top of page
Search

အဘကို မမည် PPP

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 31, 2020
  • 1 min read

ပါတီဆိုတာက အင်္ဂလိပ်စကားကလာတာပါ။ Party ဆိုတာကို အင်္ဂလိပ်လို “a person or group taking one side of a question, dispute, or contest” လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မြန်မာလိုပြန်ရင်တော့ မေးခွန်းတစ်ခု၊ အငြင်းအခုံတစ်ခုဖြစ်ရာ တစ်ဘက်ထဲစုပြီး ပြိုင်တဲ့အဖွဲ့ကို ဆိုလိုပါတယ်။

ကမ္ဘာပေါ်မှာ လက်ဝဲဝါဒ၊ လက်ယာဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ နာဇီဝါဒတွေအပေါ်မှာ မူတည်ပြီး တူရာစုပြီးအုပ်စုဖွဲ့ရာက ပါတီဖြစ်ပေါ်လာပါတယ်။

မြန်မာပြည်မှာက ခြေဥမပြင်ရသေးလို့ ဝါဒအဆင့် ပါတီမရှိသေးဘဲ အာဏာရှင်ကိုတိုက်ဖို့ တရားမမျှတမှုတွေကိုတိုက်ဖို့ ဓမ္မပါတီပေါ်လာပြီး အဆိုပါပါတီကို NLD လို့ လူအများစုက သိကြပါတယ်။

အခြားပါတီတွေကတော့ ခိုးတာကိုကြိုက်သူများ၊ မိမိဝန်ကြီးဖြစ်ချိန်က ခိုးပြီး အရစ်ကျဆပ်သူများနဲ့ စုဖွဲ့ထားသလို၊ အချို့ပါတီကလဲ ပါမစ်နဲ့ချမ်းသာလာသူ၊ ကန်ထရိုက်တိုက်ကို အထပ်ခိုးတင်တာ လူမိသွားလို့ ဆက်မခိုးရလို့ မကျေနပ်သူတွေနဲ့ စုစည်းထားတဲ့ အုပ်စုတွေပါတဲ့ အဓမ္မပါတီတွေပါ။



နားလည်အောင်ပြောရရင် သီလဆောက်တည်သူတွေက ဘုန်ကြီးဆိုတဲ့ အစုအဖွဲ့မှာ ပါဝင်သွားသလို ခိုးသူများကို သူခိုး၊ လူသတ်သူကို လူသတ်သမားဆိုပြီး လူတွေက အုပ်စုဖွဲ့ခေါ်ကြပါတယ်။

လူဆိုတာက တူရာစုကြတာပါ။ PPP မှာ စိတ်တူ ကိုယ်တူ ကျော်ဇေယျတို့ သက်သက်ခိုင်တို့ မျိုးဆက်သွေးတို့က ဦးဆောင်တာ ကောင်းပါတယ်။ ကျော်ဇေယျ တပ်ထဲမှာ ဘယ်လို ဝုန်းပြီး ဘယ်လိုပြုတ်သွားတယ်ဆိုတာကတော့ ရေးပြီးပါပြီ။ ဒေါက်ခိုင်သမိုင်းကလဲ လူတွေယခုအချိန်မှာ သိလောက်ပါပြီ။အောက်မှာ ထပ်ရေးပြထားပါတယ်။ ဟိုဆရာဝန်လိုလိုနဲ့ အင်တာဗျူးတွေမှာ ဆရာကြီးစတိုင်နဲ့ ဖြေလေ့ရှိသူကတော့ ကျန်းမာရေးဝန်ကြီးကို ရိုင်းစိုင်းစွာရေးလို့ သတိပေးရာကနေ ကျန်းမာရေးဝန်ကြီးထံထွက်စာတင် ပြီးတော့ စောင့်ပါပြန်တောင်းပန်နဲ့ သမိုင်းကြောင်ခဲ့သူပါ။ သူတို့လဲ တူရာတွေ စုကြတာပေါ့။

ဒါတွေက အရေးမကြီးပေမယ့် PPP ပါတီရဲ့ ဥက္ကဌကြီး ဒေါက်ခိုင်က ကာကွယ်ရေး၊ ပြည်ထဲရေးကိုအရပ်သားက အုပ်ချုပ်ရအောင် အရပ်သားတွေက အရည်အချင်းရှိပြီလားဆိုပြီး ပြည်သူကို စော်ကားသွားခဲ့ပါတယ်။ သူမကိုကြိုက်သူအများစုက သူမဟာ ဒေါက်တာဘွဲ့ရပြီး MBA ရတယ် ဘာညာဆိုပြီးမြှောက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် သူမရဲ့ အဘဘောကိုမပြီး ပြည်သူကို စော်ကားတဲ့စကားကနေသူမရဲ့ အိမ်စာမကျေညက်မှုကို ပြသွားခဲ့ပါတယ်။ ယခုရာစုမှာ အမေရိကန် သမ္မတတွေဖြစ်တဲ့ ကလင်တန်၊ အိုဘားမားနဲ့ ထရမ့်တို့ဟာ စစ်တပ်မှာ အမှုမထမ်းခဲ့ပါ။ သူတို့ဟာ စစ်သေနာပတိချုပ်တွေပါ။ ကလင်တန်ဟာ ယူဂိုဆလပ်ကို ကိုင်လာသူပါ။ အိုဘားမားကလဲ အာဖဂန်မှာ တပ်တိုးပြီး ကိုင်လာသူပါ။ထရမ့်က တရုတ်နဲ့ ချနေသူပါ။ ထို့အတူပါဘဲ အခြား အမေရိကန် သမ္မတများဖြစ်တဲ့ Franklin Roosevelt, Herbert Hoover, Calvin Coolidge, Warren G Harding, Woodrow Wilson, William Howard တို့ဟာလဲ စစ်မှုမထမ်းဖူးကြပါ။ ဒါကအမေရိကန်သမိုင်း။ ယခုလက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့ဂျာမနီ ဝကခ Angela Merkel၊ အင်္ဂလန် ဝကခ ဂျွန်ဆင်၊ တူရကီ သမ္မတ အာဒိုဂန်၊ ပြင်သစ်သမ္မတ မာကွန်း တို့ဟာလဲ စစ်မှုမထမ်းဖူးပါ။ ပူတင်တောင် ထောက်လှမ်းရေးမှာသာ လုပ်ခဲ့တာပါ။


ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတွေဟာ ဥရောပ၊ အမေရိကန်နဲ့ အိန္ဒိယမှာ အရပ်သားတွေပါ။ယခုလို အခြေခံလောက်တောင်မသိဘဲ ပြည်သူကိုအရည်အချင်းရှိရဲ့လားလို့ မေးခွန်းထုတ်ပြီး အဘကိုမလိုက်တာကတော့ “အဘကို မမည် PPP” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ ကိုက်ပါတယ်လို့ ပြောပါရစေ။ဆက်ပြီးသာ မပါ PPP။ အောင်မြင်ပါစေ။ တူရာတွေ များများ စုစည်းနိုင်ပါစေ။


 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 01, 2020

ဦးမြတ် ! ဓမ္မ. နှင့် အဓမ္မ

ဓမ္မသည် မဖေါက်မပြန် အမှန် သစ္စာတရား၊ မေတ္တာ ကရုဏာ မုဒိတာ ကောင်းမြတ်သော အရည်အချင်းများနှင့် လက်ချင်းယှက် မြဲမြဲမြံ ချိတ်ဆက်ထားပါသည်။ မေတ္တာ အခြေခံသော သစ္စာအမှန်တရားသည် ဓမ္မ ဖြစ်ပါသည်။

တပါးသူ ချမ်းသာရေး မျှော်တွေး၊ ချမ်းသာရောက် ဝမ်းမြောက် ။ ဘာလို့ ဝမ်းမြောက်ရလဲ? ကံ ကံ၏ အကျိုး။ ငါ့အရေးဖြုတ် နောက်ဆုတ်၊ သူ့အရေး ရှေ့တန်တင်။ ငါ မရှုပ်လို့ ဖြူ ၊ ငါ လုပ်လို့ ပူ။ သဘာဝ နိယမတရား (ဝါ) ဓမ္မ။ ငါ ပါနေသမျှ ဟန်မကျ။ငါတကော ကော ငါ့သဘောချည်းဆို အများက လက်ခံ ယုံကြည်နိုင်ပါမည်လား?

ဒီမို အများပြည်သူ ဟု ဖွင့်ဆိုပါသည်။

ကောင်းကျိုးခံစားလိုသူများကို ကောင်းကျိုးပေါ်အောင် ဖေါ်ဆောင်ပေးမှ ဒီမို အသုံး အနှစ်အတုံးဖြစ်ပါမည်။ အများမျက်နှာလွဲ ငါ တကော ကော နဲ့ ကဲ မယ်ဆိုလျှင်တော့ ?

မေတ္တာ ပေး မှ မေတ္တာ မျှ မှ မေတ္တာ ရ ပါသည်။ အမှန် သစ္စာပါ။သဘာဝ နိယမပါ။

လှုတယ်ဆိုတာ မျှဝေမှု၊ အလှုခံ ပုဂ္ဂိုလ် ရသလို အလှုပေးပုဂ္ဂိုလ်လည်း ရ ပါသည်။ နိုင်ငံတော်အစိုးရက ငွေသား ပေးလှုလိုက်တာ(အစိုရ ငွေ ကုန်သွားပေမယ်)ပြန်ရသည်က အတိုင်းအဆ မရှိ မေတ္တာ။ အစိုးရ ငါတကော မကောပါ။ပြည်သူနှင့်အတူ လိုက်လျောညီထွေမှု ရှိနေပါသည်။

ဒါ့ကြောင့်လည်း fb တခွင်မှာ#ပြည်သူကစည်းရုံးရေးဆင်းပေးသည့်အစိုးရ#ဟု ထင်ပေါ်ကျော်ကြားနေပါသည်။

ဓမ္မ နှင့် အဓမ္မ သည် လားရာသွင်သွင်ကြီးဆန်ကျင်ပါသည်။

ထို့ကြောင့် အဓမ္မတို့ ရရှိမည့် အကျိုးရလဒ်သည်…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page