top of page
Search

အဘက ရှမ်း SSPP နဲ့ UWSA ကို ဘာလုပ်ရဲမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 6, 2024
  • 1 min read

စရဖရဲ့ ထောက်လှမ်းရေးအစီရင်ခံစာတိုင်းမှာ ဝ/UWSA ဟာ NUG PDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို လက်နက်မျိုးစုံ ရောင်းချနေတယ်ဆိုပြီး မအလထံတင်ပြထားခဲ့ပါတယ်။ ဒါကြောင့် ယခင်တိုင်းမှူးတွေ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေက ဝ ဌာနချုပ်ကို ဗုံးကြဲဖို့၊ တာဝေးပစ်အမြောက်နဲ့ပစ်ပြီး စစ်ဆင်ရေးလုပ်ဖို့ တင်ပြခဲ့ကြပါတယ်။ ဒါက နိုင်ငံရေးနဲ့ သက်ဆိုင်လို့ဆိုပြီး မအလထံ တင်ပြအမိန့်တောင်းခံခဲ့ကြပါတယ်။ ဒါပေမယ့် မအလက ဘာမှမတုံ့ပြန်ခဲ့ပါ။ MNDAA က ၁၀၂၇ ထိုးစစ်ဆင်ရာမှာလဲ ဝ နဲ့ ကိုးကန့်အထွက်တံတားကို ဗုံးကြဲဖျက်ဆီးဖို့ကိုတောင် မအလက ခွင့်မပြုခဲ့ပါ။ ဒါကြောင့်လဲ မြောက်ပိုင်းမှာ စစ်ရှုံးမှုက မအလအပြစ်ဆိုပြီး တပ်ထဲမှာရော တပ်ထောက်ခံသူတွေ၊ ဖွတ်တွေပါ ပိုဒေါသထွက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ရက်လောက်က ရှမ်းပြည်ဝမ်ထိုင်း SSPP ရှမ်းတပ်ခေါင်းဆောင်က ဝ နဲ့ တွေ့ခဲ့ပါတယ်။ ထိုစဉ်ကထဲက စရဖက အဘထံအစီရင်ခံစာ တင်ခဲ့ပါတယ်။ သူတို့တင်ပြတာက ဝ ဟာ ရှမ်းအဖွဲ့ကို အဆင့်မြင့်လက်နက်ရောင်းချထောက်ပံ့ဖို့ သဘောတူညီခဲ့ကြောင်း ဒါကြောင့် SSPP က တိုက်ခိုက်လာနိုင်ကြောင်း၊ ဒါကြောင့် ဝ လက်နက်စက်ရုံများ၊ ဝ အဝင်အထွက်လမ်းများကို ဗုံးကြဲတိုက်ခိုက်ဖို့တင်ပြခဲ့ပါတယ်။ SSPP ထိုးစစ်ကို ပြင်ဆင်ဖို့လဲ တင်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာက မအလထံမှာ အမိန့်စောင့်နေပါတယ်။

ဒီနေရာမှာ မအလနေရာက စဉ်းစားကြည့်ရအောင်။ UWSA ကို ယခုသွားစလို့ ဟိုကပြန်တိုက်လို့ ထိန်းမရရင် ရှမ်းပြည်သာမက နေပြည်တော်အထိပါ PDF က ရောက်လာနိုင်ပါတယ်။ သူ့တပ်အင်အားကို လူသစ်တွေနဲ့ တစ်လ ၅၀၀၀ အင်အားဖြည့်ပြီး တစ်နှစ်လောက်မှ စတိုက်ရင် သူ့ထံမှာ တပ်သား ခြောက်သောင်းလောက် အသစ်ရှိနိုင်မှာပါ။ စစ်ပွဲနိုင် မနိုင် မပြောနိုင်ပေမယ့် အင်အားကတော့ ပိုကောင်းလာမှာပါ။

ဒါပေမယ့် SSPP ဒုဥက္ကဌရဲ့ ကြေညာချက်ကြောင့် မအလဟာ ဒေါနတောင်ပေါ်ရောက်နေတဲ့ တပ်တွေကိုတောင် ရှေ့ဆက်တိုးရမလား နောက်ပြန်ဆုတ်ရမလား ဒိဟဖြစ်စေခဲ့ပါတယ်။ ဒေါနတောင်ကို တပ်လွှတ်နိုင်တာက ရှမ်းပြည်အထက်ပိုင်းက ငြိမ်နေလို့ပါ။ ယခုအချိန်မှာ SSPP တပ်ကတော့ တကယ်မတိုက်သေးပါ။ ယခုမအလတပ်က SSPP ကို ဥက္ကဌနဲ့ ဒုဥက္ကဌက သဘောထားကွဲသလို ဆိုက်ဝါးလုပ်ပြီး စစ်ပွဲရှောင်ဖို့ ကြိုးစားကြည့်နေပါတယ်။ SSPP က မမဆောင်းလုပ်သွားရင်တော့ မပြောတတ်ပါ။

အကျဉ်းချုပ်ရရင် SSPP ဒုဥက္ကဌ ကြေညာချက်က စရဖအစီရင်ခံစာအတိုင်း ဖြစ်လာနေပါပြီ။ မေးခွန်းက မအလဟာ ဝ/UWSA ရဲ့ လက်နက်စက်ရုံတွေ၊ စစ်ရေးပစ်မှတ်တွေ၊ ဝနယ် အဝင်အထွက် လမ်းတံတားတွေကို သူ့အောက်က တင်ပြထားတဲ့အတိုင်း ဗုံးကြဲမလား ဒါမှမဟုတ် ရူးချင်ယောင်ဆောင်သွားမလား စောင့်ကြည့်ရပါမယ်။ ဒီစာရေးတာက ဘောမတွေကို ဒီကိစ္စဟာ အောက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ မလုပ်တတ်လို့မဟုတ်ဘဲ မအလဆုံးဖြတ်ချက်ကြောင့်သာပါလို့ ဘောမများသိအောင် ကြိုပြောထားပါရစေ။ တာဝန်ရှိသူက မအလဖြစ်ပြီး စစ်ရှုံးလို့ အမျိုးသားရေးအရ ဖြုတ်ချင်ရင် မအလကိုသာ အမြန်ဖြုတ်ပါ။

(ရှမ်းတပ် SSPP က UWSA နဲ့တွေ့တဲ့ပုံများကို website မှာ သွားကြည့်ပါ။)

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 commentaire


nini.maharaj
10 mai 2024

စိတ်၀င်စားစရာပါ၊ အခွန်ကာက်ချိန်နီးလို့အသံထွက်တာလား

J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page