top of page
Search

အဘဆီသင်္ဘော

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 2, 2024
  • 1 min read

စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါ

ဗုံးပေါက်တာတော့ မှုပါတယ်။

ဘာကြောင့်လဲ အဘစီးပွါးရေး ထိလို့ပါ။

ယူကရိန်းက ရုရှားသင်္ဘောကိုတိုက်ဖို့ ဒေါ်လာသန်းချီကုန်ခဲ့သလို အမေရိကန်နဲ့ ယူကေရဲ့ လက်နက်၊ အကူအညီလိုခဲ့ပါတယ်

NUG ကတော့ ပြည်တွင်းဖြစ်နဲ့ တိုက်သွားခဲ့တာပါ

ယခုလိုတိုက်ဖို့ NUG ရဲ့ သတင်းထောက်လှမ်း စုံစမ်းမှု၊ ပစ်မှတ်ကို စနစ်တကျရွေးချယ်မှု အရပ်သားမထိအောင် ရှောင်ရှားနိုင်မှု၊ စစ်ရေးပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်မှု၊ အဆိုပါ မစ်ရှင်မျိုးကို ရန်ကုန်ဆိပ်ကမ်း အဘပိုင်နက်ထဲမှာ လုပ်ဆောင်နိုင်မှုတွေဟာ အစ္စရေး၊ အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေလုပ်သလို အဆင့်မြင့်ပါတယ်။

စစ်ရုံးကို ထိုသတင်းက မနက် ၄ နာရီမှာ သတင်းဝင်လာတာပါ။

ဂုဏ်ယူပါတယ် Congratulations NUG

ဒီကိစ္စက သူတို့ဆီသင်္ဘောတွေကို အာမခံ မရနိုင်အောင် ခက်လာမှာပါ။ သင်္ဘောမရှိရင် လေယာဉ်ဆီ သယ်မရတော့ပါ။

သယ်မရရင် ဆီနည်းလာမှာပါ။ လေယာဉ်ဆီမရှိရင် မအလတပ် ဘာဖြစ်မလဲ အားလုံးသိမှာပါ။ ပြည်တွင်းအားက ပြည်တွင်းမှာသာ ရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page