top of page
Search
  • Writer's pictureMyat Tun Oo

အဘကဒေါက်တာလဲ့လဲ့မော်ကိုလေးစားတယ် အဘကေဒါက္တာလဲ့လဲ့ေမာ္ကိုေလးစားတယ္


အဘကေဒါက္တာလဲ့လဲ့ေမာ္ကိုေလးစားတယ္

ဟိုေဒါက္တာလဲ့လဲ့ေမာ္ကိုသတင္းဌာနေပါင္းစံုကသတင္းေတြလႊင့္လူမုန္းေအာင္လုပ္အခ်င္းခ်င္းတိုင္လို႔အဂတိကစစ္တယ္။အဂတိတစ္ဖြဲ႕လံုးကမိုးက်။သူမကိုစြပ္စြဲတာကသူမသားကလွ်ပ္စစ္ကုမၸဏီမွာလုပ္တယ္။ဒီကုမၸဏီကကန္ထ႐ိုက္ရတာဟာသူမသားကအဲ့ဒီမွာလုပ္လို႔။သူမကိုဖမ္းတယ္။စစ္တယ္။တစ္ခုဘဲထြက္တယ္။သူမအိမ္ကိုဝယ္ထားတာကကာလေပါက္ေစ်းထက္သိန္း၁၄၀ပိုမ်ားေနတယ္။သူမဘဏ္အေကာင့္၊သူ႔ေယာက်ၤားဘဏ္အေကာင့္အကုန္ရွာတယ္ဘာမွမေတြ႕ဘူး။လူေတြကေတာ့ဝိုင္းေျပာၿပီးၿပီ။သတင္းသမားေတြ၊ခ႐ိုနီေတြကလဲေျပာလိုက္တာ။ဒါေပမယ့္ဘာမွအခ်ီႀကီးမခ်ျပႏိုင္ဘူး။ထပ္ေျပာမယ္ယခုစစ္တဲ့အဖြဲ႕ေတြမွာအထက္ကေအာက္အထိမိုးက်။NLD ကတစ္ေယာက္မွမပါဘူး။စာေရးသူကေတာ့တရား႐ံုးကအမိန္႔ကိုေစာင့္ပါမယ္။သူမဟာယခုေထာင္ထဲကေနအမႈရင္ဆိုင္ေနရတယ္။ဘာမွမေသခ်ာတဲ့အေထာက္အထားနဲ႔။ဒါကဒီမိုဝကခ။သမၼတေအာက္မွာရွိလို႔။

ယခင္စီမံဘ႑ာဝန္ႀကီးဦးေက်ာ္ဝင္း။သူ႔သားကကားပြဲစား။သူ႔သားကတိုက္ခန္းေျပာင္းတယ္။ပြဲစားထံမွာလူေတြကကားေရာင္းဖို႔ကားထားတယ္။ဒါနဲ႔ကားေတြမ်ားေနတယ္ဘာညာဆိုၿပီးတိုင္တယ္။သတင္းသမားကဖြတယ္။ဘာအေထာက္အထားမွမရွိဘူးေနာ္။ဒါေပမယ့္ဝင္စစ္တယ္။ဘာမွကိုမေတြ႕တာ။ဒါေပမယ့္ဝန္ႀကီးႏိုင္ငံျခားသြားတာကိုမသြားေစခ်င္လဲႀကိဳေျပာလို႔ရတာကိုႀကိဳမေျပာဘဲေလဆိပ္မွာပိတ္တယ္။စာေရးသူကိုလာလုပ္လဲထြက္မွာဘဲ။မိမိမွန္ေနရင္မႀကိဳက္။အဂတိကလဲNLD အခ်င္းခ်င္းျပႆနာတက္ၿပီးပြဲဆူေအာင္လုပ္တာ။ဘာမွမေတြ႕ဘူး။ထပ္ေျပာမယ္အဂတိအဖြဲ႕ကဥကၠဌကတပ္ထြက္အဖြဲ႕ဝင္ကရဲခ်ဳပ္ေဟာင္းနဲ႔မိုးက်အမ်ားစု။ဘယ္သူမွNLD ကိုခ်စ္လို႔မညႇာဘူး။အ႐ူးထၿပီးညႇာတယ္မေျပာနဲ႔။အေထာက္အထားမေတြ႕လို႔မလုပ္လို႔အျပစ္မရွိလို႔ရပ္ရတာ။ဒါေပမယ့္ဟိုကသိကၡာရွိေတာ့ထြက္သြားတယ္။

လာပါၿပီ။ဇီးပင္ႀကီးကဝန္ထမ္းဥကၠဌ။ဒီေလာက္ထင္ရွားေနတာအဂတိကဘာမွမေတြ႕ဘူး။ဒါကထားလိုက္။ညီညီေဆြကိစၥ။အဂတိကသူစစ္လို႔မရလို႔ေျပာၿပီးေရွာင္လိုက္တယ္။သမၼတကစစ္ခိုင္းလို႔ေပၚတင္ႀကီးျဖစ္ေနလို႔တပ္ကလုပ္လိုက္ရတာ။ဒါေတာင္တိတ္တိတ္ေလးျပန္လႊတ္ခ်င္လို႔ဟထားတယ္။

ဟိုရာထူးတက္သြားတဲ့ျပည္ထဲေရးဒုဝန္ႀကီး။သူ႔သားကားေတြ၊အိမ္ေတြကစုစုေပါင္းသိန္းေထာင္ခ်ီတယ္။အဂတိဘာလုပ္လဲ။ဘယ္သတင္းသမားလိုက္လဲ။သူ႔လခနဲ႔သူ႔သားပိုင္တာကဘာေၾကာင့္ကြာေနလဲ။သတင္းသမားေရာဖြသူေရာမ်က္ေစာင္းေတာင္မထိုးရဲဘူး။

ယခုMyanmar Now ကတပ္ခ်ဳပ္သားနဲ႔သမီးရဲ႕ကုမၸဏီေတြကိုဖြင့္ခ်လိုက္ၿပီ။ေဒါက္တာလဲ့လဲ့ေမာ္ကအိမ္ကိုေစ်းတင္ေရာင္းတာမွန္ခဲ့ရင္ေတာင္သိန္း၁၄၀၊ယခုကအဆ တစ္ေသာင္းမက။သူမကိုေျပာသူေတြ၊ေရးသူေတြ၊ဖြသူေတြဘာေျပာသလဲ။ဘာလုပ္ေနလဲ။အဂတိကေရာဒါကိုေက်ာ္ေဇာမႈနဲ႔မစစ္သင့္ဘူးလား။ဥပေဒအထက္မွာတပ္ခ်ဳပ္ေရာက္ေနတာဟာဒီ၂၀၀၈ေျခဥေၾကာင့္ပါ။

ႏိုင္ငံတစ္ခုကဘာဝယ္ဝယ္ေကာ္မရွင္ကိုဘယ္သူမွျမန္မာျပည္ထဲသယ္မလာပါ။ေဟာင္ေကာင္တို႔စင္ကာပူတို႔ကဘဏ္ေတြမွာသာထားပါတယ္။အခ်ိဳ႕ကသူတို႔ရဲ႕ကိုယ္ေရးအရာရွိေတြကိုေဟာင္ေကာင္ကိုသြားၿပီးပိုက္ဆံေတြကိုအသြင္းအထုတ္လုပ္ခိုင္းပါတယ္။ထိုကိုယ္ေရးအရာရွိကလူတစ္ေယာက္ကိုလုပ္ၾကံရာမွာသံသယတရားခံျဖစ္တဲ့အခါမိမိကိစၥေပၚမွာစိုးလို႔လႊတ္ေပးခိုင္းရပါတယ္။အဲ့ဒီလိုလႊတ္ဖို႔အမိ္န္႔ကိုနာခံလို႔ယခင္ကရာထူးခ်ထားသူကိုရာထူးျပန္တိုးၿပီးတပ္ဖက္ကိုျပန္ေခၚရပါတယ္။အားလံုးဟာအေပးအယူေတြပါ။ဒီလိုလုပ္ႏိုင္တာဟာလဲ၂၀၀၈ေျခဥေၾကာင့္ပါ။

ဒီ၂၀၀၈ေျခဥသာမရွိရင္ Victoria ကိစၥျဖစ္လာမွာမဟုတ္သလိုဦးကိုနီသတ္သူကိုလဲဖမ္းႏိုင္ပါမယ္။အားလံုးကိုဥပေဒနဲ႔အညီအဂတိကအေရးယူႏိုင္ပါမယ္။

ယခုေတာ့အဘကေဒၚလဲ့လဲ့ေမာ္ကိုသိန္း၁၄၀ေလာက္အိမ္ေရာင္းတာေစ်းကြာမႈနဲ႔ေထာင္ထဲမွာအမႈရင္ဆိုင္ေနတာကိုေလးစားတယ္လို႔ေျပာပါတယ္။

Unicode version

အဘကဒေါက်တာလဲ့လဲ့မော်ကိုလေးစားတယ်

ဟိုဒေါက်တာလဲ့လဲ့မော်ကိုသတင်းဌာနပေါင်းစုံကသတင်းတွေလွှင့်လူမုန်းအောင်လုပ်အချင်းချင်းတိုင်လို့အဂတိကစစ်တယ်။အဂတိတစ်ဖွဲ့လုံးကမိုးကျ။သူမကိုစွပ်စွဲတာကသူမသားကလျှပ်စစ်ကုမ္ပဏီမှာလုပ်တယ်။ဒီကုမ္ပဏီကကန်ထရိုက်ရတာဟာသူမသားကအဲ့ဒီမှာလုပ်လို့။သူမကိုဖမ်းတယ်။စစ်တယ်။တစ်ခုဘဲထွက်တယ်။သူမအိမ်ကိုဝယ်ထားတာကကာလပေါက်စျေးထက်သိန်း၁၄၀ပိုများနေတယ်။သူမဘဏ်အကောင့်၊သူ့ယောကျင်္ားဘဏ်အကောင့်အကုန်ရှာတယ်ဘာမှမတွေ့ဘူး။လူတွေကတော့ဝိုင်းပြောပြီးပြီ။သတင်းသမားတွေ၊ခရိုနီတွေကလဲပြောလိုက်တာ။ဒါပေမယ့်ဘာမှအချီကြီးမချပြနိုင်ဘူး။ထပ်ပြောမယ်ယခုစစ်တဲ့အဖွဲ့တွေမှာအထက်ကအောက်အထိမိုးကျ။NLD ကတစ်ယောက်မှမပါဘူး။စာရေးသူကတော့တရားရုံးကအမိန့်ကိုစောင့်ပါမယ်။သူမဟာယခုထောင်ထဲကနေအမှုရင်ဆိုင်နေရတယ်။ဘာမှမသေချာတဲ့အထောက်အထားနဲ့။ဒါကဒီမိုဝကခ။သမ္မတအောက်မှာရှိလို့။

ယခင်စီမံဘဏ္ဍာဝန်ကြီးဦးကျော်ဝင်း။သူ့သားကကားပွဲစား။သူ့သားကတိုက်ခန်းပြောင်းတယ်။ပွဲစားထံမှာလူတွေကကားရောင်းဖို့ကားထားတယ်။ဒါနဲ့ကားတွေများနေတယ်ဘာညာဆိုပြီးတိုင်တယ်။သတင်းသမားကဖွတယ်။ဘာအထောက်အထားမှမရှိဘူးနော်။ဒါပေမယ့်ဝင်စစ်တယ်။ဘာမှကိုမတွေ့တာ။ဒါပေမယ့်ဝန်ကြီးနိုင်ငံခြားသွားတာကိုမသွားစေချင်လဲကြိုပြောလို့ရတာကိုကြိုမပြောဘဲလေဆိပ်မှာပိတ်တယ်။စာရေးသူကိုလာလုပ်လဲထွက်မှာဘဲ။မိမိမှန်နေရင်မကြိုက်။အဂတိကလဲNLD အချင်းချင်းပြဿနာတက်ပြီးပွဲဆူအောင်လုပ်တာ။ဘာမှမတွေ့ဘူး။ထပ်ပြောမယ်အဂတိအဖွဲ့ကဥက္ကဌကတပ်ထွက်အဖွဲ့ဝင်ကရဲချုပ်ဟောင်းနဲ့မိုးကျအများစု။ဘယ်သူမှNLD ကိုချစ်လို့မညှာဘူး။အရူးထပြီးညှာတယ်မပြောနဲ့။အထောက်အထားမတွေ့လို့မလုပ်လို့အပြစ်မရှိလို့ရပ်ရတာ။ဒါပေမယ့်ဟိုကသိက္ခာရှိတော့ထွက်သွားတယ်။

လာပါပြီ။ဇီးပင်ကြီးကဝန်ထမ်းဥက္ကဌ။ဒီလောက်ထင်ရှားနေတာအဂတိကဘာမှမတွေ့ဘူး။ဒါကထားလိုက်။ညီညီဆွေကိစ္စ။အဂတိကသူစစ်လို့မရလို့ပြောပြီးရှောင်လိုက်တယ်။သမ္မတကစစ်ခိုင်းလို့ပေါ်တင်ကြီးဖြစ်နေလို့တပ်ကလုပ်လိုက်ရတာ။ဒါတောင်တိတ်တိတ်လေးပြန်လွှတ်ချင်လို့ဟထားတယ်။

ဟိုရာထူးတက်သွားတဲ့ပြည်ထဲရေးဒုဝန်ကြီး။သူ့သားကားတွေ၊အိမ်တွေကစုစုပေါင်းသိန်းထောင်ချီတယ်။အဂတိဘာလုပ်လဲ။ဘယ်သတင်းသမားလိုက်လဲ။သူ့လခနဲ့သူ့သားပိုင်တာကဘာကြောင့်ကွာနေလဲ။သတင်းသမားရောဖွသူရောမျက်စောင်းတောင်မထိုးရဲဘူး။

ယခုMyanmar Now ကတပ်ချုပ်သားနဲ့သမီးရဲ့ကုမ္ပဏီတွေကိုဖွင့်ချလိုက်ပြီ။ဒေါက်တာလဲ့လဲ့မော်ကအိမ်ကိုစျေးတင်ရောင်းတာမှန်ခဲ့ရင်တောင်သိန်း၁၄၀၊ယခုကအဆ တစ်သောင်းမက။သူမကိုပြောသူတွေ၊ရေးသူတွေ၊ဖွသူတွေဘာပြောသလဲ။ဘာလုပ်နေလဲ။အဂတိကရောဒါကိုကျော်ဇောမှုနဲ့မစစ်သင့်ဘူးလား။ဥပဒေအထက်မှာတပ်ချုပ်ရောက်နေတာဟာဒီ၂၀၀၈ခြေဥကြောင့်ပါ။

နိုင်ငံတစ်ခုကဘာဝယ်ဝယ်ကော်မရှင်ကိုဘယ်သူမှမြန်မာပြည်ထဲသယ်မလာပါ။ဟောင်ကောင်တို့စင်ကာပူတို့ကဘဏ်တွေမှာသာထားပါတယ်။အချို့ကသူတို့ရဲ့ကိုယ်ရေးအရာရှိတွေကိုဟောင်ကောင်ကိုသွားပြီးပိုက်ဆံတွေကိုအသွင်းအထုတ်လုပ်ခိုင်းပါတယ်။ထိုကိုယ်ရေးအရာရှိကလူတစ်ယောက်ကိုလုပ်ကြံရာမှာသံသယတရားခံဖြစ်တဲ့အခါမိမိကိစ္စပေါ်မှာစိုးလို့လွှတ်ပေးခိုင်းရပါတယ်။အဲ့ဒီလိုလွှတ်ဖို့အမိ်န့်ကိုနာခံလို့ယခင်ကရာထူးချထားသူကိုရာထူးပြန်တိုးပြီးတပ်ဖက်ကိုပြန်ခေါ်ရပါတယ်။အားလုံးဟာအပေးအယူတွေပါ။ဒီလိုလုပ်နိုင်တာဟာလဲ၂၀၀၈ခြေဥကြောင့်ပါ။

ဒီ၂၀၀၈ခြေဥသာမရှိရင် Victoria ကိစ္စဖြစ်လာမှာမဟုတ်သလိုဦးကိုနီသတ်သူကိုလဲဖမ်းနိုင်ပါမယ်။အားလုံးကိုဥပဒေနဲ့အညီအဂတိကအရေးယူနိုင်ပါမယ်။

ယခုတော့အဘကဒေါ်လဲ့လဲ့မော်ကိုသိန်း၁၄၀လောက်အိမ်ရောင်းတာစျေးကွာမှုနဲ့ထောင်ထဲမှာအမှုရင်ဆိုင်နေတာကိုလေးစားတယ်လို့ပြောပါတယ်။

2,835 views0 comments

Recent Posts

See All

ရာထူးတက်သူတွေပျော်လား?

ရာထူးတက်သူတွေပျော်လား? ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေ

Comments


bottom of page