top of page
Search

အဘထံမှApple လက်ပတ်နာရီလုယူသွားသောICC (Unicode version)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 1, 2019
  • 1 min read


အဘကလက်ပတ်နာရီလှလှလေးတွေကြိုက်ပါတယ်။အဘဝတ်ခဲ့တာကRolex, Omega, Patek Philippe တို့ပါ။ဒီနာရီတွေကသိန်း၂၀၀ကျော်ပါတယ်။ဒီနာရီတွေနဲ့အတူအဘကApple Watch နာရီလဲဝတ်ခဲ့ပါတယ်။အဘရဲ့နာရီရဲ့သားရေကလဲသိန်း၃၀အထက်ပေါ့။ပိုက်ဆံဘယ်ကရလဲတော့မမေးပါနဲ့။စာဖတ်သူများသာတွေးကြည့်ပါ။အဘစုထားတာပါ။တစ်ပူးတော့မရေးရဲဘူးပေါ့။ခေတ်သစ်ဆိုမျက်စောင်းတောင်မထိုးရဲဘူး။

အားလုံးသိတဲ့အတိုင်းApple iphone တို့နာရီတို့ဟာသုံးသူရဲ့တည်နေရာကိုလွယ်ကူစွာလိုက်လို့ရပါတယ်။အဘကိုICC ကအရေးယူဖို့စပြင်ချိန်မှာဘဲအဘဟာApple လက်ပတ်နာရီကိုအကြံပေးသူများကြောင့်မဝတ်တော့ပါ။ယခင်ကတော့အဘကကြိုက်လို့ဆက်ဝတ်နေပါသေးတယ်။

အားလုံးသိတယ့်အတိုင်းဟာဝေးကိုအမေရိကန်ကတရုတ်ပိုင်လို့သူတို့လုံခြုံရေးထိခိုက်မှာစိုးသလိုအဘကလဲApple နာရီကြောင့်သူဘယ်မှာရှိလဲဆိုတာအမေရိကန်သိမှာကိုမကြိုက်ပါ။အထူးသဖြင့်ICC ကိစ္စအပြီးမှာပါ။Apple iphone နဲ့နာရီရဲ့ပြဿနာကရန်သူကိုတည်နေရာကိုအတိအကျပြောနိုင်တာပါ။ပြည်တွင်းမှာလဲICC ကိုထောက်ခံကြောင်းဆန္ဒပြသူကိုရဲကမိနစ်ပိုင်းအတွင်းဖမ်းနိုင်ပေမယ့်ဝရမ်းပြေးကတပ်ထဲမှာသွေးလှူမှန်းသိတာတောင်ရဲကမကပ်ရဲပါ။

အဘကICC ကိုထောက်ခံသူများကိုတော့မကြိုက်ပါ။အဘရဲ့ထောက်လှမ်းရေးကဘယ်သူတွေICC ထောက်ခံတယ်ဆိုတာတော့သိပါတယ်။ICC ကလဲဘယ်သူမှပြောမရတဲ့အဘရဲ့နာရီကိုမြန်မာပြည်ထဲမဝင်ဘဲလုယူသွားတာဟာတန်ခိုးကြီးတယ်လို့ပြောရပါမယ်။ICC ဟာတကယ်မလာနိုင်ပေမယ့်အဘကတော့အကွက်စိစွာရှောင်ထားပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Thein Htut
Thein Htut
Jul 02, 2019

patek philippလက်ပ်​နာရီဆိုတော့မ်ျ​စေ့ထဲမှာသ်းထွ်​အော်​မ်ျ​ခွ်​ကြီးပေါ်လာ်​။ယ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page