top of page
Search

အဘကို အိပ်မရစေသော ကိုပီတာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 18, 2023
  • 1 min read

အဘက ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာလို့ပြောရမလား ဘာလားတော့မသိပါ။ အဘက အာဏာကိုအပိုင်ထင်ပြီးသိမ်းလိုက်ပေမယ့် ပြည်သူကခုခံတာ ခံလိုက်ရသလို ယခုမိုခါကြောင့် တိုင်းပြည်မှာ ကူစရာတွေလိုလာနေပါတယ်။ အခြားနေရာတွေက အပစ်မရပ်သေးလို့ မကူနိုင်ရင်တောင် ရခိုင်ကို ကူပြရမှာပါ။ ယခုကတော့ ရခိုင်ပြည်သူတွေက ရခိုင်မှာအုပ်ချုပ်နေတဲ့ အဘနဲ့ AA ဘယ်သူကူမလဲ စောင့်နေကြရပါတယ်။ မိုခါက အဘကို အိပ်မရစေလားဆိုတော့ No ပါ။ အဘက ပြည်သူကိုဂရုစိုက်ရင် ကိုဗစ်ထဲက အာဏာမသိမ်းပါ။ မြန်မာပြည်သူ သန်း ၅၀ အရေးကို ဂရုမစိုက်လို့ အာဏာသိမ်းထားလို့ မိုခါလောက်ကတော့ ဘာမှဂရုမစိုက်ပါ။ မိုခါက အဘနဲ့ အဘသားတွေအတွက် နိုင်ငံခြားကလာကူရင်ယူဖို့ဂွင်အကြီးကြီးလောက်သာပါ။

ဒါဆိုရင် အဘက အမေရိကန်၊ အင်္ဂလိပ်က စီးပွါးရေးပိတ်ဆို့ရင် အိပ်မရလားဆိုတော့ စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါဆိုတဲ့သီချင်းကို အဘက တပ်ထဲမှာ အလွတ်ဆိုထားသူပါ။ အိမ်မက်ထဲတောင် မဝင်လာပါ။ အဘကို ဘာက အိပ်မရစေလဲဆိုတော့ မထင်မှတ်တဲ့ ထိုင်းရွေးကောက်ပွဲပါ။ အဘက ပရာရွတ်နဲ့ အလွန်ရင်းနှီးပါတယ်။ ထိုင်းက NUG ကို လှုပ်မရအောင် PDF လက်နက်မရအောင် အဘကသတင်းပေးရင် ဖမ်းပေးပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ အဘတပ်က ဗုံးကြဲရင်၊ နယ်စပ်နားကပ်တိုက်ရင်လဲ ရူးချင်ယောင်ဆောင်ပေးထားပါတယ်။ နောက် အဘသမီး၊ အဘသား သတင်းတွေကိုလဲ ဖုံးဖုံးဖိဖိ လုပ်ထားပေးပါတယ်။ နောက် အမေရိကန်က လက်နက်မပြောနဲ့ လူသားချင်းစာနာတဲ့အကူအညီကိုတောင် ပေးရခက်အောင် ထိုင်းက လုပ်ပေးထားပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ထိုင်းဟာ မအလတပ်ကို လူရာသွင်းဖို့ အခြားအစိုးရတွေကို နားချသလို မြန်မာ့အရေး အိမ်နီးချင်းတွေကသာ ဖြေရှင်းရမယ်ဆိုပြီး အာဆီယံကခွဲပြီး တစ်စင်ထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူက မအလအာဏာရှိရင် သူလဲအဖော်ရှိတယ်ဆိုပြီး မှတ်ထားသူပါ။ မအလဟာ ပရာရွတ်မနိုင်ဘဲ တပ်ဆင်နိုင်လဲအေးဆေးပါ။ ဘာလို့လဲဆိုတော့ တပ်ဆင်ဟာ နယ်စပ်ဒေသစစ်မီးငြိမ်းရေးကိုစခဲ့သူ မအလနဲ့အဆင်ပြေသူပါ။ ဒါကြောင့် တပ်ဆင်သမီးအာဏာရလဲ မအလကအေးဆေးပါ။

ဒါပေမယ့် ထိုင်းမှာ မထင်မှတ်ဘဲ အာဏာရဖို့ဖြစ်လာတဲ့ Move forward ရှေ့သို့ပါတီကြောင့်နေပြည်တော်မှာ ဝစီပိတ်ကအစ ဗေဒင်ဆရာအဆုံး အလုပ်တွေရှုတ်နေပါတယ်။ ရည်ရွယ်ချက်ကMove forward ပါတီခေါင်းဆောင် ကိုပီတာ Pita အာဏာမရရေး ဝန်ကြီးချုပ်မဖြစ်ရေးပါ။နေပြည်တော်မှာ သူ့အကြောင်းကို နိုင်ငံခြားရေးရုံး ဗန်ကောက်က စရဖရုံးတွေကို သတင်းပို့ခိုင်းချိန်မှာအဘအတွက် တုန်လှုပ်စရာတွေဖြစ်နေပါတယ်။ မြန်မာပြည်က ပြည်သူတွေ အာဏာသိမ်း စစ်တပ်ကိုပြန်ခံချတာတွေ့လို့ ထိုင်းစစ်တပ်လဲ အာဏာထသိမ်းဖို့တော့ နှစ်ခါပြန် စဉ်းစားမှာပါ။

နေပြည်တော်မှာ စဉ်းစားတာက ပီတာသာ အာဏာရရင် အာဆီယံမှာ မြန်မာကိုကာကွယ်ပြောသူ မရှိသလောက်ဖြစ်သွားမှာပါ။ ဒါက သိပ်အရေးမကြီးပေမယ့် ပီတာက လူသားချင်းထောက်ပံ့ရေးလမ်းကြောင်းဖွင့်ဖို့ Burma Act ကို အထောက်အကူပြုဖို့ ပြောသွားတာက အဘကို အများကြီး တိုက်ရိုက်တုန်လှုပ်စေပါတယ်။ ယခုအချိန် KNU တပ်နဲ့ NUG ရဲ့ PDF တပ် ရှေ့မဆက်နိုင်သေးတာဟာ ထိုင်းကလက်နက်လမ်းကြောင်းကို အဘစိတ်ကြိုက် ပိတ်ပေးထားလို့ဆိုတာ မအလ ကောင်းကောင်းကြီးသိပါတယ်။ အမေရိကန်က မပေးရင်တောင် လက်နက်မှောင်ခိုလမ်းကြောင်းကို ထိုင်းက မျက်စိမှိတ်ထားလိုက်ရင် KNDF က နေပြည်တော်အနားရောက်လာနိုင်သလို KNU ကလဲ ပဲခူးကနေ ရန်ကုန်နဲ့နေပြည်တော် ခါးပြတ်အောင်လုပ်နိုင်တယ်ဆိုတာ မအလက ကောင်းကောင်းကြီး သိနေပါတယ်။တရုတ်ကလဲ သူ့ကိုရာဇသံပေးထားလို့ အဘမှာ အချိန်အကန့်အသတ်ရှိနေပါတယ်။

ယခုက အဘအနေနဲ့ ယတြာအခြေအနေကိုသာ စောင့်ကြည့်ပြီး ထိုင်းစစ်တပ်အာဏာသိမ်းဖို့သာ မျှော်လင့်နေပါတယ်။ ပီတာသာ ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ရင်တော့ အဘအတွက် အိပ်၍မပျော်သောညတွေများလာမှာပါလို့ ပြောပါရစေ။ နောက်ဆုံးမှာက ပြည်တွင်းအားက အဓိကဖြစ်ပြီး ကူမည့်အိမ်နီးချင်းတစ်ယောက်လောက်ရှိရင်တော့ အားပိုဖြစ်မှာ အမှန်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page