top of page
Search

အဘကို လျှော့တော့ မတွက်ပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 27, 2020
  • 1 min read

ရွေးကောက်ပွဲကြီးဟာ အင်မတန်မှ နီးလာပြီဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီရွေးကောက်ပွဲအပြီးနောင်နှစ်မှာ တပ်ချုပ်ဟာလဲ သူတိုးခဲ့တဲ့ သက်တမ်းကပြည့်မှာပါ။ ဒါကြောင့် ဒီနိုဝင်ဘာရွေးကောက်ပွဲမှာ တပ်ချုပ်ကြီးနဲ့ ရင်းနှီးတဲ့ပါတီတွေကသာနိုင်ခဲ့ရင် တပ်ချုပ်ကြီးအတွက် ပွဲပြီးပါပြီ။ တပ်ထဲကထွက်ပြီး ဖွတ်ပါတီကနေ ရွေးကောက်ပွဲဝင်မည့်သူများကိုလဲ အထက်ကနေ ရွေးထားပြီးပါပြီ။ အချို့ကအရန်အင်အား အချို့က လက်ရှိထဲကလို့ ကြားပါတယ်။ အချို့ ထင်မထားသူတစ်ယောက်လဲ ပါနိုင်ပါတယ်။ တပ်ချုပ်မအလမှာ သမ္မတဖြစ်ချင်စိတ်တွေရှိနေတယ်ဆိုတာက အင်မတန်သိသာပါတယ်။

ပုံမှန်မှာဆို သူကဖြစ်နိုင်လားဆိုတော့ မဖြစ်နိုင်ပါ။ ဒါပမယ့် စာရေးသူရဲ့ ဘာမဟုတ်တဲ့ သူနဲ့ကွီးဖြိုးကိုပြည်သူက ဘယ်သူ့ကိုပိုယုံလဲဆိုတဲ့ စစ်တမ်းမျိုးကိုတောင် အုံနဲ့ကျင်းနဲ့ လိုင်းပေါ်မှာ မဲခိုးဖို့လုပ်တာကိုတွေ့လိုက်ရချိန်မှာ သူဟာဒီလိုကိစ္စလေးကိုတောင် အထိမခံပါလားဆိုတာ သိလိုက်ရပါတယ်။ ဒါဆိုသူက ဘာဗျူဟာကို ကျင့်သုံးမလဲ?

ပထမကတော့ ဖွတ်ကျော်ငြိမ်းနဲ့ ဌေးအောင်လို လိုင်းပေါ်ကနေ DASSK အသုံးမကျဘူးဆိုပြီး ဗလိုင်းကြီးအော်တာပါ။ ဒါပြီးရင် ကိုကိုကြီးလို ညွန့်ပေါင်းအစိုးရနဲ့မှ တိုင်းပြည်တိုးတက်မယ်ဆိုတဲ့ လေပြေလေးနဲ့ပြောပြီး အချို့ကတော့ ဒေါက်ခိုင်လို လွှတ်တော်က ၂၅% နဲ့ ကာရာအိုကေဆို အရက်သွားသောက်ပြီး ခြေဥပြင်မယ်ဆိုသူများပါ။ ဒါနဲ့ အားမရသေးဘဲ တပ်ထွက်မှကြိုက်ပြီး ဖွတ်ပါတီကိုတော့မဲမပေးဘူးဆိုသူများအတွက် စုဆောင်းထားတာလေးနဲ့ ပါတီထောင်ထားတဲ့ ဘရွှေမန်းပါတီရှိပါတယ်။သူတို့အားလုံးရဲ့တူညီတဲ့ရည်မှန်းချက်က ပြည်မမှာ ရသလောက်မဲနိုင်ဖို့ပါ။ ယခုဗျူဟာက ယခင်ဖွတ်နိုင်ခဲ့တဲ့ နေရာတွေကို သူတို့က ရသလောက်ထိန်းထားပြီး NLD နိုင်ထားတဲ့ နေရာတွေကို သူတို့ရဲ့အခွဲတွေနဲ့ ပြန်နိုင်အောင်လုပ်ဖို့ပါ။ ဥပမာ ဘရွှေမန်းပါတီက အများကြီးမနိုင်နိုင်ပေမယ့် ဘရွှေမန်းဝင်ပြိုင်မယ့် နေရာမျိုးက နိုင်မယ်လို့ သူတို့ကထင်နေပါတယ်။ ဒါ့အပြင် ကိုကိုကြီးပါတီကလဲ အများကြီးမနိုင်နိုင်ပေမယ့် နှစ်နေရာ သုံးနေရာမျိုးနိုင်မယ်လို့ သူတို့ကတွက်ထားပါတယ်။ PPP ပါတီကလဲ နှစ်နေရာသုံးနေရာလောက် နိုင်မယ်လို့ တွက်ထားပါတယ်။ အချို့နေရာတွေမှာ တပ်မဲတွေဟာ နိုင်ခြေရှိတဲ့ပါတီကို ပုံအောသွားနိုင်အောင်ပြင်ထားပါတယ်။

ယခုရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံမထားခိုင်းလို့ အဘအတွက် အားနည်းချက် ဖြစ်သွားပါတယ်။ ဒါကိုပြန်ဖာထေးနိုင်တဲ့အချက်က ရက် ၉၀ အတွင်းနေထိုင်သူက မဲပေးနိုင်တာပါ။ ဒီကိစ္စဟာ ရခိုင်နဲ့ ရှမ်းမှာအဘအတွက်အားသာနိုင်ပါတယ်။ ဥပမာ ရခိုင်ရသေ့တောင်မှာ တပ်တွေသွင်းထားရပြီး ရသေ့တောင်ကလူက စစ်ပြေးရှောင်နေရင် အဘပါတီသာနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာတွေဟာ ANP အပြတ်နိုင်ထားလို့ ဒီတပ်ဂဏန်းလောက်က မဆုံးဖြတ်နိုင်ပေမယ့် ရခိုင်တောင်မှာတော့ ရခိုင်နှစ်ပါတီနဲ့ NLDရှိလို့ အဘစားနိုင်ပါတယ်။ ရှမ်းပြည်မှာလဲ အဘက စားနိုင်ပါတယ်။ SNLD အနေနဲ့ မိမိနိုင်နိုင်တဲ့ နေရာတွေမှာ ရက် ၉၀ အတွင်းပြောင်းလာသူတွေရဲ့ မဲတွေနဲ့ အဝုန်းမခံရအောင် သတိထားရမှာပါ။ အချို့ပြောင်းရွေ့တဲ့တပ်တွေဟာ သူတို့ပင်မတပ်ရင်းမှာလဲ ကြိုတင်မဲမပေးအောင် ကြီးကြပ်ရပါမယ်။ ဥပမာပဲခူးကတပ်ရင်းဟာ ရခိုင်မှာ စစ်ဆင်ရေးသွားနေရင် ပဲခူးမှာလဲကြိုတင်မဲပေး ရခိုင်မှာလဲ ရက် ၉၀ မူနဲ့မဲပေးရင် နှစ်သီးစား ဖြစ်သွားပါမယ်။ ဒါမျိုးမလုပ်နိုင်အောင် ပြည်မပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ပြည်သူတွေက စောင့်ကြည့်ရပါမယ်။ မဲစာရင်းဟာ အသက်ပါ။

နောက်ဗျူဟာက Facebook မှာ အဘမွေးထားတဲ့ အကောင့်တွေနဲ့ အဘပေးထားတဲ့ မီဒီယာတွေပေါင်းပြီး လက်ရှိအစိုးရကရွေးထားတဲ့ လူအချို့ကို တိုက်ခိုက်ဖို့ပါ။ NLD အထဲမှာ ကိုယ်စားလှယ်ရွေးချိန်မှာမစည်းရုံးရင် အဘက ကောက်စားသွားမှာပါ။ ဒါတွေကိုလဲ သတိထားရပါမယ်။ နောက်ဆုံးနည်းကတော့ ဘုန်းကြီးတွေနဲ့ပေါင်း ဘုရားတည်သရောင်နဲ့ ရိုက်စားဖို့ပါ။ အမျိုး ဘာသာပေါ့။ အကွက်တွေက သိပြီးသားလို့ ထင်ရပေမယ့် ငပိန်းအချို့က ကြိုက်ပါတယ်။

ပုံမှန်မှာဆို မိုးပေါ်က သိကြားမင်းကဆင်းပြီး မဲဆွယ်တာတောင် အဘ မနိုင်နိုင်ပါ။ ဒါပေမယ့် NLD အတွင်း ကိုယ်စားလှယ်ရွေးတာကနေ အချင်းချင်းတိုက်ရင်တော့ အဘက ကောက်စားနိုင်ပါတယ်။ အဘကို လျှော့မတွက်ပါနဲ့။

(ယခုရေးသားချက်များသည် အဘ၏ ဗျူဟာကိုသာ ရေးသားထားခြင်းဖြစ်ပြီး သတိထားရန်ဖြစ်ပါသည်။ စာရေးသူ၏ မည်သူနိုင်မလဲ ဆောင်းပါးကို နောက်မှ ရေးပါမည်။)

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

4 Comments


Myint Soe Oo
Myint Soe Oo
Jun 28, 2020

ဦးမြတ် ! အကြောင်းပြန်အပ်ပါသည်။ရေကြီးတယ်ဆိုတာ မိုးရာသီနဲ့ တွဲ ခွဲမရတဲ့ အဖော်။မိုးရောက်တော့ နွေ ပျောက်ပြီပေါ့။

အလွမ်းနွေပေါ့။ အပူကြိုက်တဲ့သူတွေကတော့ အလွမ်းနွေကို တမ်းတပြီး #အလွမ်းတွေကိုစမ်းရေထဲမျှောလိုက်ပြီ# တဲ့။

ခုတော့လည်း နွေဆိုတာ တစိမ်း(သူစိမ်း)တွေပါပဲလား။ ဒါ့ကြောင့် တစိမ်းတွေမို့ ခပ်စိမ်းစိမ်းပဲ နေလိုက်တာ နိယမပါ။


<<<<<<<<<<<<<>>>>>>>>>>


သူစိမ်းတွေကြောင့်ဖြစ်တဲ့ ဝေဒနါအလွမ်းကို အေးချမ်းတဲ့ စမ်းရေထဲမျှောရမှာ နှမြောစရာ။သူစိမ်းကြောင့်ဖြစ်တဲ့ အစိမ်းဝေဒနါကို အပူပေါတဲ့ သဲဆန်သည့် ယာပြင်တောမှာ လွှတ်ပါတော့မယ်။သဲယာပြင်တောမှာ ခုချိန်ဆို ပုတက်(ပုတတ်)တွေပေါလို့ပါ။ Same SPECIES ဆိုတော့ အဆင်ပြေအောင်လို့ပါ။

ဦးမြတ်လည်း မြို့ထဲမှာနေရင် ရေမြောင်းထဲ မလွှတ် မမျှောလိုက်နဲ့အုံး။ရေကြည်ကြည်အေးချမ်း ကန်တော်ကြီးလမ်းတွေထဲ ရောက်သွားမှာစိုးလို့ပါ။ မဥက္ကလာ မယ်လမုဘုရားနားက မြောင်းထဲမှာမျှောလိုက်စေချင်ပါသည်။ ဒါမှ ငမိုးရိပ်ချောင်းထဲ ရောက်မှာ။ငမိုးရိပ်မှာ ပျော်ပါစေ။

တဥက္ကလာမှာဆိုရင်တော့ သံသုမာမြောင်းထဲ မျှော လိုက်ပါ။

သာကေတမှာနေရင်တော့ ပိုအဆင်ပြေတာပေါ့။

ရေကြီးနေရင်တော့ ရေဆိုးမြောင်းထဲသာ မျှောလိုက်ပါ။ ပုစွန်(?)တောင်ချောင်းထဲ ရောက်သွားပါမည်။


အမှိုက်ကင်းစင် ပြည်တခွင်သို့

Like

Myat Tun Oo
Myat Tun Oo
Jun 28, 2020

Myint Soe Oo, ရေကြီးတာ ရေးပြရအုံးမယ်။

Like

Myint Soe Oo
Myint Soe Oo
Jun 28, 2020

ဦးမြတ် ! သတိပေးလိုက်ပါသည်။

ကိုဇာနည်ကို ချောင်းမြောင်းနေတဲ့

ကြောင်တွေ (ဆရာ နွမ်ဂျာနဲ့ ပတ်သက်ပြီး) အမည် ဝှက် နဲ့ တွယ်နေပြီ။ အလားတူပဲ မွေးနေ့ပွဲ အကြောင်းခံ ချစ်သုဝေနဲ့ မောရသုတ်နဲ့ ကန်တော့သော ပုဂ္ဂိုလ်လည်း အတွယ်ခံနေရတယ်။တစ်ချို့ဆို accတု pg အတုတွေနဲ့ ဝိုင်းတွယ်နေကြောင်း အသိပေးအပ်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
Jun 28, 2020

ဦးမြတ် ! ပြီးခဲ့တဲ့ရက်ပိုင်းက

စင်္ကါပူမှာ မိုးကြီးပြီး ရေလျှံမှုဖြစ်သလို ရန်ကုန် ယုဇနရှေ့မှာလည်း ရေလွှမ်းသွားခဲ့ပါသည်။ ရာသီဥတု ဖောက်ပြန်မှုအပေါ် အမှန်မမြင် လိုရာကိုရေးတဲ့ ကာတွန်းနှစ်ကွက်မှာ!

ရေအောက်မြို့တော်စီမံကိန်း စပြီ

ရယ်လို့ ရိသဲ့သဲ့က တကွက် ?

သံစုံတီးဝိုင်းမဝယ်ပဲ လှေဝယ်ရမှာ? ဆိုတဲ့ အပြစ်တင် အဆိုးမြင်က တစ်ပုံ ။ အများအမြင် ပညာပေးပေါ့။ ပညာရှိပေါ့။ပညာဆိုလို့

သတိရမိပါသည်။

ယုန်ကလေးက နားရွက်ထောင်

ပညာရှိယောင် ဆောင်။

နားရွက်ထောင်! နားရွက်နှစ်ခုက

မြင်သာအောင် ခေါင်းပေါ်တင် ဖော်ထားတော့ ( || ) အင်္ဂလိပ်ဂဏာန်း နံပါတ် အီလဲဗင်းနဲ့တူနေတယ်။

ကျွန်တော်တို့ဘက်တော့ မိုးနည်းလို့ မိုးမျှော်နေရပါသည်။ မိုးရွာမှ ပျိုးသာမှာမို့ပါ။ ကျေးလက်ဘက်မှာတော့ တောက်တဲ့ အော်သံနားထောင်ပြီး မိုးအခြေအနေခန့်မှန်းရတာကိုး။ ဒါ့ကြောင့်လည်း မိုးလေတွက်ခါ ဗေဒင်ဟော လို့ပြောကြပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက တောက်တဲ့ အဝယ်များတဲ့ စျေးကွက်ပေါ်ခဲ့တာမို့ နက်ကြောကြောတောက်တဲ့တွေပဲကျန်တော့တယ်။သူကလည်းအချိန်ခါကိုက် အော်ပေမယ့်မမှန်တာ များပါတယ်။

မိုးအတွက် တော့ သတ္တဝါများ၏ စရိုက်လည်းကြည့်ရပါတယ်။ ပုရွက်ဆိတ်တွေ အုံရွေ့ရင် ရာသီက မိုးကြီးမယ်။ ခေါင်းငြိမ့်တတ်တဲ့

ပုတ်သင်ညိုတွေ ညိုရာက. ဝါ တစ်ချို့က အပြာ အရောင်တွေလည်း ပြောင်းကြတာကိုး။

ခုCV19 ကာလ မိုးလည်းစတော့ အရောင်းအဝယ်ထိုင်းတော့ ဘဏ္ဍာအဆံကြောင့် ကျီး (ကျေးငှက်)သာ မသာ အကဲခတ်ရတာကတစ်မျိုး။ကျီးသာမှ ဧည့်လာမယ်လို့ စွဲယူထားတာကိုး။

ဒါ့ကြောင့် ငယ်ငယ်က သံပေါက်ကဗျာလေး ဖတ်ဖို့ တင်ပေးလိုက်ပါသည်။


ယုန်ကလေးက နားရွက်ထောင်

ပညာရှိယောင်ဆောင်။

ကြောင်ကလေးက လက်သည်းဝှက်

ချောင်းလိုက်ရတဲ့ ကြွက်။

ရွှေဇီးကွက်ရဲ့ အိန္ဒြေ

ဘုရင်ကြီးလို နေ။

မိုးလေတွက်ကာ ဗေဒင်ဟော

တောက်တဲ့ ကိုနက်ကြော။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို

အရောင်ပြောင်းကာ

ခေါင်းငြိမ့်တတ်တယ် ဆို။

ရွှေကျီးညို…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page