top of page
Search

အဘတပ်တွင်းကပြဿနာ

Writer's picture: Myat Tun OoMyat Tun Oo

အဘတပ်တွင်းကပြဿနာ

မအလတပ်က တူရာတူရာတွေစုပြီး ဖွဲ့ထားတယ်ဆိုတာ အားလုံးသတိထားမိမှာပါ။ သူ့ရဲ့အခြေခံက ခိုးလို့ရမယ်ထင်ပြီး စစ်တပ်ထဲဝင်လာကြတာပေါ့။ မအလစစ်တပ်ကို ပြိုကွဲဖို့က အမေရိကန်ကသေအောင် စီးပွားရေးပိတ်ဆို့လဲ ဘာမှမဖြစ်ပါဘူး။ ကုလက ကြေညာချက်ထုတ်ပြီး သေသွားရင်တောင်မှ မအလက အပြုံးပျက်မှာ မဟုတ်ပါ။ အချို့ကိစ္စတွေက သံရုံးတွေကစုပြီး စာထုတ်လဲ မအလက အေးဆေးပါ။

သူ့တပ်အားလုံးကို စုစည်းညီညွတ်ဖို့လုပ်ထားတဲ့အရာက ခိုးလို့ရတာပါ။ ခိုးဖို့အခွင့်အရေးလေးတွေရနေတာပေါ့။ ခိုးတာကိုမိသွားရင်လည်း ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်လေးတော့ နေရပါသေးတယ်။ ဥပမာမိုးမြင့်ထွန်းကိုကြည့်မလား ခင်ညွန့်တို့ကိုကြည့်မလား။ ထောက်လှမ်းရေး‌ ဟောင်းသူခိုးတွေကိုကြည့်မလားပေါ့။

ခင်ညွန့်တို့ပြဿနာဖြစ်တာကလည်း ခိုးဖို့စမံခုတ်ရင်း ထောက်လှမ်းရေးနဲ့ဘ‌ရွှေတပ် ဖြစ်ကြတာပါ။ တိုက်ပွဲမှာ လူတွေသေပေမယ့်ဒါကအကြီးအကျယ် မထိခိုက်သေးပါ။ ရှေ့တန်းကိုပို့ခံရတဲ့ လူတွေကတော့ပြဿနာရှိတာပေါ့။

ယခု မအလအုပ်ချုပ်ရတဲ့နေရာတွေက အကြီးအကျယ်နည်းလာတာကိုအားလုံးသတိထားမိမှာပါ။ ရန်ကုန်နဲ့နေပြည်တော်မှာသာ စီမံကိန်းတွေအတည်ပြုနိုင်ပြီး ဧရာဝတီကလည်းမသေချာ ရခိုင်ကလုံးလုံးရှုံး မန္တလေးမှာတောင်ခပ်လှုပ်လှုပ်ပါ။ စစ်ကိုင်းနဲ့မကွေးမှာ ဘယ်စီမံကိန်းမှအတည်ပြုလို့မရတာ အားလုံးသိမှာပါ။ ဘာမှသူ့ကိုဝိုင်းမတိုက်တဲ့ ရှမ်းအ‌ရှေ့နဲ့ ရှမ်းတောင်မှာတော့ စီမံကိန်းအချို့ အတည်ပြုလို့ရနိုင်တာ ရှိပါသေးတယ်။ ယခင်ဘရွှေလက်ထက်က တစ်တိုင်းပြည်လုံး တစ်ရာရခိုင်းနှုန်းစီမံကိန်းတွေအတည်ပြုပြီး ခိုးနိုင်တယ်ဆိုရင် ယခုကရန်ကုန်နဲ့နေပြည်တော်သာစီမံကိန်းကိုအတည်ပြုလို့ရနိုင်မှာပါ။ တစ်နည်းအားဖြင့်ခိုးနိုင်တဲ့နေရာအလွန်နည်းသွားတာတွေ့ရပါတယ်။ ဥပမာရန်ကုန်မန္တလေးလမ်းမကြီးပေါ်မှာ ဆိုလာစီမံကိန်းလုပ်ဖို့ စီမံကိန်းကို တင်ဒါခေါ်တယ်ဆိုပါစို့။ သူကရန်ကုန်မန္တလေးလမ်း‌တောင် ထိန်းချုပ်မှုမရှိတာ အဆိုပါစီမံကိန်းတွေကိုဘယ်လိုလုပ် လုံခြုံရေးပေးနိုင်မှာပါလဲ။ ထို့အတူပါပဲဧရာဝတီမြစ်တစ်လျှောက်ကိုရည်ကာတာတွေ စီမံကိန်းအတွက်တင်ဒါခေါ်တယ်ဆိုပါစို့။ သူကအဲဒီမြစ်ရိုးတလျှောက် ဘယ်လိုလုံခြုံရေးပေးနိုင်မှာပါလဲ။ ဒါတွေကနယ်မြေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့် ခိုးလို့မရလို့ ပြဿနာတွေ ဖြစ်လာပါပြီ။ ရှင်းရှင်းပြောရင် စားကွက်ကနည်းလာတာပေါ့။

ဒါဆိုရင်ရန်ကုန်မြို့နေပြည်တော်တို့လိုမြို့ကြီးတွေမှာခိုးမယ်လို့တွေးလိုက်ပါ။ လုပ်စားစရာကဆိုလာရယ် မီးစက်ရယ် ဘက်ထရီရယ် လျှပ်စစ်ကားရယ်ပဲရှိပါတယ်။ အဲဒီဘက်မှာခိုးဖို့ကလည်း မအလသားသမီးတွေကခိုးဖို့ နေရာယူထားပြီးလို့ ကျန်တဲ့လူခိုးဖို့က ဂွင်နည်းသွားပါတယ်။

ယခုအောက်ခြေမှာခိုးဖို့ အခွင့်အ‌ရေးကျန်တာက ပေါ်တာဆွဲတာ စစ်သားအသစ်စု‌ဆောင်းရာမှာ ငွေညစ်တာ၊ လမ်းမှာပိတ်စစ်ပြီး ငွေကြေးတောင်းတာ နှစ်လုံး သုံးလုံးဒိုင်ဆီက ပိုက်ဆံတောင်တာ၊ မူးယစ်ဆေးသမားဆီကပိုက်ဆံ တောင်းတာ၊ ဖာခန်းဖွင့်တဲ့ဟာတွေဆီက ပိုက်ဆံတောင်းတယ်ဆိုတဲ့အသေးအမွှား ယခင်ရဲတွေလုပ်တဲ့ အလုပ်တွေဆီကသာ စရဖက ပိုက်ဆံတောင်းနေရပါတော့တယ်။ သာမန်အခြားတပ်သားတွေအတွက် ခိုးဖို့အခွင့်ကနည်းလာ‌နေပါတယ်။

တော်လှန်ရေးစခါစမှာ စစ်ကိုင်းကရွာဝင် မီးရှို့ အိမ်တွေကခိုးဘာညာကိုတတွင်တွင်ကျယ်ကျယ် လုပ်နိုင်ခဲ့ပေမယ့် ယခုစစ်ကိုင်းကလည်းလက်နက်ကိုယ်စီနဲ့မို့လို့ ယခင်ကလို စစ်ကြောင်းထိုခိုးဖို့ မလွယ်တော့ပါ။ ဒါက သူခိုးများစုနေတဲ့ တပ်တွင်းမှာ ခိုးလို့မရလို့ဖြစ်လာတဲ့စားဝတ်နေရေးပြဿနာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ယခင် NUGက စစ်တပ်ထဲကလူတွေကို ဩစီပို့ပေးမယ်ဆိုပြီးဘက်ပြောင်းခိုလှုံဖို့ခေါ်တာတောင်မှသိပ်လာချင်သူမရှိခဲ့ပါ။ ဒါကခါးသီးတဲ့အမှန်တရားပါ။ ယခုပြီးခဲ့တဲ့ခြောက်လပိုင်းလောက်မှာတော့ လက်နက်ချစစ်တပ်ထဲမှာလက်နက်ချအလင်းဝင်သူတွေက ဝင်လာမစဲ တစ်သဲသဲဖြစ်နေတာကိုတွေ့ရပါတယ်။ NUG အနေနဲ့ထမင်းကျွေးနိုင်ဖို့တောင်မှ လှုပ်ရှားနေရပါပြီ။ ဒါက ထင်ရှားတဲ့အမှန်တရားတစ်ခုပါ။ ယခု NUGထံ အလင်းဝင်လာတဲ့သူတွေက ယခင်ကထက် လက်နက်တွေပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သယ်လာတာကိုလည်းတွေ့ရပါတယ်။

ဒါတင်လားဆိုတော့မဟုတ်သေးပါ။ မအလက NUGကတော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့တာ နှေးနေလို့အားရပုံမရပါ။ ဒါကြောင့်ယခုရက်ပိုင်းမှာ ကားတွေနဲ့လက်နက်တွေကို NUG PDF တွေက မိလာတာခဏခဏဖြစ်လာတာလဲ ခပ်စိပ်စိပ်တွေ့လာနေရပါပြီ။ pdf တွေကရန်ကုန်မန္တလေးလမ်းမှာစစ်ဆေးပြီးသူတို့လူတွေကိုဖမ်းတာကလည်းနန်းတွေကြားမှာတုန်လှုပ်မှုအကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။

မအလဟာ မန္တလေးကျမှာကိုအလွန်ကြောက်ပါတယ်။ ဒါကြောင့်သူကမန္တလေးကတပ်တွေနဲ့စကားပြောဖို့ပြင်ပါတယ်။ ဒါပေမယ့်တပ်တွေကိုလူကြီးလာမယ်ဆိုပြီးသားခေါ်ပြီး မိတ္ထိလာမှာစကားပြောပါတယ်။

ယခုခံစစ်ဆင်ထားပုံက အကြီးအကျယ်ဖြစ်လာရင် မိတ္ထိလာမှာခံချမယ်ဆိုတဲ့သဘောမျိုးပါ။ မန္တလေးကိုလည်းတိုင်းမှူးက စွန့်လွှတ်ပြီး မိတ္ထိလာမှာခံချမယ်လို့တွက်ထားပုံပါ။ သတင်းထဲမှာတော့ သူကပြင်ဦးလွင်မှာပေါ့။

ယခင်ကမန္တလေးက PDF ကိုပြန်ပြီး ထိုးစစ်ဆင်မယ်လို့ ပြင်ဆင်ထားပေမယ့် ယခုAAက ပြည်ဘဲဝင်မလိုလို ပုသိမ်ဝင်မလိုလိုလုပ်လာလို့ တပ်တွေကို ခံစစ်အနေနဲ့ ထိုဒေသတွေမှာ ပြန်ပြီးပို့ထားရပါသေးတယ်။ ထိုဖြန့်ကြပ်ထားတဲ့တပ်တွေဟာလည်း ခံစစ်အနေနဲ့သာရှိလို့ AAက NUG PDF တွေနဲ့ဧရာဝတီကို ထိုးစစ်ဆင်လာရင် မအလဟာ AAက ပုသိမ်ကိုဝိုင်းလာရင် ပုသိမ်မကျအောင် စစ်တွေနဲ့အပေးအယူလုပ်ဖို့ပြင်ထားပါတယ်။ မအလဒီလိုပြင်ဆင်လိမ့်မယ်လို့ ဘယ်သူကများလွန်ခဲ့တဲ့လေးနှစ်ကထင်ခဲ့ပါမှာလဲ။

အခြေအနေတွေကတော့ အင်အားစုတွေက လျှင်လျှင်မြန်မြန် လျှပ်တပြတ်ထိုးစစ်ဆင်နိုင်ရင် မအလတပ်ကခေါင်းဆောင်တွေကလည်း ဆီးရီးယားကလို အလျှင်အမြန်ထွက်ပြေးသွားမှာပါ။ ခိုးလို့ရမယ်ထင်လို့ တပ်ထဲဝင်လာသူတွေက ခိုးမရရင်စိတ်ဓာတ်ကျပါတယ်။ အမေရိကန်က စီးပွားရေးပိတ်ဆို့ ကြေညာချက်ထုတ်လာတော့ ဘာမှ ဂရုမစိုက်ပါ။ ဒါပေမယ့် ခိုးလို့မရရင်ဓားပြတိုက်လို့ရတဲ့နယ် ကျဉ်းမြောင်းလာရင်တော့ သူတို့စိတ်ဓာတ်ကျပါတယ်။ နောက်ပြီးသူတို့အသက်‌သေတော့မယ်ဆိုတာသိရင်တော့ ဘယ်သူမှအသေခံပြီးမတိုက်ပါ။ ပင်လည်ဘူးမှာ ရက်ပေါင်းများစွာခံတိုက်ခဲ့တယ်ဆိုတာက တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးကို AAလောက်နဲ့ TNLAလောက် mnda လောက်မပစ်နိုင်လို့ပါ။ အဲဒီလိုမျိုး ဖြစ်နိုင်ပြီးလက်နက်ကြီးလေး ပစ်ပေးလိုက်ရင် ချက်ချင်းလက်နက်ချတဲ့အကျင့်ရှိပါတယ်။

အကျဉ်းချုပ်ရရင်တော့ သူခိုးများ ခိုးမရလို့ စိတ်ဓာတ်ကျနေပါတယ်။ ယခင်ကသြစီပို့ပေးမယ်ဆိုပြီး ခေါ်ရင်တောင်မှမလာခဲ့တဲ့ သူခိုးများဟာယခုအချိန်မှာ အလျှင်အမြန်နဲ့ပဲပြောင်းလာပြီးတော့မှ NUG တောင် ကျွေးမလောက်ဖြစ်နေပါပြီ။ လက်နက်ကလည်း သူတို့နဲ့ပါလာသလို အဘကလဲကားကြီးကားငယ်နဲ့ လှူနေပါတယ်။ ယခုအချိန်မှာထိထိရောက်ရောက်လုပ်နိုင်ဖို့ကတော့မန္တလေး pdf ကို အမြန်လှူပါလို့ပြောပြပါရစေ။ သူကအချက်အချာကျတဲ့နေရာမှာရှိပြီးတော့ NUG ထဲက တပ်ထဲမှာလဲ တပ်ဖွဲ့စည်းမှုအကောင်းဆုံးဖြစ်လို့ ထိထိရောက်ရောက် လျှင်လျှင်မြန်မြန်များများလှုပ်ရှားနိုင်မှာပါ။ ပြည်သူသာအဓိကပါ။ အဘတပ်ကတော့ ခိုးမရလို့ အဘကို ဆဲနေကြပါပြီ။

528 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page