top of page
Search
  • Writer's pictureMyat Tun Oo

အဘတို့ရဲ့ တပ်မတော်သားတွေအတွက် ကိုဗစ်ဆေးစေတနာ


NLD အစိုးရဟာ အင်မတန်မှ မေတ္တာထားတတ်တယ်ဆိုတာ ယခင်ကရေးပြီးသားပါ။ ဘယ်လောက်အထိ မေတ္တာရှေ့ထားလဲဆိုရင် သာဝက ဒီလောက်ကန့်လန့်တိုက်နေတဲ့ကြားထဲက တပ်မတော်ဆေးတပ်က သူနာပြုတွေ စစ်ဆေးဆရာဝန်တွေအတွက် အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးထဲက ခုနှစ်သောင်းကို ချပေးလိုက်ပါတယ်။ လူ သုံးသောင်းငါးထောင်ကို ထိုးပေးနိုင်ဖို့ပါ။ DASSK ရဲ့ စိတ်ထားကတော့ သာမန်လူမထားနိုင်ပါ။

ဒါဆိုရင် စစ်ဆေးဆရာဝန်တွေ၊ သူနာပြုတွေ၊ စစ်ဆေးနဲ့ ဆက်စပ်သူတွေ ပျော်ရမှာပါ။ ဒါပေမယ့် သူတို့ဒီနေ့ မပျော်နိုင်ခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးများကို လူကြီးများအား အပွင့်ကြီးမှသည် အစဉ်လိုက်စထိုးပေးနေခြင်းပါ။ ဒီအထိက လက်ခံနိုင်ပါသေးတယ်။ကြံဖန်ပြီးပေါ့။ သူက အဲ့ဒီထက်လွန်လာပြီး သူတို့အိမ်က ထမင်းချက်၊ ဒရိုင်ဘာအထိ ဆေးထိုးပေးပြီးဆေးတပ်က အောက်ခြေဝန်ထမ်းများကိုတော့ ရုရှားနဲ့ တရုတ်က လက်ဆောင်ရတာကို ထိုးပေးမည်ဖြစ်ကြောင်း ပြောလိုက်တာပါ။ ဒါ့ကြောင့် အပြင်က ကျန်းမာရေးဝန်ထမ်းတွေ ဒီနေ့မှာ ကာကွယ်ဆေးစထိုးရပေမယ့် စစ်ဆေးဆရာဝန်တွေ၊ သူနာပြုတွေကတော့ နိုင်ငံတော်ကပေးတဲ့ဆေးကို သာဝက ဖြတ်ယူသွားလို့ မထိုးရသေးပါကြောင်း တင်ပြလိုက်ပါသည်။

တရားမျှတခြင်း၊ သာတူညီမျှခြင်းဟာ သာဝရဲ့ လက်အောက်မှာမရှိတာက ဒီနေ့သူနာပြုဆရာမလေးဆေးထိုးတာနဲ့ ကွာခြင်းတိုင်း ကွာနေပါတယ်။

(Note to Facebook: This is the article about Senior General Min Aung Hlaing who is banned by Facebook and accused by ICJ for ethnic cleansing. This article is about the misuse of COVID vaccination provided by the civilian government for medics in the army. He used this government vaccination for his senior officers, their drivers and chefs. He gave COVID vaccine from Russia and China to those medics instead of giving actual vaccination.)

3,732 views1 comment

Recent Posts

See All
bottom of page