top of page
Search

အဘထပ်မှားသော ဗျူဟာများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 26, 2023
  • 1 min read

မအလဟာ စကားမတည်တာ ဒီမိုအများစု သိမှာပါ။ မအလဟာ တရုတ်ဖိအားသုံး အပစ်ရပ်ချိန်မှာ လောက်ကိုင်နဲ့ မူဆယ်ထဲကို စစ်ကူအင်အားတိုးချခဲ့ပါတယ်။ မြေပြင်က ပို့မရလို့ ဝေဟင်ကပါ။ သူ့ရည်ရွယ်ချက်က ယခင်ကရေးခဲ့သလိုဘဲ လောက်ကိုင်ကနေ အပီခံချမယ်ဆိုတဲ့သဘောပါ။ နောက်မူဆယ်ကဆင်းချမယ် လားရှိုးက စစ်ကြောင်းထိုးတက်မယ်ဆိုတဲ့ မဟာဗျူဟာပါ။ ထိုအတွက်လဲ လားရှိုးမှာ တပ်တွေကို လေကြောင်းကနေ ဒုချုပ်မလာခင်နဲ့ လာအပြီးမှာ ပို့ဆောင်ခဲ့ပါတယ်။ ယခင်က ဒုချုပ်လာတယ်ဆိုတဲ့သတင်းက ဂျင်းပါ။ မအလလာပြီးမှ သူလာတာပါ။ ရခိုင်မှာ AA က နေရာစုံတိုက်ပေမယ့် မြောက်ဦးကိုတိုက်မယ်လို့ နဂိုထဲက မအလကတွက်ပြီးသားပါ။ မအလက မြောက်ဦးကို AA ထံမကျအောင် တရုတ်နဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးချိန်အထိ ထိန်းထားလိုပါတယ်။ ဒါက သူ့ရဲ့ ရည်မှန်းချက်ပါ။

လက်တွေ့မှာ သူ့တပ်များဟာ လားရှိုး-သီပေါလမ်းကို အဖြတ်မခံရအောင်တောင် ကြိုးစားနေရလို့ အထက်ကိုတက်ဖို့က မလွယ်ပါ။ ယခု မအလသုံးနေတဲ့ဗျူဟာက လောက်ကိုင်မြို့ကို လုံးဝပျက်စီးအောင် ဗုံးကြဲချဖို့ဖြစ်ပြီး MNDAA က ရခဲ့ရင်တောင် မြို့ပျက်သာရအောင် စလုပ်လာနေတာပါ။ တရုတ်တွေလဲ သူတို့ရင်းနှီးမြုပ်နှံထားတာ ဆုံးရှုံးအောင်ပါ။ လက်တွေ့မှာ လေယာဉ်ပေါ်က ဗုံးကြဲတာဟာ မြေပြင်ကတိုက်ပွဲကို အနိုင်အရှုံး ဆုံးဖြတ်ဖို့က လက်ရှိတပ်အင်အားနဲ့မရဘဲ မြေပြင်တပ်အင်အားများစွာလိုပါတယ်။ မူဆယ်မှာလဲ ထိုဗျူဟာသုံးဖို့ ရည်ရွယ်ထားပါတယ်။ လားရှိုးမြို့ အဝိုင်းခံရရင်တော့ MNDAA နဲ့ TNLA က အတိုင်းအတာတစ်ခုအထိ ဖိအားပေးနိုင်မယ်လို့ ထင်ပါတယ်။

မအလဟာ ဒီဗျူဟာကို မြောက်ဦးအတွက်လဲ ပြင်ဆင်ထားပါတယ်။ AA က သူ့စခန်းကိုတိုက်ရင် မြောက်ဦးကိုလဲ မြို့ပျက်ဖြစ်အောင်လုပ်ဖို့ပါ။ ယဉ်ကျေးမှုနေရာတွေကို ဖျက်စီးပြီး AA ကို ဖိအားပေးဖို့ပါ။ ဒီနေရာမှာ မအလဟာ ရခိုင်မှာ စစ်အင်အားချထားပေမယ့် AA ကို မယှဉ်နိုင်ဘဲ ရှုံးနေတာတွေ့ရပါတယ်။ တိုင်းမှူးပြောင်းဖို့အချိန်ဖြစ်ပေမယ့် မပြောင်းရဲခဲ့ပါ။

တိုင်းရင်းသားများအနေနဲ့က မအလကိုဖိအားပေးနိုင်မှ မိမိနယ်ကိုပြန်ရမယ်ဆိုတာ သဘောပေါက်ပါ။ မြို့ပျက်ရင် ပြင်ရပါတယ်။ မအလတပ်အုပ်ချုပ်ရင် ရေရှည်ပျက်စီးမှာပါ။ ဒုတိယကမ္ဘာစစ်မှာ မြို့တွေပျက်ပါတယ်။ သူတို့ အသစ်ပြန်ဆောက်ကြရပါတယ်။ အချို့ကိစ္စတွေက ဖက်ဆစ်စနစ်အမြစ်ပြတ်ဖို့ ပေးဆပ်စရာတွေကရှိမှာပါ။ တိုင်းရင်းသားပြည်သူများကလဲ မိမိတိုင်းရင်းသားတပ်နဲ့အတူ ရပ်တည်ပြီး ဒီစနစ်ကိုအန်တုပါလို့သာ ပြောပါရစေ။ ဒီအချိန်မှာ စစ်နယ်မြေထဲက မျိုးမတူတိုင်းရင်းသားများကလဲ ဖက်ဆစ်စနစ်အမြစ်ပြတ်ဖို့ ဝန်းရံကြပါ။ မအလနဲ့ မီဒီယာကသွေးထိုးတဲ့ လူမျိုးရေးမှာ မပါမိပါစေနဲ့။ မိမိလူမျိုးတပ်မဟုတ်လို့ တော်လှန်ရေးမှာမပါရင် မအလက သင့်ကို ဖယ်ဒရယ်ပေးမှာမဟုတ်ပါ။ အားလုံးညီတူချီတက်ရင် ပန်းတိုင်က မဝေးပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Dec 27, 2023

လွန်ခဲ့တဲ့ ၇ နှစ်က အငြိမ်းစား ဥပဒေကို ချိုးဖောက်ပြီး ရာထူးကို တရားမဝင် သိမ်းပိုက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘယ်သူကမှ အရေးယူဝံ့ လဲ။

ပြဿနာက အဲဒီကတည်းက စခဲ့တာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page