top of page
Search

အဘနှင့်ခရိုနီများကြောက်သော မြေရောင်းမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 12, 2019
  • 1 min read

အဘနှင့်ခရိုနီများကြောက်သော မြေရောင်းမှု

အားလုံးသိတဲ့အတိုင်း ဘဏ်ကိစ္စတုန်းက ဇေကြီးကငိုပြပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်အတွင်းရေးမှူးဦးမျိုးမြင့်က အင်တာဗျူးမှာ ဘဏ်တွေဘဲ ပျက်မရောင်ပြောသွားခဲ့တာ မှတ်မိကြမှာပါ။ စာရေးသူတို့က ဘာမှမဖြစ်ပါလို့ပြောပေမယ့် ရွှေစျေးတက်သွားခဲ့ပါတယ်။ အစိုးရရဲ့ ပြန်ကြားရေးက ပြန်ရှင်းချိန်မှာ ရွှေစျေးပြန်ကျခဲ့ပြီး ယခုစာရေးသူတို့ ပြောခဲ့သလိုဘဏ်တွေ ဘာမှမဖြစ်ခဲ့တာကို အားလုံးသိမှာပါ။ပြည်သူတွေကို ခရိုနီ၊ ဖွတ်နဲ့ အဘတွေက ဂျင်းထည့်ဖို့ ကြိုးစားခဲ့တာပါ။

ယခုထပ်လာပါပြီ။ ဧရာဝတီက အဆိုပါ ဦးမျိုးမြင့်ကိုထပ်ဗျူးပါတယ်။ အိမ်ရာမြေစျေးကွက်အေးတာစျေးကြီးလို့လားဆိုတော့ သူကစီးပွါးရေးမကောင်းလို့ မဝယ်နိုင်တာပါဆိုပြီး ဂျင်းထည့်ပါတယ်။ သူကသူပြောတာကို ကိုးကားတဲ့အနေနဲ့ ဘန်ကောက်မြေစျေး၊ စင်ကာပူမြေစျေး၊ မလေးရှားမြေစျေးကိုဥပမာပြပါတယ်။ သူ မပြောသွားတာက စင်ကာပူ၊ ယိုးဒယားနဲ့ မလေးရှားကလူတွေရဲ့ ပျှမ်းမျှဝင်ငွေနဲ့မြန်မာလူမျိုးပျှမ်းမျှဝင်ငွေမတူတာကိုပါ။

မြန်မာပြည်က ပုံမှန် တစ်လ ၅ သိန်းနဲ့ တွက်ရင်တောင် တစ်နှစ် သိန်း ၆၀ သာရပါတယ်။ မစားဘဲ ဆုရင်တောင် ကွန်ဒိုမပြောနဲ့ တိုက်ခန်းဝယ်ဖို့မလွယ်ပါ။ မြန်မာပြည်က မြေစျေးက တပ်၊ ခရိုနီနဲ့ အဘတို့လက်ထဲမှာရှိပြီး သူတို့ခေါ်ထားတဲ့ စျေးက ပြည်သူဝယ်နိုင်တဲ့စျေးထက်မြင့်နေတာပါ။

ယခုလာပါပြီ။ ကွီးဖြိုးက ရန်ကုန်ကမြေကွက်တွေကို ရောင်းပေးမယ်လို့ ကြေညာချိန်မှာ ပြည်သူများက တိုးဝှေ့ပြီး လျှောက်လွှာဝယ်ကြပါတယ်။ ခရိုနီထံက စီးပွါးရေးမကောင်းလို့ မဝယ်နိုင်သူများက ကွီးရောင်းချိန်မှာတော့ ဝယ်လိုသူတွေများနေပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ နေစရာမရှိသူ မြေဝယ်လိုသူ ပြည်သူတွေရှိပေမယ့် လက်ရှိခရိုနီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ တိုက်ခန်းတွေက စျေးကြီးနေလို့ မဝယ်တာဆိုတာကို ပြသွားတာပါ။

ကွီးနဲ့အဘကွာတာက ကွီးက စည်းကမ်းချက်တွေကို အသေအချာရေးထားပြီး စျေးကစားသူတွေ မဝင်နိုင်အောင်လုပ်ထားတာပါ။ ဝေဖန်သူကတော့ ဘယ်လိုဝေဖန်ရမလဲ စောင့်နေမှာပါ။ ဒါပေမယ့် ယခုလုပ်ရပ်ဟာ အင်တာနက်ပေါ်တင်ပြီး ထင်သာမြင်သာလုပ်ထားလို့ ပြည်တွင်းကရော ပြည်ပကပါစည်းကမ်းလိုက်နာပြီး ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ တချိန်ထဲမှာဘဲ ခရိုနီနဲ့အဘတွေရဲ့ မြေကတဆင့်တိုင်းပြည်စီးပွါးရေးကို ချုပ်ကိုင်ထားမှုကိုလဲ လျှော့ချနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ကွီးကတော့ အဘနဲ့ ခရိုနီတို့ရဲ့ စီးပွါးရေးကို ကိုင်လိုက်ပြန်ပါပြီ။

Source: Irrawaddy and Yangon Region Government website

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page