top of page
Search

အဘနှင့် သူ့နောက်လိုက်များ၏ နောက်ဆုံးဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 10, 2020
  • 1 min read

အဘဟာ စစချင်းမှာ ညွန့်ပေါင်းဖြစ်ရေးဗျူဟာနဲ့ NLD ကလွဲရင် ဘယ်သူနိုင်နိုင် မြှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဗျူဟာကို ပြည်သူတွေက ရိပ်မိသွားခဲ့ပါတယ်။ အဆိုပါ ညွန့်ပေါင်းဗျူဟာကတိုင်းပြည်ကို စစ်အာဏာရှင်လက်အောက် ပြန်ပို့ဖို့ ကြိုးစားတယ်ဆိုတာကို ကယားကိစ္စမှာ တပ်နဲ့ NLD က အရွေးမခံရလို့ လက်စားချေတဲ့ လွှတ်တော်ဥက္ကဌပေါင်းလုပ်တဲ့ပွဲမှာ ပြသွားခဲ့ပါတယ်။ ဒါမျိုးပြည်ထောင်စုလွှတ်တော်မှာသာ ဖြစ်ခဲ့ရင် သေနတ်မသုံးဘဲ အာဏာသိမ်းသွားမှာပါ။ ဒါကြောင့် ပြည်သူတွေက ညွန့်ပေါင်းကိုရှောင်ဖို့ ပိုသေချာသွားခဲ့ပါတယ်။


ဒါနဲ့အဆင်မပြေရင် အဘရဲ့ဗျူဟာက မဲလာပေးသူနည်းခဲ့ရင် NLD ရွေးကောက်ခံရတာကို တရားဝင်မှုနည်းအောင် လုပ်ဖို့ပါ။ ဒါပေမယ့် အဘရဲ့ အင်တာဗျူးဟာ ပျံ့သွားခဲ့ပြီး DASSK နဲ့ NLD က လူကြီးတွေပါ မဲပေးဖို့ ပြည်သူကို တိုက်တွန်းလာခဲ့ကြပါတယ်။ အနုပညာသမားတွေလဲ ပါလာခဲ့လို့ မဲပေးမယ့်ပြည်သူဟာ မနည်းဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီဗျူဟာကလဲ အလုပ်မဖြစ်ဘူးဆိုတာ အဘတို့ သဘောပေါက်လာပါတယ်။

ယခုနောက်ဆုံးဗျူဟာကတော့ ကိုဗစ်ကိုအကြောင်းပြပြီး ရွေးကောက်ပွဲကို နောက်ဆုတ်ခိုင်းဖို့နဲ့ ရွေးကော်ကို ပြဿနာရှာမယ့် နည်းဗျူဟာတွေပါ။ ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေမှာ ကိုဗစ်ဖြစ်လဲရွေးကောက်ပွဲလုပ်ကြပါတယ်။ မဲရုံအဝင်မှာ လက်ဆေး၊ အထွက်မှာလက်ဆေး၊ နှာခေါင်းစည်းတပ်၊စနစ်တကျတန်းစီရင် ရပါတယ်။ ဒါပေမယ့် ကိုကိုကြီးကစပြီး ကိုဗစ်ဖြစ်လို့ နောက်ဆုတ်သင့်သရောင်သံရောင်စလိုက်နေကြပါပြီ။ ကိုဗစ်ကိစ္စ လူကြီးတွေလုံခြုံရေးကတော့ စာရေးသူက “၈/၉ ၊ ကိုဗစ်နှင့်DASSK ခရီးစဉ်”https://www.myattunoo.com/post/၈-၉-က-ဗစ-န-င-dassk-ခရ-စဉ ဆိုပြီး ဆောင်းပါးရေးပြီးပါပြီ။


နောက်ဆုံးဗျူဟာကတော့ ရွေးကော်က တရားမမျှတဘူးဆိုပြီး ပြဿနာရှာဖို့ပါ။ ပါတီ ၁၀၀ နီးပါးမှာအများစုက အဘနွယ်တွေပါ။ နောက်ပြီးရွေးကောက်ပွဲသဘောအရ ပါတီအနည်းငယ်ကသာ နိုင်မှာပါ။ဒါကြောင့် ရှုံးသူကအများစုဖြစ်မှာပါ။ သူတို့ရဲ့ အကြံက သူတို့ရှုံးရင် ရွေးကော်က မမျှတာဘူးဆိုပြီးဂျင်းထည့်ဖို့ပါ။ ပြည်သူက NLD ကို ၇၀% အထက် မဲပေးထားရင်တော့် အဘမပြောနဲ့ သကြားမင်းတောင် ဖျက်မရပါ။ ဒါမှမဟုတ်ဘဲ ၅၀% အထက် ပွတ်ခါသီခါနိုင်ရင်တော့ အဘတို့အဖွဲ့တွေကပြဿနာရှာမှာပါ။


ပြည်သူအနေနဲ့က ရွေးကောက်ပွဲမှာ NLD ကို တောင်ပြိုကမ်းပြို မဲပေးခြင်းဖြင့် အာဏာရှင်များကိုတိုက်ထုတ်ပါလို့ ပြောပါရစေ။ ယခုအချိန်မှာက ဓမ္မပါတီနဲ့ အဓမ္မပါတီသာ ရှိပါတယ်။ NLD က ဓမ္မကိုကိုယ်စားပြုပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Commenti


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page