top of page
Search

အဘကို စိတ်ဆိုးစေခဲ့သော အငှါးယှဉ်မောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 13, 2020
  • 1 min read

စာရေးသူက ရန်ကုန်ရောက်ရင် အငှါးကားစီးတာ YBS ကားစီးတာတွေလုပ်လေ့ရှိပါတယ်။မြို့ပတ်ရထားက လေ့လာဖို့သာ စီးပါတယ်။

အငှါးကားတွေစီးရင် သူတို့ကိုမေးတာက စီးပွါးရေးအဆင်ပြေလား ယခင်အစိုးရနဲ့ဘာကွာလဲ ဘယ်သူ့ကို မဲပေးမလဲဆိုတာပါ။

အငှါးကားမောင်းသူများက အုံနာကြေးပေးရသူရှိသလို ကိုယ်ပိုင်မောင်းသူများလဲ တွေ့ရပါတယ်။အားလုံးနီးပါးက ၂၀၁၇ နောက်ပိုင်း ခရီးသည်နည်းသွားပြီး ၂၀၁၉ မှာ ပြန်ကောင်းလာတယ်လို့ ဖြေကြပါတယ်။ ယခုအစိုးရတက်ချိန်မှာ မျှော်လင့်သလို စီးပွါးရေးတအားကြီး မတက်သွားပေမယ့် မကျတာတော့ သေချာပါတယ်လို့ ပြောကြပါတယ်။

တစ်ရက်မှာ စာရေးသူက အငြိမ်းစားယူထားတဲ့ စီနီယာ အဘကြီးထံကို သွားပါတယ်။ အဘကြီးအဆင့်က ကြီးပါတယ်။ မကြာသေးခင်ကမှ အနောက်နိုင်ငံတွေကို အလယ်သွားပြီး ပြန်လာသူပါ။ သက်ပြည့်တာနဲ့ ပင်စင်ယူပြီး ထွက်ခဲ့သူပါ။ အဘကြီးအဆင့်က အငြိမ်းစားယူထားတာတောင် အိမ်မှာကားမောင်းသမားရှိပါတယ်။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် စာရေးသူနဲ့ တက္ကစီငှါးစီးရပါတယ်။ အဘကြီးက စာရေးသူလို NLD ထောက်ခံသူမဟုတ်ပေမယ့် ဆဲတော့မနေပါ။ လက်ရှိတပ်ချုပ်ကိုတော့ သူ့သားက နာမည်ကြီးသွားပြီ ဆက်မလုပ်သင့်လို့ ပြောသူပါ။

သူက တက္ကစီသမားကိုမေးပါတယ်။ စီးပွါးရေးအဆင်ပြေလား ဘာညာပေါ့။ တက္ကစီသမားက အထက်မှာရေးသလို ပြန်ဖြေပါတယ်။ ဒါပေမယ့် တက္ကစီသမားကဆက်ပြီး ယခင်ကဆို ရဲကားကြောက်ရ၊ တပ်ကားကြောက်ရ၊ လမ်းကြောင်းကြောက်ရနဲ့ ရှိသမျှ ကြောက်နေခဲ့ရတဲ့ ဘဝဖြစ်ကြောင်း ယခုအချိန်မှာတော့ ယခင်အစိုးရလက်ထက်ကလို ကြောက်စရာတွေမရှိတော့ကြောင်း စီးပွါးရေးလဲ မီးဖိုး တိုးကောက်ထားတာတောင် အဆင်ပြေကြောင်း ယခင်စစ်အစိုးရက အသုံးမကျကြောင်းပြောပါတယ်။

အဲ့ဒီမှာ အဘကြီးက ငါကစစ်သားကွ ငါတို့ကောင်းမယ်ထင်တာလုပ်ခဲ့တာလို့ပြောတော့ တက္ကစီသမားက ကျွန်တော်လဲတပ်ထွက်ပါ ဒါပေမယ့် ကျွန်တော်ယခုအစိုးရလောက် ကောင်းတဲ့အစိုးရ ကျွန်တော်တစ်သက်မှာ မတွေ့ဖူးသေးဘူးအဘ။ ရန်ကုန်ဆိုလဲ မြို့ပေါ်တင်မဟုတ်ဘဲ လှည်းကူး၊ မှော်ဘီ၊ ကော့မှူးရွာဘက်တွေမှာပါ လမ်းတွေခင်း မီးတွေသွယ်နဲ့ အတော်ဖွံ့ဖြိုးသွားတာ သူတို့အုပ်ချုပ်တာ ဘာမှ မကြာသေးဘူးအဘ။ ကျွန်တော်က ၂၀၂၀ လဲ NLD သာ မဲပေးမှာပါ။ ကျွန်တော်လဲ စစ်သားလူထွက်ပါအဘ။ ဒါကတော့ အမှန်တရားပါလို့ ပြောလိုက်ပါတယ်။

အဘက သူ့ကိုပြောတာကတော့ ငါလဲ စစ်သားလူထွက်ပါ မင်းကြိုက်တာကို မဲပေးပါ ငါတို့တပ်ကိုတော့အပြစ်မတင်ပါနဲ့တဲ့။

တပ်ထဲမှာဖြစ်နေတဲ့ပြဿနာက အဘကြီးတို့လို တပ်ချုပ်နဲ့အလုပ်လုပ်ပြီး သက်ပြည့်ပင်စင်ယူခဲ့သူတွေက သူ့ကိုပါ ခေါ်ထုတ်မသွားခဲ့တာဟာ တပ်အတွက်မကောင်းဘူးဆိုတာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page