top of page
Search
  • Writer's pictureMyat Tun Oo

အဘနဲ့ရေငုပ်သင်္ဘော(အဘနဲ႔ေရငုပ္သေဘၤာ)





စာေရးသူတို႔တိုင္းျပည္မွာျဖစ္ေနတာကျပည္တြင္းစစ္ပါ။ ျပည္ပစစ္ကအိမ္နီးခ်င္းတ႐ုတ္နဲ႔အိႏိၵယကအင္အားခ်င္းမမွ်ပါ။တကယ္ျဖစ္ရင္အေမရိကန္(သို႔) ႐ုရွားကူမွပါ။ဘဂၤလားကလူမ်ားပါတယ္။သူနဲ႔ခ်ဖို႔ကေရငုပ္သေဘၤာကအဓိကမလိုပါ။

ဒါေပမယ့္အဘကိုေအာင္ေသာင္းသားယခုစစ္ဦးစီးအရာရွိခ်ဳပ္(ေရ) မိုးေအာင္ကေျမႇာက္ေပးလို႔႐ုရွားသြားတုန္းကေရငုပ္သေဘၤာၾကည့္လာခဲ့ပါတယ္။ဝယ္ဖို႔ဆိုင္လာပါတယ္။၂၀၀၈ေျခဥသာမရွိရင္မကုန္သင့္တာမကုန္ရေအာင္လုပ္ႏိုင္မွာပါ။ယခုကေတာ့ဘယ္သတင္းဌာနကမွမေရးရဲမေဝဖန္ရဲပါ။

စစ္လက္နက္ပစၥည္းဆိုတာအေမရိကန္တို႔အဂၤလိပ္၊ျပင္သစ္တို႔ထံကဝယ္ႏိုင္ရင္ေကာင္းပါတယ္။ဒါေပမယ့္လက္ရွိမွာဟိုကမေရာင္းပါ။ယခင္ကတ႐ုတ္ထံကတင့္ကားေတြ၊အေျမႇာက္ေတြ၊လူသယ္ယဥ္ေတြဝယ္ပါတယ္။ကိုးကန္႔စစ္ပြဲမွာတင့္ကားေတြခ်ိန္းႀကိဳးျပဳတ္သံုးမရနဲ႔တကယ္ျဖစ္မွဂ်င္းထည့္ခံရမွန္းသိပါတယ္။

ေနာက္တ႐ုတ္ထံကဝယ္ထားတဲ့ေလယဥ္ေတြကပ်က္ခဲ့၊ပ်က္ေနဆဲပါဘဲ။တ႐ုတ္ေလယဥ္နဲ႔ကိုးကန္႔ကိုပစ္ၿပီးတ႐ုတ္ျပည္ထဲက်လို႔အျဖဳတ္ခံရသူေတြဘဝပ်က္သူေတြမနည္းခဲ့ပါ။

ေသခ်ာတာကေတာ့႐ုရွားလက္နက္ဟာတ႐ုတ္ထက္ေကာင္းတာေသခ်ာပါတယ္။ျမန္မာ့တပ္မေတာ္မွာတ႐ုတ္လုပ္JF17 ေတြထက္MiG 29 ေတြကပိုေကာင္းပါတယ္။

ဒါဆိုဘာဝယ္သင့္လဲ။ေရငုပ္သေဘၤာကပိုက္ဆံကုန္ၿပီးလက္ရွိရန္သူေတြကိုတိုက္မရပါ။တ႐ုတ္လာလို႔ေရငုပ္သေဘၤာနဲ႔ေျပးဖို႔ဆိုရင္တမ်ိဳးေပါ့။လက္ရွိမွာMiG 29 ေတြကေနရာတိုင္းမွာတပ္မေတာ္သားမ်ားစြာရဲ႕အသက္ကိုကယ္တင္ခဲ့သလိုေအာင္ပြဲေတြကိုဖန္တီးခဲ့ပါတယ္။

မၾကာခင္႐ုရွားကဝယ္ထားတဲ့Sukhoi SU 30SM fighter jet ၆စင္းေရာက္လာေတာ့မွာပါ။ဒါဟာဒီမိုအစိုးရလက္ထက္မွာမွယခုလိုေခတ္မွီလက္နက္ဝယ္ႏိုင္တာပါ။အမေက်းဇူးလို႔ေျပာလဲရပါတယ္။

ေရငုပ္သေဘၤာနဲ႔ေလယဥ္ပ်ံဘယ္ဟာကတိုင္းျပည္အတြက္ပိုအသံုးဝင္မလဲ? ရန္သူကေရေအာက္ကေနေရငုပ္သေဘၤာေတြအမ်ားႀကီးနဲ႔က်ဴးေက်ာ္လို႔မရပါ။ေထာက္လွမ္းလို႔သာရပါတယ္။ေရငုပ္သေဘၤာကသန္းရာခ်ီကုန္ၿပီးေရငုပ္သေဘၤာတစ္စီေနရာမွာSukhoi SU 30SM ေနာက္ထပ္၁၀စီးေလာက္ဝယ္ႏိုင္ပါမယ္။ဒါဆိုရင္ေခါင္းမာတဲ့အင္အားႀကီးသူပုန္ေတြကိုကိုင္ႏိုင္သလိုလူ႐ိုေသရွင္႐ိုေသရွိပါမယ္။

ဘာမွမဝယ္ရဘဲၿငိမ္းခ်မ္းေရးရရင္ေတာ့အေကာင္းဆံုးေပါ့။

ဝယ္ရရင္ေတာ့ပိုက္ဆံကိုအသံုးနဲ႔အျဖဳန္းခြဲျခားၿပီးတိုင္းျပည္အတြက္အက်ိဳးရွိမယ့္ေလယဥ္ကိုသာဝယ္ေစလိုပါတယ္။

ဒီလိုဝယ္ႏိုင္လာတာဟာလဲစစ္ေရး၊စီးပြားေရးအေမွ်ာ္အျမင္ရွိတဲ့ဒီမိုအစိုးရလက္ထက္မွာဆိုတာအဘနဲ႔သူ၏ေနာက္လိုက္ဖြတ္မ်ားမေမ့ပါနဲ႔။၂၀၀၈ေျခဥသာမရွိခဲ့ရင္ျမန္မာ့တပ္မေတာ္မွာF16 ေတြ၊F35 ေတြေမာင္းေနရမွာပါ။

Unicode version

အဘနဲ့ရေငုပ်သင်္ဘော

စာရေးသူတို့တိုင်းပြည်မှာဖြစ်နေတာကပြည်တွင်းစစ်ပါ။ ပြည်ပစစ်ကအိမ်နီးချင်းတရုတ်နဲ့အိန္ဒိယကအင်အားချင်းမမျှပါ။တကယ်ဖြစ်ရင်အမေရိကန်(သို့) ရုရှားကူမှပါ။ဘင်္ဂလားကလူများပါတယ်။သူနဲ့ချဖို့ကရေငုပ်သင်္ဘောကအဓိကမလိုပါ။

ဒါပေမယ့်အဘကိုအောင်သောင်းသားယခုစစ်ဦးစီးအရာရှိချုပ်(ရေ) မိုးအောင်ကမြှောက်ပေးလို့ရုရှားသွားတုန်းကရေငုပ်သင်္ဘောကြည့်လာခဲ့ပါတယ်။ဝယ်ဖို့ဆိုင်လာပါတယ်။၂၀၀၈ခြေဥသာမရှိရင်မကုန်သင့်တာမကုန်ရအောင်လုပ်နိုင်မှာပါ။ယခုကတော့ဘယ်သတင်းဌာနကမှမရေးရဲမဝေဖန်ရဲပါ။

စစ်လက်နက်ပစ္စည်းဆိုတာအမေရိကန်တို့အင်္ဂလိပ်၊ပြင်သစ်တို့ထံကဝယ်နိုင်ရင်ကောင်းပါတယ်။ဒါပေမယ့်လက်ရှိမှာဟိုကမရောင်းပါ။ယခင်ကတရုတ်ထံကတင့်ကားတွေ၊အမြှောက်တွေ၊လူသယ်ယဉ်တွေဝယ်ပါတယ်။ကိုးကန့်စစ်ပွဲမှာတင့်ကားတွေချိန်းကြိုးပြုတ်သုံးမရနဲ့တကယ်ဖြစ်မှဂျင်းထည့်ခံရမှန်းသိပါတယ်။

နောက်တရုတ်ထံကဝယ်ထားတဲ့လေယဉ်တွေကပျက်ခဲ့၊ပျက်နေဆဲပါဘဲ။တရုတ်လေယဉ်နဲ့ကိုးကန့်ကိုပစ်ပြီးတရုတ်ပြည်ထဲကျလို့အဖြုတ်ခံရသူတွေဘဝပျက်သူတွေမနည်းခဲ့ပါ။

သေချာတာကတော့ရုရှားလက်နက်ဟာတရုတ်ထက်ကောင်းတာသေချာပါတယ်။မြန်မာ့တပ်မတော်မှာတရုတ်လုပ်JF17 တွေထက်MiG 29 တွေကပိုကောင်းပါတယ်။

ဒါဆိုဘာဝယ်သင့်လဲ။ရေငုပ်သင်္ဘောကပိုက်ဆံကုန်ပြီးလက်ရှိရန်သူတွေကိုတိုက်မရပါ။တရုတ်လာလို့ရေငုပ်သင်္ဘောနဲ့ပြေးဖို့ဆိုရင်တမျိုးပေါ့။လက်ရှိမှာMiG 29 တွေကနေရာတိုင်းမှာတပ်မတော်သားများစွာရဲ့အသက်ကိုကယ်တင်ခဲ့သလိုအောင်ပွဲတွေကိုဖန်တီးခဲ့ပါတယ်။

မကြာခင်ရုရှားကဝယ်ထားတဲ့Sukhoi SU 30SM fighter jet ၆စင်းရောက်လာတော့မှာပါ။ဒါဟာဒီမိုအစိုးရလက်ထက်မှာမှယခုလိုခေတ်မှီလက်နက်ဝယ်နိုင်တာပါ။အမကျေးဇူးလို့ပြောလဲရပါတယ်။

ရေငုပ်သင်္ဘောနဲ့လေယဉ်ပျံဘယ်ဟာကတိုင်းပြည်အတွက်ပိုအသုံးဝင်မလဲ? ရန်သူကရေအောက်ကနေရေငုပ်သင်္ဘောတွေအများကြီးနဲ့ကျူးကျော်လို့မရပါ။ထောက်လှမ်းလို့သာရပါတယ်။ရေငုပ်သင်္ဘောကသန်းရာချီကုန်ပြီးရေငုပ်သင်္ဘောတစ်စီနေရာမှာSukhoi SU 30SM နောက်ထပ်၁၀စီးလောက်ဝယ်နိုင်ပါမယ်။ဒါဆိုရင်ခေါင်းမာတဲ့အင်အားကြီးသူပုန်တွေကိုကိုင်နိုင်သလိုလူရိုသေရှင်ရိုသေရှိပါမယ်။

ဘာမှမဝယ်ရဘဲငြိမ်းချမ်းရေးရရင်တော့အကောင်းဆုံးပေါ့။

ဝယ်ရရင်တော့ပိုက်ဆံကိုအသုံးနဲ့အဖြုန်းခွဲခြားပြီးတိုင်းပြည်အတွက်အကျိုးရှိမယ့်လေယဉ်ကိုသာဝယ်စေလိုပါတယ်။

ဒီလိုဝယ်နိုင်လာတာဟာလဲစစ်ရေး၊စီးပွားရေးအမျှော်အမြင်ရှိတဲ့ဒီမိုအစိုးရလက်ထက်မှာဆိုတာအဘနဲ့သူ၏နောက်လိုက်ဖွတ်များမမေ့ပါနဲ့။၂၀၀၈ခြေဥသာမရှိခဲ့ရင်မြန်မာ့တပ်မတော်မှာF16 တွေ၊F35 တွေမောင်းနေရမှာပါ။

886 views0 comments
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page