top of page
Search

အဘတို့ငြင်းအပြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 11, 2023
  • 1 min read

လိုင်ဇာကိုတိုက်တာဟာ မတော်တဆမဟုတ်ပါ။ စာရေးသူရေးအပြီးမှာ အချို့ကလဲ မဟုတ်ပါ မလုပ်ပါလို့ အဘကိုယ်စား ငြင်းကြပါတယ်။ ဇော်မဲလုံးကိုယ်တိုင်က ငြင်းပါတယ်။ ယခုညပိုင်းမှာ ထပ်ပြီး ဗုံးကြဲပါတယ်။ လိုင်ဇာအစပ် အောင်ဂျား သူ့အနားပေါ့။ ဆီးရီးယားမှာ ဓာတုလက်နက်သုံးလဲ အာဆတ်က ဝန်မခံခဲ့ပါ။

မနေ့က ပဲခူးရေကြီးလဲ သူလုပ်တာ မဟုတ်ပါဘူးလို့ ဆက်ရှင်းပါတယ်။ ငြင်းပါတယ်။ ဘောမတွေကလဲ မဟုတ်ပါဘူးပေါ့။ အချို့ကဆိူ ဆရာ့သတင်းတွေမှားပါတယ်ပေါ့။ ရုရှားကလဲ ယူကရိန်းကမြို့တော်ရေကြီးတော့ ဝန်မခံခဲ့ပါ။ ဒီနေရာမှာ ဖောက်ချတာနဲ့ ပေါက်တာကို မပြင်ဘဲ တမင်လွှတ်ထားတာကလဲ ရာဇဝတ်မှူပါ။ NLD လက်ထက်ဆို ဘောမတွေကညအသေအော်မှာပါ။ ဆေကိန္ဒကလဲ စိုးရိမ်မှာပါ။ ယခုတော့ ဘယ်သူမှ လာမကယ်ပါ။

မောင်မောင်အေးက ရုရှားကစစ်ရေးပြပွဲတွေတက်ပြီး ညစ်နည်းမှန်သမျှ လေ့လာထားပါတယ်။ နောက်ပြိး ယခင်ကလိုမဟုတ်ဘဲ လေတပ်ကိုသုံးရတာက လွယ်နေလို့ သူကသုံးမှာပါ။ ခေါင်းဆောင်တွေစုတဲ့နေရာပစ်တာ ရဟတ်ယာဉ်နဲ့ ကွန်မန်ဒိုနဲ့ဆင်းတိုက်တာကို ရုရှားတွေနဲ့ နေပြည်တော်မှာလဲ ကျင့်နေတာပါ။ အခြားရုရှားညစ်နည်းတွေရောပါ။

အရေးကြီးတာက ရန်သူက မလုပ်ရဲတာ ဘာမှမရှိပါဘူးဆိုတာ သိဖို့နဲ့ ပြင်တင်ဖို့ပါ။ KIA/KNU အနေနဲ့ NUG နဲ့ ယခုထက်ပိုပူးပေါင်းဆောင်ရွက်ပြီး NUG အောက်က PDF ကိုသာ လက်နက်ထောက်ပံ့ပြီး ရန်သူရဲ့ ဗဟိုချက်ကို ပြန်တိုက်နိုင်ပါစေ။ ကုလကတော့ ကမ္ဘာ့ဘယ်နေရာမှာ ဘာဖြစ်ဖြစ် ဝမ်းနည်းတာသာ လုပ်မှာပါ။ ပြည်သူသာအဓိကပါ၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page