top of page
Search

အဘထက်ဆိုးသော ဖွတ်နဲ့တူသော ဓာတ်ခဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 13, 2019
  • 1 min read

အဘထက်ဆိုးသော ဖွတ်နဲ့တူသော ဓာတ်ခဲ

ဓာတ်ခဲက လက်နက်ကိုင်တိုက်တော့ သူ့ထောက်ခံသူတွေလဲရှိနိုင်ပါတယ်။ သူ့လူမျိုးထဲက အချို့ပေါ့။

နောက်ပိုင်းမှာ တပ်ထောက်ခံသူတွေ၊ တပ်ထွက်တွေ၊ အခြားပါတီက ရခိုင်လူမျိုး အလုပ်အမှုဆောင်တွေ အသတ်ခံခဲ့ရပါတယ်။ ဘယ်သူသတ်တာလဲ ဝင်ခံသူမရှိခဲ့ပါ။ တပ်က အသတ်ခံရသူများ တပ်နဲ့နီးစပ်သူများကိုတော့ တပ်က ပြန်မသတ်တာ သေချာပါတယ်။

နောက်ပိုင်း ရဲစခန်းကိုဝင်တိုက်တာ၊ မိုင်းခွဲတာတွေလုပ်လာပါတယ်။ ဒါကလဲ ရဲက တပ်ကို ကူညီလို့ ဘာညာဆိုပြီး အကြောင်းပြပါတယ်။ ထားလိုက်ပါ။ နောက် ရခိုင်လူမျိုး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို မိုင်းခွဲတာကအစ နည်းမျိုးစုံနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။

နောက်မြောက်ဦးဘက်မှာ လှုပ်ရှားဖို့ကြိုးစားရာမှာ တပ်ကကြိုပစ်လို့ သူတို့မလှုပ်ရှားဘဲ တပ်က အရူးထပြီး ပစ်သရောင်နဲ့ ရူးချင်ယောင်ဆောင်သွားခဲ့ပါတယ်။

နောက်ပိုင်း တပ်ကားတန်းကို မိုင်းစွဲပြီး ရွာထဲဝင်ပြေးတယ်။ လိုက်ပစ်ရင် ရွာသားသေတယ်လို့ ဝိုင်းအော်ပါတယ်။ သူ့လူမျိုးတွေကို တပ်ထွက်ဆိုသတ်ပြီး လူတွေကြောက်အောင်လုပ်ပါတယ်။

ဒါတွေအားလုံးမှာ သူလုပ်ရတဲ့ အခြေခံအကြောင်းက အမှန်ဆိုပြီး ဓာတ်ခဲပြောတာယုံတယ်လို့ ထားလိုက်ပါ။

ယခုဦးဝှေ့တင်းကိုဖမ်းတယ်။ တပ်နဲ့ဆက်သွယ်လို့ဆိုပြီး အကြောင်းပြတယ်။ သူက NLD အမတ်။ ဒီသီအိုရီက အစကထဲက မှားနေတယ်။ ဖွတ်အမတ်ဆိုရင်တော့ လက်ခံလို့ရတယ်။ တပ်နဲ့ နီးစပ်လို့။သူက ဘယ်ဖွတ်အမတ်ကိုမှ မဖမ်းသေးဘူး။

မနေ့က ဘူးသီးတောင် NLD ဥက္ကဌကို DASSK ကိုထောက်ခံပွဲလုပ်လို့ ဖမ်းတယ်ဆိုတာက သူတို့ရဲ့အကြမ်းဖက်အဖွဲ့လုပ်ရပ်ကို ပိုပြီးသိသာလာစေပါတယ်။ ယခုဟာ ဖမ်းချင်လို့ဖမ်းတာ ဖြစ်လာပါပြီ။အဘကတောင် ခြေဥပွဲသာ ဖမ်းပါတယ်။

ဒီနေရာမှာ အစိုးရက ဦးအေးမောင်ကိုဖမ်းတာ၊ ဓာတ်ခဲအမျိုးတွေကိုဖမ်းတာရှိပါတယ်။ သူတို့ကို ဘာဥပဒေနဲ့ဖမ်းကြောင်းပြောသလို သူတို့မိသားစုတွေနဲ့ အစပိုင်းမှာ ပေးမတွေ့ခဲ့ရင်တောင် ယခုတွေ့နေရပါတယ်။ သူတို့ဟာ တရားသူကြီးရှေ့မှာ အစစ်ခံနေရတာပါ။

ယခုဆိုရင် ဦးဝှေ့တင်ရော ၊ NLD ဘူးသီးတောင် ဥက္ကဌရောဟာ ဘယ်သူနဲ့မှ မတွေ့ရပါ။ အခြားအကျဉ်းသားတွေလဲ ရှိပါတယ်။ ဒါက ဓားမြတွေ အကြမ်းဖက်သမားတွေရဲ့ လုပ်ပုံနဲ့ သွားတူနေပါတယ်။ နောက်ပိုင်းမှာ ဓာတ်ခဲရဲ့ ဘင်္ဂါလီသဘောထား၊ ICJ သဘောထား၊ လက်ရှိငြိမ်းချမ်းရေးလုပ်နေတဲ့ အစိုးရအပေါ်သဘောထားက အဆိုးမြင်ပြီး အများစုက ဖွတ်တွေနဲ့ သွားတူနေတာတွေ့ရပါတယ်။

ဓာတ်ခဲဟာ အဘထက်ဆိုးနေလား ဒါမှမဟုတ် ဓာတ်ခဲဟာ ဖွတ်လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

News Credit: Irrawaddy

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page