top of page
Search

အဘတို့ ရွေးကောက်ပွဲမှာ နိုင်နိုင်လား?

Writer: Myat Tun Oo
Myat Tun Oo
Aug 12, 2020
1 min read

Updated: Aug 13, 2020


မနေ့က ဖွတ်ကအမတ်လောင်းတွေစာရင်း ထွက်လာပါပြီ။ အဲ့ဒီကနေ ဘာပြလဲဆိုတော့ တပ်ဟာ ၂၀၁၅ကလို အလုံးအရင်းနဲ့ ဖွတ်ပါတီကို မဝင်တော့ဘူးဆိုတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဖွတ်ပါတီဟာ မနိုင်နိုင်မှန်းသိသွားကြပါပြီ။ ယခင်က ခိုင်းလို့လုပ်ရတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့၊ ရေတပ်ကဗိုလ်ချုပ်ကြီးဉာဏ်င်းထွန်းတို့ဆို နားသွားပါပြီ။


ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဇေယျာသီရိမှာပါ။ ဖွတ်သန်းဌေးဝင်းပြိုင်မှာဖြစ်ပြီး အဲ့ဒီနေရာမှာ PPP က ဗိုလ်ကြီးဟောင်း ဒေါ်အေမီဇင်ဝင်းကို အမတ်အဖြစ်တင်ပါတယ်။ စရဖက သူမကိုလာစစ်ပြီး သူ့ယောင်္ကျား စစ်ဆေးကဗိုလ်မှူးကို တိုင်းမှူးက ဝင်မပြိုင်ဖို့ ခေါ်သတိပေးပါတယ်။ အဆိုပါနေရာဟာ တပ်အမာခံနယ်ပါ။ တပ်တွေအများကြီးကိုလဲ ရှိရှိ မရှိရှိ စာရင်းလုပ်ထားပါတယ်။ အဘတို့စိုးရိမ်တာက တပ်ထဲကလူတွေက အစိမ်းချင်းမှားပြီး ဖွတ်သန်းဌေးကို မဲမပေးဘဲ PPP ကို မဲသွားပေးမှာစိုးလို့ပါ။ သူ့ယောင်္ကျားကလဲ တပ်ထဲကမိုလို့ အထဲကလူတွေက မှားပေးပြီး သူတို့မဲကွဲမှာ စိုးလို့ပါ။ အဲ့ဒီလောက်ကို အဘက ပြင်ထားပါတယ်။


ဒီ ၂၀၂၀ ဟာ သူတို့အတွက်နောက်ဆုံးတိုက်ပွဲပါ။ ရွေးကောက်ပွဲမှာ ပုံမှန်နည်းလမ်းနဲ့ကတော့ နိုင်ဖို့မလွယ်ပါ။ ဒီနေရာမှာ သတင်းသမားအများစုကပြောတာက NLD နိုင်ပါ့မလားပေါ့။ စာရေးသူကတော့NLD ဟာ တိုင်းတွေမှာ ယခင်ကထက်တောင် အမတ်နေရာများနိုင်ပါတယ်။ မဲများတာကို မပြောပါ။ဘာလို့လဲဆိုတော့ မင်းကင်းတို့ ဇီးကုန်းတို့က ဖွတ်အမတ်တွေကို အာဏာရှိသူဆိုတဲ့အရှိန်နဲ့ မဲပေးခဲ့တာပါ။ ယခုက ဖွတ်တွေအာဏာမရှိတော့လို့ အဲ့ဒီလို အရှိန်ကြောင့်ရတဲ့မဲဟာ တပ်မဲကလွဲပြီး မရှိနိုင်တော့ပါ။


NLD ရှုံးနိုင်တာက ရခိုင်နဲ့ရှမ်းပါ။ ဒါပေမယ့် ရခိုင်မှာ ALD ကသာ နိုင်ခဲ့ရင် ကိုအေးမောင်တို့ထက်တော့အဆင်ပြေမှာပါ။ ရှမ်းမှာလဲ ယခင်လောက်တော့ ဆက်နိုင်မယ်လို့ထင်ပါတယ်။ အဘတို့ဟာ သူတို့တွေနိုင်မယ်သေချာရင် နေရာလုနေပါပြီ။ သူတို့လဲသိပါတယ်။


မဲစာရင်းမှန်ဖို့နဲ့ မဲထွက်ပေးဖို့သာလိုပါတယ်။ Go out and vote ပါ။




 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page