top of page
Search

အဘစာရင်းမကိုက်တော့ဘူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 15, 2020
  • 1 min read

အဘက ဘုရားတွေ ကျောင်းတွေကိုလှူနေတာက အားရစရာပါ။ သာဓုခေါ်ပါတယ်။ ဒါပေမယ့် ဒီလှူတဲ့ငွေတွေက ဘယ်ကရပါသလဲ။ ဒါက မေးခွန်းထုတ်စရာရှိပါတယ်။ ပုံမှန်မှာဆိုရင်တော့ သတင်းသမားတွေရဲ့အလုပ်ပါ။ သတင်းအချက်အလက်မရလဲ ထောက်လှမ်းသတင်းပညာ (investigative journalism) နဲ့ ရေးလို့ရပါတယ်။ သူတို့ဟာလက်ရှိအစိုးရဝန်ကြီးတွေ ဝကခတွေကိုရေးတဲ့ ဖွသတင်းတွေရဲ့ တစ်ရာပုံတစ်ပုံ ၁% မရေးတာဟာ တိုင်းပြည်အတွက်မကောင်းပါ။

အဘအကြောင်းပြန်ဆက်ရအောင်။

အဘလှူတာက ယခင်ကဘုရားတွေကို တပ်မတော်နာမည်နဲ့ လစဉ်သိန်းထောင်ချီလှူနေပါတယ်။ ဒါ့အပြင် အောင်လနိုင်ရင်လဲ ငွေသွားလှူပါတယ်။ နောက်ဗလီကိုလှူ၊ အခြားဘာသာတွေပါလှူပါတယ်။တရုတ်ကိုလဲ လေယဉ်နဲ့ ကိုဗစ်အတွက် သွားလှူခဲ့ပါတယ်။ ဒီနေရာမှာ တပ်မတော်သားတွေထံက ဖြတ်တာတွေဟာ တရားဝင်လားမေးစရာရှိလာပါတယ်။ နောက်ပိုင်းက ဖြတ်တာထက် လှူတာကပိုများလာလို့ ဒီငွေတွေဘယ်ကရလဲ မေးစရာရှိလာပါတယ်။ ကွာတာက သိန်းထောင်ချီနေပါတယ်။

နိုင်ငံတော်က တပ်မတော်သားတစ်ယောက်အတွက် နေ့တွက်စာရိတ်ကို ၁၃၀၀ကျပ်ပေးပြီး ရဲတပ်ဖွဲ့ဝင်တွေကို NLD အစိုးရလက်ထက်မှာ ၁၈၀၀ ကျပ် တိုးပေးနေပါတယ်။ လစာက သပ်သပ်ပါ။ နေတာကသပ်သပ်ပါ။ ရဲဆေးရုံကတော့ တပ်လိုမရှိပါ။ တပ်မှာက အရာရှိတွေရဲ့ အခြားခံစားခွင့်တွေလဲရှိပါတယ်။ မကွေးကသိမ်းထားတဲ့ တပ်မြေကို ကာကွယ်ရေးဝန်ကြီးက ပြန်မပေးဘူးလို့ ပြောချိန်မှာ ဒီတပ်မြေတွေကနေ စိုက်ပျိုးပြီး တပ်မတော်သားတွေကို ရိက္ခာထောက်ပံ့ရလို့ဆိုပြီး ဆင်ခြေပေးခဲ့ဖူးပါတယ်။ ဒါဆို ရန်ကုန်ကမြေတွေကရော စိုက်ပျိုးရေးလား မေးစရာရှိလာပါတယ်။

ဒီထောက်ပံ့ကြေးကိစ္စဟာ ရခိုင်စစ်မြေပြင်မှာ သိသာလာတာတွေ့ရပါတယ်။ ဒီလောက် ထောက်ပံ့ခံထားရတဲ့ ဘတ်ဂျက်ကိုတောင်းသလောက် အစိုးရကပေးထားတဲ့ တပ်မတော်သားတွေဟာ ဘာလို့မပြောင်ရောင်တာလဲဆိုတာ မေးစရာရှိလာပါတယ်။ ဒီနေရာမှာ လက်နက်ခဲယမ်းတွေက တိုက်ပွဲဖြစ်ပြီးရင် နောက်တိုးဘတ်ဂျက်နဲ့ အစိုးရထံကပြန်တောင်းတာပါ။ ဒါကြောင့် တပ်မတော်က ညီအစ်ကိုတွေအနေနဲ့ စဉ်းစားရမှာက လက်ရှိခြေဥဟာ ပြည်သူကစာရင်းစစ်လို့မရလို့ အဘကြီးတို့အတွက်ကောင်းပါမေယ့် ငါတို့တွေက ဓာတ်ခဲတပ်အောက်ခြေလောက် ဘာကြောင့် မပြောင်ရောင်ရလဲဆိုတာ စဉ်းစားသင့်လာပါပြီ။ အဘက စာရင်းမကိုက်တော့ပါဘူး ငါ့ညီတို့။ စာရေးသူအနေနဲ့ ကိုယ်တို့တပ်တွေဟာ အမေရိကန်တပ်၊ အင်္ဂလပ်တပ်၊ ပြင်သစ်တပ်၊ တရုတ်တပ်နဲ့ ဝတပ်လောက် မပြောင်ရောင်တာကို လက်ခံနိုင်ပေမယ့် ဓာတ်ခဲတပ်လောက်တောင် အထက်နိုင်ငံတော်အစိုးရက ချပေးတဲ့ ရိက္ခာ ရဲဘော်တွေ မပြောင်ရောင်နိုင်တာကတော့ စာရင်းကွာလွန်းလှပါတယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page