top of page
Search

အဘပုန်းခဲ့ရသော ဒုံး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 25, 2023
  • 1 min read

ree

မအလဟာ အာဏာသိမ်းခါစမှာ နေပြည်တော်စစ်ရုံးက မြောက်ကိုရီးယားဆောက်ပေးတဲ့ ဘန်ကာထဲမှာနေပြီး အမိန့်ပေးခဲ့ပါတယ်။ အစပိုင်းမှာ ထွက်ခဲ့ပေမယ့် ဆန္ဒပြသူတွေများလာချိန်မှာ ဘန်ကာထဲနေခဲ့တာပါ။ နောက်ပိုင်း မော်စကိုနဲ့ ဂျကာတာခရီးအပြီးမှာ ဒုချုပ်ကသစ္စာမဖောက်တာ သေချာသွားပြီလို့ ခံယူခဲ့ပြီးအတင့်ရဲလာခဲ့ပါတယ်။

မအလရန်ကုန်ခရီးစဉ်တွေဟာ ဘာမှအပစ်မခံခဲ့ရပါ။ မအလဟာ အစပိုင်းမှာ ပူတာအိုခရီးစဉ် ဖျက်ခဲ့ရပေမယ့်နောက်ပိုင်းသူသွားချိန်မှာ သူ့ကိုအန္တရာယ်မပေးနိုင်လို့ သွေးနထင်ရောက်နေခဲ့ပါတယ်။ ဒါက ကချင်အပိုင်နယ်ပါ။ဒါအပြီးမှာသူက ရခိုင်မှာ ဂျပန်ကြီးအကူအညီနဲ့  AA ကိုအပစ်ရပ်အပြီးမှာ ရခိုင်မှာ ထိုင်းစစ်ဦးစီးချုပ်ကို ခေါ်တွေ့ခဲ့ပါတယ်။ ရခိုင်ဟာ လူမျိုးရေးအရ အထူးစည်းလုံးတဲ့ဒေသဖြစ်ပြီး မအလလာမှာကို ကြိုသတင်းရပေမယ့် သူ့ကိုအနှောက်အယှက်မပေးနိုင်ခဲ့ပါ။ ဒီအချက်ကို မအလဘောမများက တပ်ထဲမှာ သူAA နယ်ထဲကို သွားရဲကြောင်း သူ့ကိုAA က ဘာမှမလုပ်နိုင်ကြောင်း မြှောက်ပေးကြပါတယ်။ နောက်သူက စစ်တွေကိုသွားချိန်မှာလဲ သူ့ကို အသက်အန္တရာယ်မပေးနိုင်ခဲ့ပါ။ ဒါကြောင့်သူ့စိတ်ထဲမှာ အဆိုပါနေရာတွေကို စိုးမိုးနိုင်တယ်လို့ ထင်လာသလို သူ့အောက်ကလဲ တပ်ထဲနဲ့ ဖွတ်လောကမှာ ဝါဒဖြန့်လာခဲ့ပါတယ်။

မအလနဲ့ စိုးဝင်းခရီးသွားရင် လျှို့ဝှက်ချက်က အဆိုပါနေရာကို သူတို့လာမယ်ဆိုတာ အသေအချာမပြောဘဲလူကြီး VVIP လာမယ်ဆိုပြီးသာ တပ်ပြင်ခိုင်း လုံခြုံရေးယူခိုင်းထားတာပါ။ စိုးဝင်းကလဲ ကယားသွားတပ်စစ်ချိန်အပစ်မခံခဲ့ရလို့ အလွန်သဘောတွေ့ခဲ့ပါတယ်။ ဒါက သူတို့သတင်းလုံခြုံပြီး တော်လှန်ရေးအဖွဲ့တွေ သတင်းမရတာဖြစ်နိုင်သလို သူတို့ကလုံခြုံရေးကောင်းလို့ သူတို့ကိုပစ်ခတ်နိုင်တဲ့နေရာကို မချဉ်းကပ်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။

မအလရဲ့ အတင့်ရဲမှုကို ဖျက်ဆီးလိုက်တာက မတ် ၂၀ နမခတပ်ထဲမှာပါ။ မအလဟာ စစ်ကိုင်းကလုပ်ငန်းရှင်တွေကို တပ်ဝင်းထဲမှာ ခေါ်တွေ့ခဲ့တာပါ။ သူ့ကိုအောက်က စစ်အုပ်ချုပ်ရေးကြေညာအပြီး နယ်မြေစိုးမိုးနိုင်ပြီလို့အစီရင်ခံလို့ သူသွားခဲ့တာပါ။ မသွားခင်မှာ နမခထဲကို စစ်အင်အားတွေပိုချခဲ့သလို လုံခြုံရေးကိုလဲ တို့မြှင့်ထားပြီးလက်နက်ကြီးနဲ့ ပစ်လို့မရတဲ့နေရာအထိ လုံခြုံရေးယူထားခဲ့ပါတယ်။ မနက်ပိုင်း ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေနဲ့တွေ့ချိန်အထိ သာယာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ကမှန်းမသိတဲ့ လက်နက်က တပ်ဝင်းထဲ စပေါက်ခဲ့ပါတယ်။ပထမလက်နက်ကြီး ပေါက်ကွဲအပြီး အစပိုင်းမှာ မအလရဲ့လုံခြုံရေးတွေက ရဟတ်ယာဉ်နဲ့ မအလရဲ့ VIP အဖွဲ့ကိုခေါ်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကြီးတွေဟာ မအလသွားမယ့်လမ်းပေါ်မှာ ဆက်ကျလာလို့ မအလကို လုံခြုံရေးအရ ဌာနချုပ်ထဲမှာ တိုင်းမှူးအတွက်ခိုဖို့တူးထားတဲ့ ကတုတ်ကျင်းထဲမှာ လက်နက်သံအားလုံး ရပ်သွားတဲ့အထိ ပုန်းခိုင်းထားခဲ့ရပါတယ်။

ဒီနေရာမှာ စစ်ကိုင်းသားတို့က သတင်းကိုရအောင် စုံစမ်းသွားတာက လေးစားစရာပါ။ ဒါကပထမ လေးစားစရာအချက်ပါ။ ဒုတိယအချက်ပိုပြီး လေးစားစရာက အခက်အခဲတွေကြားထဲက သူတို့က ထိုးဖောက်လာပြီး ပစ်နိုင်ခဲ့တာပါ။ မအလကို မင်းမလုံခြုံဘူးဆိုတာကို လက်တွေ့ကျကျ သတိပေးနိုင်ခဲ့တာပါ။ အဆိုပါနေ့က လက်နက်ကြီးထိသူ ငါးယောက်လောက် ရှိခဲ့ပါတယ်။ သူတို့မှာ ပစ်အားပြင်းလက်နက်တွေသာရှိခဲ့ရင် ထိုနေ့ဟာ မအလနိဂုံးတောင် ဖြစ်သွားနိုင်တာပါ။ ဒါကြောင့် ထိုဒုံးဟာ အဘစပုန်းခဲ့ရသော ဒုံးလို့ ပြောပါရစေ။ စစ်တပ်ကိူနိူင်အောင်တိုက်နိုင်တာဟာ စစ်တပ်မဟုတ်ဘဲ ပြည်သူကသာ တိုက်နိုင်တာပါ။ ပြည်သူညီရင် သူပုန်းရမယ်ဆိုတာ မမေ့ပါနဲ့။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page