top of page
Search

အဘနဲ့ ဓာတ်ခဲရဲ့ ဂျပန်ကိုကျွေးတဲ့ ဂျင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 12, 2020
  • 1 min read

အဘနဲ့ ဓာတ်ခဲဟာ စစ်ဖြစ်ခဲ့တာ ၂ နှစ်နီးပါးရှိလာပါပြီ။ ဓာတ်ခဲက အစမှာ ရဲစခန်းသာတိုက်ခဲ့ပြီးနောက်ပိုင်း တပ်စခန်းတွေ ဝင်တိုက်မှ အဘက စစ်ဆင်ရေးအကြီးတွေစခဲ့တာပါ။ အဘ တကယ်စတိုက်တာက စက်တင်ဘာ ၂၀၁၉ နောက်ပိုင်းလောက်မှာပါ။ အဘက စစ်နိုင်လာတယ်ဆိုပေမယ့် စစ်အသုံးစားရိတ်နဲ့ဆိုရင် ရှုံးပါတယ်။ နောက်ပိုင်းမှာ ဓာတ်ခဲက အဘကို ဟိုအထောက်အထားပို့မယ် ဒီအထောက်အထားပို့မယ်ဆိုချိန်မှာ အဘအတွက် တွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးလာချိန်မှာ အဘက စစ်ရှိန်မြှင့်လာပြီး အဘခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီးက ဓာတ်ခဲကို အကြမ်းဖက်အဖွဲ့ ကြေညာခဲ့ပါတယ်။ သတင်းသမားတွေကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်လို့ ဖမ်းမယ်ဆိုပြီးလုပ်ပေမယ့် နောက်ပိုင်းမှာ DASSK Facebook သုံးရာက သိသွားပြီး ပြန်လွှတ်စေခဲ့ပါတယ်။


ရွေးကောက်ပွဲက နီးလာလေ နှစ်ဖက်တိုက်တာဟာ ပိုပြင်းထန်လေ ဖြစ်လာခဲ့ပါတယ်။ နှစ်ဖက်အသေအပျောက် များခဲ့ပြီး ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေဟာ ဝ ကိုမတိုက်ဘဲ ဓာတ်ခဲကို တိုက်ရာမှာ သုံးခဲ့ရပါတယ်။ အထဲမှာ အသေအပျောက်များလို့ တပ်ချုပ်ကြီးရဲ့ ဗျူဟာနဲ့ တိုက်ရည်ခိုက်ရည်ကိုအထဲမှာ မေးခွန်းထုတ်လာခဲ့ပါတယ်။

ဓာတ်ခဲဟာ ဖွတ်အမတ်တွေကို မဖမ်းဘဲ NLD အမတ်ကိုသာ ဖမ်းလိုက်ချိန်မှာ အဘကို အထာပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးမှာတော့ အားလုံးက အချိုးပြောင်းသွားခဲ့ပါတယ်။ ဘာလို့လဲ? အစပိုင်း ဘစိန်လက်ထက်မှာ ဓာတ်ခဲနဲ့ လေးဖွဲ့ကို မအလက NCA မှာ လက်မှတ်ပေးမထိုးခဲ့ပါ။ သူက ဒီလေးဖွဲ့ဟာနောက်မှဖွဲ့လို့ဆိုပါတယ်။ သူ့အမှန်ရည်ရွယ်ချက်က ဘစိန်လက်ထက်မထိုးဘဲ သူသမ္မတဖြစ်ရင် ထိုးမယ်ပေါ့။ ဖြစ်ချင်တော့ ၂၀၁၅ မှာ NLD က နိုင်သွားခဲ့ပါတယ်။ ယခုဟာက တိုက်ရင်းနဲ့ တဖြည်းဖြည်းနွံနစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလဲ ဓာတ်ခဲဟာ ၂၀၂၀ အိပ်မက်ဆိုပြီး ကန့်လန့်တိုက်ပေမယ့် ဘာမှ မဖြစ်လာခဲ့ပါ။

ဂျပန်ဟာ ရွေးကောက်ပွဲကို မြန်မာတစ်ပြည်လုံးမှာ လုပ်စေချင်တဲ့ စေတနာရှိပါတယ်။ ဒီနေရာမှာအဘက ဘာလိုချင်လဲ? ဓာတ်ခဲက ဘာလိုချင်လဲ? အဘနဲ့ ဓာတ်ခဲဟာ အချင်းချင်းတိုက်ရင်း စစ်ပန်းစပြုလာခဲ့ပါပြီ။ သူတို့ဟာ တရုတ်နိုင်ငံရဲ့ ဩဇာကိုလဲ မလွန်ဆန်နိုင်ပါ။ ဒါပေမယ့် အဘဟာ တရုတ်ဆန့်ကျင်ရေး လုပ်ထားလို့ တရုတ်ကညှိပေးလို့ တွေ့တာလဲ အဖြစ်မခံနိုင်ပါ။ ယခုဂျပန်က ဝင်လာချိန်မှာ အဘနဲ့ဓာတ်ခဲဖြစ်ပုံက ပြန်ပေါင်းချင်တဲ့ လင်မယားက ကြားက ရင်ကြားစေ့တာကို စောင့်နေပုံပါ။ အဘဟာ ရွေးကောက်ပွဲကို အချို့နေရာတွေမှာ ပြန်လုပ်ချင်ပြီး လက်ရှိဥပဒေအရ ၂၀၂၀ မှာ လုပ်လို့မရပါ။ အစောဆုံး ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေအရ လုပ်နိုင်တာက ၂၀၂၁ အကုန်/ ၂၀၂၂ အစပိုင်းမှပါ။ ယခု ဂျပန်ကပြောလို့သာ ရွေးကော်က မစောင့်ဘဲလုပ်ခဲ့ရင် သူတို့ကန့်ကွက်ထားတဲ့ နေရာတွေကိုလဲ ပြန်လုပ်ဖို့ ဖိအားပေးမှာပါ။ ဒါ့ကြောင့် သူတို့ကန့်ကွက်နေကြတာပါ။ ဒါ့ကြောင့် အဘဟာ ဂျပန်ကိုအသုံးချပြီး သူတိုက်တာလဲ ရပ်လို့ရ၊ ရွေးကောက်ပွဲကို အခြားနေရာတွေမှာ ပြန်လုပ်လို့ရရင် သူတို့နိုင်တဲ့နေရာ ပြန်များလာပြီး ညွန့်ပေါင်းဖြစ်ဖို့ နီးစပ်လာမှာပါ။ နောက် ဓာတ်ခဲနဲ့ ပြန်ချစ်ရင် သူ့အထောက်အထားကို ဓာတ်ခဲက ICC ပို့တာလဲ ရပ်သွားအောင်လို့ပါ။

ဒါဆို NLD က ဘာလုပ်မလဲ? သူ့ပါတီကအမတ်တွေကို ဖမ်းထားတာ ပြန်မလွှတ်ရင် ဘာမှ လုပ်ပေးလို့မရပါ။ နောက် NLD က ဥပဒေအတိုင်းသွားနေလို့ အကြမ်းဖက်အဖွဲ့နဲ့ အပေးအယူလုပ်လို့်မရ တွေ့မရပါ။ တပ်က ဝ နယ်မြေမှာ သွားတွေ့တာက ဥပဒေချိုးဖောက်တာပါ။ ပုံမှန်မှာက အစိုးရအဖွဲ့ သဘောတူခွင့်ပြုမှ သမ္မတအမိန့်ပါမှ တွေ့လို့ရတာပါ။ ဒါ့ကြောင့် ဓာတ်ခဲနဲ့ တွေ့ဖို့ရာက ပုံမှန် ငြိမ်းချမ်းရေးအဖွဲ့ကသာ သွားရမှာပါ။ ရွေးကောက်ပွဲ လုပ်ဖြစ် မဖြစ်ကတော့ ရွေးကော်က ဆုံးဖြတ်ရမှာပါ။

ဂျပန်ကိုတော့ အဘနဲ့ ဓာတ်ခဲက ဂျင်းထည့်ပြီးသွားပါပြီ။ စာရေးသူတို့က ဂျပန်ကိုမှီခိုနေရပေမယ့်DASSK ဟာ ဒီကိစ္စကနေ မိမိနိုင်ငံ့အရေးကို လွတ်လပ်စွာလုပ်ကိုင်တယ်ဆိုတာကို ပြသွားခဲ့ပါတယ်။သူမက အဘတို့လို ပြည်ပအားကိုး ပုဆိန်ရိုးမဟုတ်ပါဘူး။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page