top of page
Search

အဘတင်းနေပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 6, 2019
  • 1 min read

အဘတင်းနေပြီ

အဘက သူပုန်တွေဘာလုပ်လုပ် အေးဆေးပါ။ မမှုပါဘူး။ မနေ့က လွှတ်တော်တင်တဲ့ ရွေးကောက်ပွဲနည်းဥပဒေကတော့ အဘကို သွေးပျက်စေခဲ့ပါတယ်။ ဒါက အဘရဲ့ သမ္မတအိမ်မက်ကို ရိုက်ချိုးဖို့လုပ်လိုက်သလို အဘအနေနဲ့ ခံစားခဲ့ရပါတယ်။

ပထမက တပ်မဲရုံကို အပြင်ထုတ်ရင် အထဲကလူကိုထိန်းနိုင်ဖို့မလွယ်တော့ပါ။ ယခင်ကလို တပ်မဲအားလုံးအဘရဖို့ မသေချာတော့ပါ။ ဒါကြောင့် တပ်တွေကို အနီးကပ်ဘယ်လိုပြောင်းမလဲ ပြင်ဖို့စဉ်းစားနေပါတယ်။ သူက တပ်တွေကိုကြိုတင်မဲ ပေးခိုင်းဖို့ပါ။ ဒီနေရာမှာ တပ်တွေဟာ တပ်ရင်းဌာနချုပ်မှာ ကြိုတင်မဲပေးပြီး သူတို့တပ်စခန်းချမဲ့ နေရာတွေမှာလဲ မဲထပ်ပေးမယ့်ဗျူဟာပါ။ ဒါကိုရွေးကော်နဲ့ပါတီတွေက သတိနဲ့ စောင့်ကြည့်ရမှာပါ။ စာဖတ်သူများက အဘနဲ့တပ်ကို တူတယ်လို့ပြောပေမယ့် အမှန်တကယ် တပ်ကိုလွတ်လပ်စွာမဲပေးခိုင်းရင် တပ်သားတွေက ဘယ်သူ့ကိုမဲပေးလဲဆိုတာတည်မြဲ၊ သန့်ရှင်းခေတ်ကထဲကနေ၊ ၁၉၉၀ ရွေးကောက်ပွဲအဆုံးပါ။

NLD အနေနဲ့ ကိုကိုးကျွန်းကိုပါ အခြားမဲဆန္ဒနယ်တွေနဲ့ ပေါင်းနိုင်ရင် ပိုကောင်းပါမယ်။ ဒါမှမဟုတ်ကိုကိုကျွန်းကလူတွေကို ရန်ကုန်မှာလာမဲပေးခိုင်းတာမျိုးပေါ့။

နောက်နယ်မှာ ပိုက်ဆံရှိတဲ့ ပါတီလေးတွေက မဲဝယ်ဖို့ကြိုးစားတာတွေ ပါတီဝင်တွေကို ပိုက်ဆံနဲ့စည်းရုံးတာတွေကိုလဲ NLD ပါတီဝင်တွေအနေနဲ့ ထောက်လှမ်းပြီး ရွေးကော်ကို တိုင်ဖို့စဉ်းစားသင့်ပါတယ်။ ဆိပ်ကမ်းက Myanmar Now က ထောက်လှမ်းလို့သာ သိခဲ့တာပါ။ ပြီးရင် အဘစွဲထားတဲ့လက်ရှိဥပဒေအရ ရွေးကော်ကဆုံးဖြတ်ရမှာပါ။

ဒီနေရာမှာ ယခုဓာတ်ခဲနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေ TNLA နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေက ယခုအတိုင်း တိုက်ပွဲဆက်ဖြစ်နေခဲ့ရင် အဲ့ဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်လို့မရနိုင်ပါ။ ရွေးကောက်ပွဲလုပ်တဲ့နေ့ကို တိုက်ပွဲရပ်ပေးရုံနဲ့မရပါ။ အဆိုပါဒေသတွေမှာ တပ်ရော၊ သူပုန်ရော နှစ်ဖက်လွှမ်းမိုးမှုမရှိတဲ့နေရာ အနည်းဆုံး ၆ လ လောက် တိုင်းပွဲကင်းရှင်းရပါမယ်။ ဒါကြောင့် ၂၀၂၀ မတ်လအထိ တိုက်ပွဲဖြစ်နေခဲ့ရင် အဆိုပါနေရာတွေဟာ လစ်လပ်မဲဆန္ဒနယ်ဖြစ်သွားပါမယ်။ ရခိုင်တောင်မှာတော့ရွေးကောက်ပွဲ လုပ်လို့ရပါမယ်။

ဒါကြောင့် ပြောမရရင်လဲ ဆက်တိုက်ကြပါ။ ယခုရွေးကော်ဥပဒေ၊ ပိုက်ဆံနဲ့မဲဆွယ်တဲ့ ဥပဒေ၊ စစ်ဖြစ်နေရာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နည်းဥပဒေနဲ့ အဘတို့ကို စကိုင်ရင်တော့ တပ်မဲထက် အဘက ပိုတင်းဖို့သာ ရှိပါတော့တယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page