top of page
Search

အဘက အမုန်းကို အဆုံးတောင်းနေတာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 2, 2020
  • 1 min read

တပ်ချုပ်ကြီးဟာ တပ်ချုပ်ဖြစ်ခါစမှာ တပ်ကို ပြည်သူတွေကမုန်းနေတယ်ဆိုတာကို သိပါတယ်။ ဘာကြောင့် မုန်းနေတယ်ဆိုတာကိုတော့ မသိပါဘူးတဲ့။ ဒါ့ကြောင့်သတင်းသမားတွေကို ပြည်သူတွေကတပ်ကိုဘာကြောင့် မုန်းတာလဲဆိုတာ မေးခဲ့တာပါ။ သာမန်ဆိုရင် မေးစရာတောင် လိုမည်မထင်ပါ။

ယခုလဲ ရွေးကောက်ပွဲကိစ္စ စာထုတ်တာဟာ မိမိ တပ်တွေကို ဖွတ်ကိုမဲပေးဖို့ လိုက်ပြောပြီးရွေးကောက်ပွဲက တရားမျှတသလား စစ်မယ်လို့ စာထုတ်တာက သူခိုးက လူပြန်ဟစ်သလို ဖြစ်နေပါတယ်။

ကြည့်ရတာက ဒေဝဒတ်လမ်းစဉ်လိုက်မယ့်ပုံပါ။

NLD အနေနဲ့လဲ ကုလက စုံစမ်းရေးအဖွဲ့ကိုသာခေါ်သွင်းလာပြီး ရွေးကောက်ပွဲကို စစ်ခိုင်းလိုက်ပါ။ ကုလရဲနဲ့ တပ်ကပါ ဝင်စစ်ရင် ပိုအဆင်ပြေပါတယ်။

အဘက အမုန်းကို အဆုံးတောင်းနေပုံပါ။

အဘက အဲ့ဒီလို ကြေညာချက်တွေထုတ်လေ ပြည်သူတွေကလဲ စစ်ကိုမုန်း၍ မဲပေးပြီး တိုက်ထုတ်ရာကနေ လမ်းပေါ်ထွက်၍ တိုက်ထုတ်သည် ဖြစ်လာပါလိမ့်မယ်လို့ ပြောပါရစေ။

ပြည်သူကို လျော့မတွက်ပါနဲ့။ ပြည်သူညီရင် ရခိုင်မှာတောင် အဘတိုင်ပတ်နေတာပါလို့ ပြောပါရစေ။

Photo credit: dsinfo.org

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

3 Comments


Myat Tun Oo
Myat Tun Oo
Dec 02, 2020

Myint Soe Oo, ကဗျာတွေ အတော်ကြိုက်ပုံရတယ်။

Like

Albert Wint
Albert Wint
Dec 02, 2020

ဗုဒ္ဓဘာသာကို ယုံကြည်သူ ကိုးကွယ်သူတွေကော ဟုတ်ကြသေးလားဗျာ တိုင်းပြည်အတွက် ရင်လေးလွန်းလှပါဘိ

Like

Myint Soe Oo
Myint Soe Oo
Dec 02, 2020

ဦးမြတ်!!! မ အ အောင်၊ သင်ယူခဲ့ရပါသည်။

လယ်သမားကြီး ဖိုးသာမောင်

စပါးစိုက်ခါ ပြည်ကျိုးဆောင်။

ကိုဖိုးအောင် အလုပ်သမား

ကုန်ထုတ်လုပ်ဖို့ သူကြိုးစား။

ဦးရွှေသားက ဆရာဝန်

ကုသရေးမှာ သူထူးချွန်။

မလှမွန် သူနာပြု စေတနာနှင့်

စောင့်ကြပ်ကု။


ရဲသားကြီးက ကိုလှရွှေ၊

လူဆိုးဖမ်းဖို့ တာဝန်ကျေ။

ဒို့ လုံမေ မခင်မြ

ယာဥ်ထိမ်းရာတွင် ကျွမ်းကျင် လှ။

ငယ်စဥ်ကလေးဘဝက သင်ယူခဲ့ရပါသည်။

ယခင်ကလယ်သမားကြီးဖိုးသာမောင် ပြည်ကျိုးဆောင်နိုင်ခဲ့ပေမယ့် သူ၏ မြေးမြစ်များ ယခုအခါ စိုက်ပျိုးဖို့ လယ်ယာမြေ အခက်တွေ့နေရ၍ ပြည့်အကျိုး အစွမ်းကုန်မဆောင်နိုင်၍ ဆင်းရဲနေရပါပြီ။

အလုပ်သမားကိုဖိုးအောင်တို့လည်း စက်ရုံတော့ရှိပါရဲ့၊ မလည်ပတ်နိုင်တဲ့ စက်ရုံတွေ(ဝါးမထွက်တဲ့နေရာ စက္ကူစက်၊ သံမရှိတဲ့နေရာ သံမဏိစက်ရုံ)ကြောင့် ကုန်ထုတ်လုပ်ခွင့်အပြည့်အဝမရ၍ ကြပ်တည်းနေကြပါပြီ။

ရဲသားကြီးကိုလှရွှေလည်း အသက်ကြီးလာ၍ အငြိမ်းစားသွားသောကြောင့် လူဆိုးဖမ်းဖို့ တာဝန်မကျေနိုင်တော့ဘူးနှင့်တူပါသည်။

မခင်မြလည်း အဖွားဒေါ်ခင်မြမို့

မျက်စိကမှုန် လက်က *ထုံ*၍လားမသိ။ ယာဥ်ပြဿနာများ တနေ့တခြား===???

ဘာလို့များဖြစ်နေရပါလိမ့်။

*ကျေးဇူး*

အမေ မွေး၍

ရွှေသွေး ငါ့မှာ ၊ လူဖြစ်လာ၏


အဖေကျွေး၍

ရွှေသွေးငါ့မှာ ၊ ကြီးပြင်းလာ၏။


နိုင်ငံက မွေး ၊ ပြည်က ကျွေး၍

တစ်သွေးတစ်ရောင် ၊ ထွန်းလင်းပြောင်၏။


အမိအဘ ၊ နိုင်ငံစ၍

ငါ့ကိုချီးမြှောက် ၊ငါကြီးမြောက်သော်

မဖောက်သစ္စာ၊ မာနမထား

စကားတည်ကြည်၊ ကျင့်ကောင်းရည်နှင့်

ငါသည်ကျင့်မှ တော်လေစွ။


၂. ၃. ၁၉၆၇


ကျေးဇူးသိတတ် ကျေးဇူးဆပ်မှ၊ သားမြတ် လိမ္မာ ဖြစ်ရရှာ၍ အမိဖရင်ဝမ်း လွန်ငြိမ်းချမ်း၏။မိဖပြည်သူရင်ဝမ်း မငြိမ်းချမ်းရခြင်းမှာ ကျေးဇူးမသိတတ် သူများကြောင့်။ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ရဲ။ အကျင့် မွဲသောကြောင့်။မှန်ကိုပင် မကြည့်ရဲ။ အချင်းအပြင် အဆင်းပါ မွဲ မဲသောကြောင့်။


**မှန် နှင့် ငါ**


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page