top of page
Search
အဘတွေလိုမကြောက်တတ်သူ
Writer's picture: Myat Tun OoMyat Tun Oo
အဘတွေလိုမကြောက်တတ်သူ
ဒေါ်အောင်ဆန်းစုကြည်ကိုအနောက်တိုင်းသတင်းထောက်တွေမေးလေ့ရှိတာကမြန်မာပြည်မှာရိုဟင်ဂျာလူမျိုးရှိလားပေါ့။သူမကတိုက်ရိုက်ဖြေလေ့မရှိပါဘူး။ဒါကိုဖွတ်တွေ၊မဘသတွေကတပ်ချုပ်ကမရှိဘူးပြောတယ်။ဒေါ်စုကမဖြေဘူးဆိုပြီးပြောလေ့ရှိပါတယ်။ပြဿနာကလူမျိုးနာမည်မဟုတ်ဘဲမြန်မာပြည်ရဲ့ဂေါက်ကြောင်၁၉၈၀ဥပဒေကြောင့်အဲ့ဒီနာမည်ဟာအရေးကြီးနေတာပါ။ဒါကထားလိုက်ပါ။
ယခုယခင်အင်္ဂလိပ်ဝန်ကြီးချုပ်ကမ်မရွန်းရဲ့‘For the record’ စာအုပ်ထွက်လာခဲ့ပြီးအဲ့ဒီမှာသူကDASSK ကထိုရိုဟင်ဂျာဆိုသူများဟာဘင်္ဂါလီလို့ပြောကြောင်းဒါကြောင့်စိတ်ပျက်မိကြောင်းရေးထားပါတယ်။ဒါကဘာကိုပြသလဲဆိုတော့မိမိတိုင်းပြည်အတွက်မှန်တယ်ထင်တာကို ဘယ်နိုင်ငံခြားသားကိုမှ မကြောက်ဘဲအားမနာဘဲအမှန်ကိုပြောတတ်တာကDASSK ရဲ့အရည်အချင်းပါ။
ဒီနေရာမှာအင်္ဂလိပ်ဟာမြန်မာပြည်မှာမြန်မာစကားမတတ်တဲ့ဘင်္ဂါလီတွေကိုလူ့အခွင့်အရေးအကြောင်းပြလက်ခံခိုင်းပေမယ့်သူ့တိုင်းပြည်နဲ့အမေရိကန်မှာနိုင်ငံသားစာမေးပွဲအောင်မှ နိုင်ငံသားပေးသလိုပြင်သစ်မှာမာမူ့ဘာသာဝင်အမျိုးသမီးကနိုင်ငံသားပေးအပ်ပွဲမှာလက်ဆွဲနုတ်ဆက်ဖို့ငြင်းဆိုလို့နိုင်ငံသားမပေးခဲ့ပါ။
ထို့အတူပါဘဲဘင်္ဂါလီအရေးကိုအော်နေတဲ့ဘီဘီစီရဲ့သခင်အင်္ဂလန်ဟာမာမူဘာသာဝင်တူရကီကဥရောပသမဂ္ဂဝင်နိုင်တယ်ဆိုတဲ့ဂျင်းစကားနဲ့တောင်လူယဉ်ကျေးလိုလူ့အခွင့်အရေးပြောတဲ့နိုင်ငံကဥရောပကခွဲထွက်ဖို့မဲပေးခဲ့ပါတယ်။
ဒီနေရာမှာဘီဘီစီနဲ့မာမူများဟာDASSK ကိုဘဲတရားစွဲခံရနိုင်သလိုရေလာမြောင်းပေးလုပ်တာတွေ့ရပါတယ်။တကယ်ကDASSK နောက်မှာခြေဥအရတပ်မရှိလို့ဘာမှလုပ်လို့မရပါ။ကမ္ဘာပေါ်မှာသူမထက်သိသာတဲ့အီရတ်ကိုဝင်တိုက်လို့လူသေမှုနဲ့ဘုရ်ှနဲ့အင်္ဂလိပ်ဝကခဟောင်းတိုနီဘလားတို့ဟာစွဲစရာရှိရင်အရင်ခံရမှာပါ။
ယခုလက်ရှိအိန္ဒိယဝန်ကြှးချုပ်မိုဒီဟာမူစလင်၂၀၀၀ကျော်ဘာသာရေးကြောင့်သေဆုံးမှုကိုသူပြည်နယ်ဝန်ကြီးချုပ်လက်ထက်၂၀၀၂ခုနှစ်ဖေဖော်ဝါရီမှာဖြစ်ခဲ့ပါတယ်။သူ့ကိုအဲ့ဒီအချိန်ကဥရောပရော၊အင်္ဂလိပ်ရော၊အမေရိကန်ရောဗီဇာပိတ်ခဲ့ပါတယ်။ဒါပေမယ့်အင်္ဂလန်ဟာသူအန္ဒိယနိုင်ငံရဲ့ဝကခဖြစ်လာချိန်မှာဗီဇာတားမြစ်မှုတေံကိုဖျက်ပေးခဲ့ပါတယ်။အမေရိကန်ကလဲထို့အတူလိုက်လုပ်ပေးခဲ့လို့မနေ့ကဘဲသူအမေရိကားမှာထရမ့်ကြီးနဲ့ပြုံးလို့ပါ။
ဒါရေးလို့အမေရိကန်ဆန့်ကျင်ရမယ်၊အင်္ဂလိပ်ဆန့်ကျင်ရမယ်၊တရုတ်ဆန့်ကျင်ရမယ်မဟုတ်ပါ။
ဆိုလိုချင်တာကပြဿနာတွေကိုရှင်းရာမှာDASSK လိုပြောစရာရှိရင်တရုတ်ကိုလဲပြောအင်္ဂလိပ်ကိုလဲပြောပြီးမိမိလုပ်စရာရှိတာကိုမျိုးချစ်စိတ်ဘာညာအာမခြောင်ဘဲလုပ်တတ်ဖို့ပါ။အဘတို့ကတော့အမျိုးဘာသာသာသနာအော်ရင်းတရုတ်ကအိမ်ဦးတက်သွားတာပါ။
တိုင်းပြည်မှာ၂၀၂၀မှာဆက်လိုတာကမိမိတိုင်းပြည်ကိုလက်တွေ့ကာကွယ်နေမယ့်DASSK ဦးဆောင်တဲ့NLD အစိုးရပါ။
Zawgyi version
အဘေတြလိုမေၾကာက္တတ္သူ
227 views0 comments
Recent Posts
See All
For Mr Marco Rubio
ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...
အရပ်သားသာအဓိက
အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page