယ်။အမိူက်ပေါင်းတန်၁၂၀၀ထွက်လာပါတယ်။ဒါနဲ့ပြီးပြီလားဆိုတော့မပြီးသေးပါ။အမှိုက်ရှင်းပြီးချိန်မှာမြောင်းကိုကာထားတယ့်ကွန်ကရစ်အဖုံးကိုရအောင်ဖယ်ပြီးအမှိုက်ဖွဖို့ကြိုးစားနေတယ့်အဘပညာရေးကမွေးပေးလိုက်တယ့်လူတွေကိုလဲတွေ့လိုက်ရပါတယ်။
ဒါကဘာကိုပြလဲဆိုတော့မြန်မာပြည်မှာအဘတို့ထားခဲ့တဲ့အမှိုက်တွေထဲမှာထိန်ပင်လိုမီးလောင်လွယ်တယ့်အမှိုက်ရှိသလိုမြေပေါ်မှာမြင်ရတယ့်ပွနေတယ့်အမှိုက်လဲရှိပါတယ်။ဒါတင်ဘဲလားဆိုတော့မြေအောက်ရေအောက်မှာမမြင်ရတယ့်အမှိုက်ကလဲရေကြီးစေချင်းဒုက္ခတွေကိုဖြစ်စေပါတယ်။ဒါ့အပြင်အဘပညာရေးနဲ့ဖျက်စီးခဲ့တဲ့စိတ်ဓာတ်တွေနဲ့လူဖြစ်လာသူတွေကလဲအမှိုက်ပြန်ပစ်ဖို့ကြိုးစားတာတွေ့ရပါတယ်။
ဒါဆိုရင်ပြည်သူတွေအနေနဲ့ကအစိုးရကိုကန့်လန့်တိုက်တယ့်ကယားပြည်နယ်ကအစွန်းရောက်လူငယ်၊အစိုးရကိုပြဿနာရှာဖောင်းထုတယ့်သင်ဇာရွန်းလဲ့ရည်တို့ကိုအတုမယူဘဲရန်ကုန်ကအမှိုက်ရှင်းတယ့်လူငယ်တွေကိုအတုယူပြီးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပါ။ပြည်သူတွေကလဲ၂၀၂၀မှာNLD ကိုမဲပေးပြီးအဘတို့ဖွခဲ့တဲ့အမှိုက်တွေကိုပူးပေါင်းရှင်းထုတ်ပါလို့တိုက်တွန်းလိုပါတယ်။မကောင်းတယ့်စိတ်ဓာတ်တွေကတော့ပညာရေးကပြင်နေတာ၁၀နှစ်လောက်ဆိုNLD စတက်စဉ်ကသူငယ်တန်းကလေးတွေ၁၀တန်းရောက်ပါမယ်။သူတို့ကအနာဂတ်ကိုပြင်သွားပါလိမ့်မယ်။ပြည်သူကတော့လောလောဆယ်ခြေဥကိုအာရုံပြုပြီးNLD ကိုမဲပေးခြင်းဖြင့်အဘဖွခဲ့သောအမှိုက်များကိုရှင်းကြပါ။မရှင်းရင်ထိန်ပင်လိုမီးထလောင်နိုင်သလိုရေကြီးနိုင်ပါတယ်။ကျန်းမာရေးအန္တရာယ်တော့မရေးတော့ပါ။
68 views0 comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page