top of page
Search

အဘနှင့် အင်္ဂလန်သံအမတ်ပြဿနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2022
  • 1 min read

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ မြန်မာစကားက အလကားမဟုတ်ဖူးဆိုတာ အားလုံးသိမှာပါ။ ဒီနေရာမှာ အင်္ဂလိပ်နဲ့ မြန်မာစစ်တပ်အစိုးရ ဆက်ဆံရေးကို ကြည့်ရအောင်။ အင်္ဂလိပ်ဟာ ရိုဟင်ဂျာအရေးမှာ DASSK အစိုးရကို အဓိကဝေဖန်သူပါ။ သူကမဝေဖန်ရင်တောင် သူ့အောက်က သူ့နိုင်ငံကအဖွဲ့တွေက အလွန်ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် မအလတက်လာချိန်မှာ အင်္ဂလိပ်က မအလကို ကိုင်တော့မယ်လို့ အားလုံးကထင်ကြမှာပါ။ ပထမဆုံးက မိုးကျသံအမတ်က CDM ကိုစောစောမလုပ်ခဲ့ဘဲနောက်ဆုံးသံရုံးထဲအဝင်မခံမှ ကပ်လုပ်ခဲ့ပါတယ်။ ထိုအချိန် ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့မေးခွန်းကိုမေးရာမှာ အင်္ဂလိပ်က သူတို့က အစဉ်အလာအရ နိုင်ငံတွေကိုသာ အသီအမှတ်ပြုပြီး အစိုးရတွေကို အသီအမှတ်မပြုကြောင်း ဖြေကြားခဲ့ပါတယ်။ ထိုအချိန်မှာ သူ့သံအမတ်ကြီး Mr Pete Vowles က မြန်မာပြည်ကိုရောက်လာခဲ့ပါတယ်။ သူက ဆရာသန်းမြင့်ဦးပရိတ်သတ်ပါ။ သူက စေ့စပ်ဆွေးနွေးရေးကို အားပေးသူပါ။ အင်္ဂလိပ်အစိုးရက ဥရောပသမဂ္ဂက သံအမတ်ကြီးအဆင့် မဆက်ဆံဖို့ဆုံးဖြတ်ချိန်မှာ သံအမတ်ကြီးကိုလွှတ်ခဲ့ပြီး မအလကိုတော့ ခန့်အပ်လွှာမပေးဘဲ ထားခဲ့ပါတယ်။ မလိမ့်တပတ်လုပ်တာပါ။ ဒါပေမယ့် မအလက ထိုလူနိုင်ငံခြားထွက်အပြီး ပြန်အဝင်မှာ အဝင်မခံဘဲ သူ့ကိုအသိအမှတ်ပြုမှ အဝင်ခံမယ်လုပ်လို့ ဟိုလူက ပြန်သွားရတာပါ။ မအလက မိမိကိုသက်ညှာသူကိုဖေးမသူကို ကန်ထုတ်လိုက်တာပါ။ ဒါကလဲ မိမိဂိုးကို မိမိဖာသာ ပြန်သွင်းတာပါ။

ဒါဆိုရင် အင်္ဂလိပ်က ဗီနီဇွဲလားကို ဘယ်လိုဆက်ဆံခဲ့လဲ? ဗီနီဇွဲလားမှာ မာဒူရိုက သမ္မတပါ။ သူကဆိုရှယ်လစ်ပါ။ သူက ပါတီကနေတဆင့်အာဏာရလာတာပါ။ အမေရိကန်နဲ့ အဆင်မပြေပါ။နောက်ပိုင်း လွှတ်တော်ဥက္ကဌကို လွှတ်တော်က သမ္မတင်မြှောက်ချိန်မှာ အမေရိကန်နဲ့ ဥရောပကအသိအမှတ်ပြုခဲ့ပါတယ်။ သူနဲ့ အတိုက်အခံက ၅၅% ၄၅% လောက်သာ မဲကွာတာပါ။ ဖွတ်တွေလိုခွက်ခွက်လန်အောင်ရှူံးတာမဟုတ်ပါ။ အင်္ဂလန်က ထိုဗီနီဇွဲလားက မာဒူရိုရဲ့ လန်ဒန်ကသံရုံးကို မပိတ်ခဲ့သလို ဗီနီဇွဲလားမှာရှိတဲ့ သူ့သံရုံးကိုလဲ မပိတ်ဘဲ သံရုံးယာယီတာဝန်ခံအထိ လျှော့ချလိုကိပါတယ်။ ဒါကတော့ မြန်မာပြည်ကို ဆက်ဆံသလိုပါ။ ဒါပေမယ့် သူနဲ့ဆန့်ကျင်ဖက် လွှတ်တော်ဥက္ကဌက သမ္မတအနေနဲ့ဖွဲ့စည်းထားတဲ့ စင်ပြိုင်အစိုးရကိုတော့ ဗီနီဇွဲလားရဲ့ တရားဝင်ပြည်သူ့အစိုးရအနေနဲ့အသိအမှတ်ပြုခဲ့ပါတယ်။ အင်္ဂလန်မှာ စင်ပြိုင်အစိုးရကခန့်တဲ့ သံအမတ်ကြီးကိုသူက အသိအမှ်ပြုပါတယ်။ သူ့ထံမှာ သံရုံးနှစ်ခုဖြစ်သွားတာပါ။ အဲ့ဒီကနေတဆင့် ဗီနီဇွဲလားက အင်္ဂလန်မှာအပ်ထားတဲ့ဒေါ်လာသန်း ၂၀၀၀ နီးပါးတန်တဲ့ ရွှေတွေကိုဘယ်သူပိုင်လဲ ဆုံးဖြတ်ရာမှာသူက စင်ပြိုင်အစိုးရပိုင်တယ်လို့ သူ့တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ ဒါမျိုးကို အမေရိကန်နဲ့ အင်္ဂလန်ကမြန်မာပြည်အတွက်လဲ လုပ်ဖို့လိုပြီး သူတို့သံရုံးရှိလဲ NUG ကို ပြည်သူ့အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုပြီး မြန်မာနိုင်ငံပိုင်တဲ့ငွေတွေကို လွှဲပေးသင့်ပါတယ်။

လောလောဆယ်မှာ DASSK လက်ထက် အသံကျယ်ခဲ့သူက NUG ဝန်ကြီးတွေကို အမေရိကန်လိုဖိတ်တာမလုပ်သေးဘဲ လိုင်းပေါ်ကနေသာ တွေ့နေပါသေးတယ်။

ဒါပေမယ့် မအလက အင်္ဂလိပ်ကို ရန်စလိုက်ပါပြီ။ ရွှေပြည်အေးတရားဟောတဲ့ ဆရာသန်းမြင့်ဦးတို့နဲ့အမြင်တူသူကို ပြည်ဝင်ခွင့်မပေးဘဲ မိမိဂိုးကို အပိုင်သွင်းလိုက်ပါပြီ။ နိုင်ငံခြားရေးမူဝါဒက ပြည်တွင်းသံရုံးက သတင်းပေးပို့မှုအပေါ်မှာလဲ မူတည်နေပါတယ်။ ဒါကြောင့်လူအသစ်လာရင် ယခုထက်ပိုမာသူသာ ဖြစ်လာနိုင်ပါတယ်။ အကျဉ်းချုပ်ရရင် မအလရဲ့ထူးခြားချက်က သူ့ကိုဆက်ဆံနေသူကိုတောင်နှင်ထုတ်နိုင်တာပါ။ အချို့ကိစ္စတွေက NUG က လော်ငှါးပြီး အင်္ဂလိပ်အစိုးရကို လော်ရင်တောင် ကြာနိုင်ပါတယ်။ မအလက တွန်းပို့လိုက်လို့ အင်္ဂလိပ်လဲ သံတမန်အဆင့်လျှော့ချရမှာဖြစ်ပြီး သူ့မြန်မာမူဝါဒကို ပြန်သုံးသပ်ရတော့မှာပါ။ အချို့ဂိုးတွေက ကိုယ့်ဂိုးကိုယ်သွင်းရင် ပိုဝင်တာလဲရှိမှာပါ။ ဆက်သွင်းပါလို့သာ ပြောပါရစေ။


အောက်မှာ ဝင်ဖတ်လို့ရအောင် အထောက်အထားတင်ပေးလိုက်ပါတယ်။


Reference:


Reuters

Financial Times

UK government

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Nay Nann myint
Nay Nann myint
May 22, 2022

စကစ is just a junta not armed

government .

Only The NUG we accept as

Government .

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page