top of page
Search

အဘကို ယုံနေသေးလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2024
  • 1 min read

ယခုစစ်မှုထမ်းဥပဒေကို အုပ်ကြီးတွေက လစာဘယ်လောက်ရမယ် ဘယ်မှာနေရမယ် ဘာညာဆိုပြီး ပြောနေကြတာကို လိုင်းပေါ်မှာတွေ့နေရပါတယ်။ ဒါဆိုရင် အုပ်ကြီးတွေပြောတာက တကယ်လား? အဘကပြောခိုင်းလို့ ပြောနေတာလား? သူတို့ပြောတာက ယုံရမှာလား?

မအလဟာ ဆန္ဒမဲပေးအပြီး ကင်မရာရှေ့မှာ ပြည်သူရွေးတာကို လက်ခံမယ်ပြောပြီး လက်ခံခဲ့ပါသလား? ဒါအပြီး အာဏာထိန်းတာပါဆိုပြီး ၂ နှစ်ပြည့်အပြီးမှာလဲ ကတိမတည်ဘဲ သက်တမ်းထပ်တိုးထားတာပါ။ သူ့ရဲ့ အသက်ကလဲ သူလိမ်ပြီး ထပ်တိုးခဲ့တဲ့ ၆၅ နှစ်တောင် ကျော်သွားခဲ့ပါပြီ။ ဒါကြောင့်မိုလို့ မအလရဲ့ သမိုင်းကိုပြန်ကြည့်ရင် ဘယ်အချိန်ကမှ ကတိမတည်ခဲ့တာ တွေ့ရမှာပါ။ သူဟာလူလိမ်ပါ။ ဘောမများက ဘယ်အချိန်မှာမဆို ဖာတေးပြောလေ့ရှိပေမယ့် မအလဟာ ဘာကတိမှ မတည်ခဲ့ပါ။ စစ်တပ်ဟာလဲ ၁၉၆၂ ကစလို့ ကတိမတည်ခဲ့ပါ။

ဒါဆိုရင် စစ်မှုထမ်းဥပဒေကိစ္စကို ပြန်လေ့လာကြည့်ရအောင်။ ရခိုင်မှာ ရိုဟင်ဂျာကို အတင်းခေါ် မက်လုံးပေးပြီး စစ်မှုထမ်းခိုင်းတာက မအလတပ်ရဲ့ စစ်ရှုံးခါနီး ဗရမ်းဗတာဖြစ်နေတာကို ပြတာပါ။ ရိုဟင်ဂျာကို မအလက နိုင်ငံသားမဟုတ်ဆိုပြီး မဘသတွေရှေ့မှာ ပြောလေ့ရှိပါတယ်။ ထိုအခြေခံက ပြန်စဉ်းစားရင် ဘာမှနိုင်ငံသားမဖြစ်သေးသူ နေထိုင်ခွင့်ကိုတောင် အသိအမှတ်မပြုဘဲနဲ့ စစ်မှုထမ်းခိုင်းတာက ဥပဒေအရကို မှားနေခဲ့ပါတယ်။ နောက်စစ်မှုထမ်းဥပဒေအရ တပ်သားသစ်စုဆောင်းအပြီးမှာ စစ်သင်တန်းပေးရအုံးမှာပါ။ ဒါပေမယ့် မအလဟာ ရိုဟင်ဂျာတွေကို ထိုဒေသမှာ လက်ပူတိုက် စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးကာ ရှေ့တန်းပို့ခဲ့ပါတယ်။ မအလက ရခိုင်မှာ သူစစ်ရှုံးမှာသိပေမယ့် ရခိုင်နဲ့ ရိုဟင်ဂျာ ပြဿနာဖြစ်အောင် ရိုဟင်ဂျာကို လက်နက်တပ်ပေးပြီး မီးမွှေးနေတာပါ။ ဒါမျိုးကို အခြားဒေသတွေမှာလဲ လူနည်းစုတိုင်းရင်းသားနဲ့ လူများစုကို ရန်တိုက်ပေးဖို့ ပြင်ထားပါတယ်။ ဒီကိစ္စကိုကြည့်ရင် မအလတပ်ရဲ့လုပ်ရပ်ဟာ အုပ်ကြီးတွေပြောတာနဲ့ ကွာခြားနေတာ တွေ့ရမှာပါ။

မအလက ဘာအမိန့်ပေးထားလဲ? သင်တန်းအသစ်က ဧပြီလလယ်မှာ စမှာပါ။ သူက အထက်ကနေ ရသလောက်စုဖို့ တောင်းထားပါတယ်။ ၅၀၀၀ ထက်ပိုပါမယ်။ ဘာလို့လဲဆိုတော့ စစ်ရှုံးဒေသတွေမှာ ထိုးစစ်ဆင်ဖို့ လူလိုလို့ပါ။ ၅၀၀၀ ထက်ပိုတာကို သူကပြည်သူတွေက စစ်မှုထမ်းချင်လွန်းလို့ ဆန္ဒပြုတာပါဆိုပြီး ဝါဒဖြန့်မှာပါ။ အချို့ NLD ပါတီနဲ့ ဆက်စပ်သူက အစပိုင်းမှာ အရွေးခံရရင်တောင် ပြန်စီစစ်မှာပါ။ အချို့နေရာတွေမှာက လူများများကို အမြန်စုမှာပါ။ ဥပမာ အဘက စိတ်ချရတဲ့ တော်လှန်သူနည်းတဲ့ ဧရာဝတီတိုင်း၊  နေပြည်တော်နဲ့ ရန်ကုန်မှာပါ။ မန္တလေးက အချို့ဒေသတွေမှာ ကွက်ကြားမိုးရွာပါမယ်။ မကွေးတောင်ပိုင်းက အခြေအနေအရ ဖွတ်ဒေသတွေမှာ စုဆောင်းပါမယ်။ ဒါပေမယ့် စစ်ရှုံးတဲ့ ဒေသတွေမှာ သက်ဆိုင်ရာတိုင်းမှူးတွေက လိုသလို တပ်သားသစ်ကို ဖမ်းတာ စုတာတွေ ဆက်လုပ်မှာပါ။ ဒီအချိန်မှာ ဘောမတွေက ဘာစည်းကမ်း ညာစည်းကမ်းဆိုပြီး အုပ်ကြီးကို အပြစ်ပုံချတာ ကြားရမှာပါ။ ဒီဘောမတွေဟာ မအလအာဏာသိမ်းတာကိုလဲ ထောက်ခံခဲ့သူများပါ။

အကျဉ်းချုပ်ရရင် သင်မအလကို ဆက်ယုံနေသေးရင်တော့ ဆက်စောင့်လိုက်ပါ။ မအလဟာ သင်နဲ့ သင့်သားသမီးကို လိုရင်လိုသလို စစ်မှုထမ်းဖို့ ခေါ်မှာပါလို့ ပြောပါရစေ။ သူ့ပေါ်လစီက သူ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မှာပါ။ အကောင်းဆုံးကတော့ သင်ဘာလုပ်မလဲ ဆုံးဖြတ်ပြီး ပိုက်ဆံတတ်နိုင်ရင် နိုင်ငံခြားထွက် မတတ်နိုင်ရင် လွတ်မြောက်နယ်မြေသွားပါ။ သင်ကအုပ်ကြီးကို ပိုင်ရင်တော့ အုပ်ကြီးခေါ်ရင်လဲ သွားဖို့ပြင်ထားပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page