top of page
Search

အဘကံကြမ္မာအတွက် ဆုံးဖြတ်မည့် ရှေ့လများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2024
  • 2 min read

တော်လှန်ရေးမှာ NUG က တိုက်နေသလို အချို့ကိစ္စတွေမှာ မအလကလဲ တော်လှန်ရေးအရှိန်မကျအောင် လုပ်ပေးနေတာ တွေ့ရပါတယ်။ တော်လှန်ရေးမစခင် ဆန္ဒပြကထဲက မအလဟာ ဆန္ဒပြသူတွေကို လိုအပ်တာထက် အင်အားသုံးပစ်တာ၊ ဖမ်းတာ၊ နှိပ်စက်တာတွေလုပ်ပြီး လူတွေက သူ့ကိုအမြန်တော်လှန်အောင် တွန်းပို့ခဲ့တာ အားလုံးသိမှာပါ။ တော်လှန်ရေး အရှိန်လျော့မလိုဖြစ်လာရင် မအလက ကြေညာချက်တစ်ခုထုတ်ပြီး စစ်ရှိန်တက်အောင် လုပ်လာတာ တွေ့ရပါတယ်။ ယခုလုပ်လာတာ စစ်မှုထမ်းဥပဒေပါ။ ဒီဟာက ဧပြီလမှာ တရားဝင်စမှာဖြစ်ပြီး ထိုဧပြီလပိုင်းမှာ မအလအတွက် ကံကြမ္မာကို ဆုံးဖြတ်လာမယ်လို့ စာရေးသူက ယုံကြည်ပါတယ်။ အနိုင် အရှုံးမဟုတ်ပေမယ့် ဘယ်လမ်းသွားမယ်ဆိုတာလောက်တော့ ထင်ရှားလာမှာပါ။


ရခိုင်စစ်မျက်နှာ

အားလုံးသိတဲ့အတိုင်း ရခိုင်မှာ AA က ထိုးစစ်ဆင်နေတာ ပုဏ္ဍားကျွန်းရောက်နေပါပြီ။ စစ်တွေဟာ မတ်လထဲ ထိုးစစ်ဆင်ခံရနိုင်ပြီး စစ်တွေကျ မကျက ဧပြီလကုန်ရင်သိမှာပါ။ မအလတပ်ဟာ မြောက်ဦးကို AA က တိုက်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် သိမ်းနိုင်လိမ့်မယ် မထင်ခဲ့ပါ။ ယခု စစ်တွေကျခဲ့ရင်၊ စစ်တွေထက်ကျော်ပြီး အမ်းကျခဲ့ရင် တပ်ထဲမှာ အားလုံးက မအလရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်လာတာ၊ ဒီမိုကရေစီပေးဖို့ မဟုတ်ပေမယ့် မအလကို ဖယ်ထုတ်ဖို့ ယခုထက်ပိုပြီး နည်းမျိုးစုံနဲ့ ကြိုးစားလာနိုင်ပါတယ်။


လွိုင်ကော်

လွိုင်ကော်ဒကစဟာ အဝိုင်းခံထားရတာ ကြာနေပါပြီ။ KNDF က စစ်ပွဲအပြီးသတ်နိုင်တဲ့ လက်နက်လိုနေသေးလို့ မကျသေးတာပါ။ သူက ရှမ်းမြောက်ကသယ်နေတာက မအလတပ်က လမ်းကပိတ်တားထားလို့ လိုသလောက်မရသေးပါ။ ယခုက ဆီဆိုင်ကနေ တိုက်နေသလို SSPP ရှမ်းပြည်တပ်မတော်ကလဲ တိုက်လာနေလို့ လက်နက်လမ်းကြောင်းက အချိန်တစ်ခုရရင် ပွင့်သွားမှာပါ။ မတ်လအကုန်မှာ လမ်းကြောင်းပွင့်သွားခဲ့ရင် ဧပြီလမှာ လွိုင်ကော်ဟာ ကျသွားနိုင်ပါတယ်။ လွိုင်ကော်ဟာ ပြည်နယ်မြို့တော်ဖြစ်လို့ ကျခဲ့ရင် မအလထံ ဖိအားက ယခုထက်ပိုလာမှာပါ။


ရှမ်းမြောက်

မအလဟာ ယခုလောလောဆယ်မှာ အပစ်ရပ်ပြီး ထိန်းထားနိုင်ပါတယ်။ လားရှိုး အရှေ့မြောက်တိုင်းထဲမှာလဲ စစ်ပြင်ထားပါတယ်။ မေးခွန်းက အပစ်ရပ်က တည်မြဲမှာလား? ဒါမှမဟုတ် ညီနောင်သုံးဖော်က တိုက်မလားဆိုတာပါ။ သူတို့တကယ်တိုက်ခဲ့ရင်တော့ မူဆယ်နဲ့ လားရှိုးက ကျမှာပါ။ ဒါကလဲ မအလကို ဖိအားပိုတိုးလာမှာပါ။


စစ်ကိုင်း၊ ချင်းဒေသ

ရှမ်းမြောက်နဲ့ ရခိုင်မှာ လက်နက်တွေရပေမယ့် သယ်ဖို့က လမ်းကြောင်းနဲ့ အချိန်လိုပါတယ်။ NUG ကို ကြံဖန်ဖောင်းထုတဲ့ ဘောမခွေးများကိုပြောလိုတာက အမေရိကန်က တိုက်ရိုက်ထောက်ပံ့တဲ့ ယူကရိန်းရှေ့တန်းမှာတောင် လက်နက်မလုံလောက်လို့ မင်းတို့အဘ ဇယ်လန်းစကီးကအော်နေပါတယ်။ CNN၊ BBC၊ Telegraph၊ New York Times နဲ့ Washington Post တွေမှာ သတင်းပါပါတယ်။ သတင်းဖတ်ပါ။ NUG ကာဝန်က နိုင်ငံရေးအရ လုပ်စရာရှိတာလုပ်ပြီးသွားလို့ ငွေရရင် လက်နက်ဝယ်နိုင်မှာဖြစ်ပြီး ယခင်ကလို မအလသိမ်းထားတဲ့ နယ်တွေကို ရှောင်စရာမလိုတော့ပါ။ NUG/KIA/AA အောက် နယ်မြေတွေများလာရင် လက်နက်သယ်ရတာက လွယ်လာမှာပါ။ ဒါကြောင့် အဆိုပါဒေသတွေမှာလဲ ဧပြီလကုန်မှာ တိုက်ပွဲတွေက မြိုင်လာမှာပါ။


ပြည်သူ

မအလဟာ စစ်မှုထမ်းဥပဒေနဲ့ ကြားနေလိုသူများကိုလဲ တစ်ခုခုဆုံးဖြတ်ဖို့ တွန်းအားပေးလိုက်ပါပြီ။ ပိုက်ဆံတတ်နိုင်သူက နိုင်ငံခြားသွားကျောင်းတက်မှာဖြစ်သလို အချို့ကလဲ နယ်စပ်ဖြတ်ကျော် အလုပ်ထွက်လုပ်မှာပါ။ အချို့ကလဲ လွတ်မြောက်နယ်မြေကို ရောက်လာမှာပါ။ မအလထံ စိတ်ယိုင်သူကတော့ မအလခေါ်ရင် သွားမှာပါ။ အဆိုပါ လွတ်မြောက်နယ်မြေသွားသူက PDF ထဲ ဝင်တိုက်ရင်၊ NUG အစိုးရကို ဆေးဝန်ထမ်း၊ ဆရာ/ဆရာမအနေနဲ့ သွားကူရင် မအလအတွက် ပိုခံရဖို့သာ ဖြစ်လာမှာပါ။ မအလစစ်မှုထမ်းဥပဒေက ယခင်က G-Fatt လို အဆင်မပြေရင် အဘထံပြန်ပြေးမယ်ဆိုသူများကိုတောင် ပြန်လမ်းပိတ်လိုက်ပါပြီ။


မအလအလေးသာနိုင်ခြေ

AA က စစ်တွေမရခင် အပစ်ရပ်လိုက်ရင် မအလအတွက် အသက်ရူချောင်မှာဖြစ်သလို တပ်ထဲမှာလဲ ထွက်ပေါက်ရသွားမှာပါ။

လွိုင်ကော်ကို ဧပြီလအကုန်အထိ ဆက်ထိန်းထားနိုင်ခဲ့ရင် သူ့လူသစ်တွေနဲ့ ထိုးစစ်ပြန်ဆင်နိုင်လို့ မအလအတွက် အသက်ရူချောင် အခြေအနေကောင်းတယ်လို့ ပြောနိုင်မှာပါ။

ရှမ်းမြောက်မှာလဲ သူ့ကို ဧပြီလအထိ ဆက်မတိုက်ခဲ့ရင် မအလအနေနဲ့ အသက်ရူချောင်တယ်လို့ ပြောလို့ရမှာပါ။

စစ်မှုထမ်းအစပိုင်းမှာ သူ့တပ်ထောက်ခံသူ၊ မဘသနဲ့ ကြံ့ဖွတ်အချို့ကတော့ စစ်ထဲဝင်မှာပါ။ နောက် မီးသတ်၊ ကြက်ခြေနီ၊ ဝန်ထမ်းအချို့၊ သူ့ထံက အကြွေးယူထားသူအချို့ကလဲ စစ်ထဲဆွဲသွင်းတာ ခံရမှာပါ။ ဒါကြောင့် မအလတပ်ထဲမှာ တပ်သား နှစ်သောင်းလောက်ဟာ ဇူလိုင်လောက်မှာတိုးလာမှာဖြစ်ပြီး အထက်မှာပြောခဲ့သလို သူ့ကို မတိုက်ခဲ့ရင် သူကခံစစ်ကိုတိုးချဲ့ပြီး ထိုးစစ်ကို ယခင်ကရေးခဲ့သလို ရှမ်းမြောက်မှာ ဝဒေသကို ဦးတည်ပြီးစမှာပါ။ သူ့ထိုးစစ်အောင်မြင်ပြီး နယ်မြေတွေပြန်ရခဲ့ရင် သူနာမည်ရမှာဖြစ်ပြီး ထိုထိုးစစ်အပြီးမှာ ကယား၊ ရခိုင်တို့ကို ပြန်ထိုးစစ်ဆင်မှာပါ။ ထိုအချိန်မှာ ဒရုံးပစ်ချလက်နက်တွေ ဒရုံးတွေက တပ်ရင်းတိုင်းမှာ ဖြန့်ကျက်ထားနိုင်မယ်လို့ မအလက ယုံကြည်ထားပါတယ်။

အကျဉ်းချုပ်ရရင် မတ်လ၊ ဧပြီလတွေဟာ မအလရဲ့ ကံကြမ္မာကို ဆုံးဖြတ်သွားမှာပါ။ ဒီနေရာမှ ကံဟာ အလုပ်ဖြစ်ပြီး ယခုတိုက်နေသူအားလုံး ဘယ်လောက်အထိ မအလကို ဝိုင်းတိုက်မလဲ ဘယ်လောက်အထိ မအလကို ဖြုတ်ချင်သလဲအပေါ်မှာသာ မူတည်နေပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page