top of page
Search

အဘတို့ရဲ့ မဟာဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 8, 2020
  • 1 min read

ပြည်မမှာက ပုံမှန်ဆိုရင် ဖွတ်ပါတီနာမည်နဲ့က သိကြားမင်းဆင်းပြီး မဲဆွယ်ရင်တောင် မနိုင်မှန်း အဘတို့သိပါတယ်။ ဒါကြောင့် တပ်ကလူတွေကို အငြိမ်းစားသာပေးပြီး အလယ်အလတ်သမားတွေကို တိုင်းစစ်ဌာနချုပ်တွေမှာ နေရာအသစ်ဖန်တီးပြီး နေရာပေးလိုက်တာပါ။ တပ်ထဲမှာ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ တပ်ခွဲအဆင့် စရဖက ဖွဲ့ထားပါတယ်။ သတင်းတပ်ဖွဲ့က သတင်းတွေဟာ နယ်လုံဝန်ကြီးတွေကတဆင့် ဝန်ကြီးချုပ်တွေထံမသွားဘဲ စရဖကို သွားပါတယ်။


ဒီပြည်မမှာက ပြည်ထောင်စု ကောင်းကျိုးဆောင်၊ PPP၊ ကိုကိုကြီးပါတီ၊ အလုပ်သမား၊ လယ်သမား၊ကျောင်းသားပါတီတွေနဲ့ NLD မဲမရအောင် ခွဲယူဖို့ပါ။ ဒါပေမယ့် ဒီဗျူဟာက NLD အားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးက နေရာအများစုမှာ အလုပ်မဖြစ်နိုင်ပေမယ့် တပ်ထိုင်ထားတဲ့မြို့နယ်နဲ့ ဆိပ်ကမ်းလို အတွေးအခေါ်ရှိတဲ့ ဝန်ထမ်းမြို့တွေမှာ NLD ကိုထောက်ခံသူက မဲလာမပေးခဲ့ရင် နိုင်နိုင်မယ်လို့ အဘတို့က မျှော်လင့်ထားပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ရဲ့ အဓိကပစ်မှတ်ကလယ်သမားတွေပါ။ ကိုကိုကြီးက ၈၈ ထဲက NLD ကို မကြိုက်သူများရဲ့မဲကို ရည်ရွယ်ထားပြီး PPP ကသူ့ကို ပညာတတ်တွေက မဲပေးမယ်လို့ ထင်ထားပါတယ်။ အိပ်မက်ဆိုတာကတော့ လွတ်လပ်စွာ မက်ပိုင်ခွင့်ရှိပါတယ်။


ပြည်နယ်တွေမှာတော့ NLD ကလွဲရင် တက်သမျှတိုင်းရင်းသားကို မြှောက်ပေးပြီး ထိုအဖွဲ့များနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ မျှော်လင့်ထားပါတယ်။ အာဏာရူးတဲ့ တိုင်းရင်းသားပါတီအချို့ကလဲ NLD ပြုတ်ရင်ပြီးရောလုပ်လာတာတွေ့ရလို့ အဘက ဝမ်းသာနေပါတယ်။


ဒီဗျူဟာနဲ့ အဆင်မပြေရင် သမိုင်းမသိတဲ့ လူငယ်တွေကို ယုတ်ဖွတ်ခွေးလေးနဲ့ ချစ်ရင်အားလုံးကအဆင်ပြေမလို ဂျင်းထည့်ဖို့ ကြိုးစားပါမယ်။


ဒီဗျူဟာတွေအားလုံး အဆင်မပြေခဲ့ရင် နောက်ဆုံးက မဲလာမပေးအောင် မဲစာရင်းမှားပြီး လူတွေစိတ်ပျက်အောင် အဘကအောင်းထားတဲ့ အတွင်းလူ အပြင်လူတွေနဲ့ မဲမပေးဖို့စည်းရုံးတာ မဲစာရင်းမှားအောင်လုပ်တာတွေနဲ့ လုပ်ဖို့ပါ။


အချို့နေရာတွေမှာ NLD က ကိုယ်စားလှယ်အသစ်တွေကို နိုင်ငံတွင်း ၁၀ နှစ်မနေတာနဲ့ အခြားဥပဒေများနဲ့ ပယ်နိုင်ရင် ပယ်ရအောင် ပြည်ထဲရေးက စောင့်ကြည့်နေပါတယ်။ NLD က ဒါိကုသိပြီး အချို့ကိုပြန်ပြင်ခဲ့လို့ အချိန်မှီသွားခဲ့ပါတယ်။


ကျန်တာကတော့ ယခုအချိန်မှာ တပ်မဲစာရင်းကို ရွေးကော်ကို ပို့ပြီးပါပြီလား? သတင်းသမားများလိုက်ကြပါ။ စာရေးသူ မနေ့ညကအထိတော့ တပ်က ရွေးကော်ကို မဲစာရင်းမပို့သေးပါ။ ဥပမာ ရခိုင်ကမြောက်ဦးမှာ စစ်ဘေးရှောင်က မြို့ထဲက ထွက်ပြေးချိန်မှာ တပ်ကမဲပေးမည့်သူ များလာနေပါပြီ။ သူ့က ဒီလူဦးရေကို ကြည့်နေပါတယ်။


စာရေးသူက သူ့ရဲ့ မဟာဗျူဟာကိုသာ ရေးပြတာပါ။ နည်းဗျူဟာကတော့ မထပ်အောင်လာပါလိမ့်မယ်။


၈၈ နှစ်ပတ်လည်မှာ တော်လှန်ရေးက မပြီးသေးဘူးဆိုတာကို မမေ့ကြပါနဲ့။ မဲစာရင်းစစ်ကြပါ။ မဲထွက်ပေးပါ။

Cartoon credit: ဖောင်းဖောင်း

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Aug 08, 2020

ဒီကောင့်ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။

Like

Sunny Aung
Sunny Aung
Aug 08, 2020



ကိုမြတ်ထွန်းဦးရေ.. ယုန်အရူး ပြီးသွားတော့.. အခု ခွေးရူး ဌေးအောင်ကို စိတ်ကြွဆေးထိုးပေးပီး လွှတ်လိုက်ပြန်ပြီ.. counter-attack မဟာဗျူဟာတွေ ရေးပါဦး..

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page