top of page
Search
  • Writer's pictureMyat Tun Oo

အဖားလွန်သွားတဲ့အခါ အဖားလြန္သြားတဲ့အခါ


အဖားလြန္သြားတဲ့အခါ

စာေရးသူတို႔နဲ႔စာဖတ္သူမ်ားကအခ်ိဳ႕ကိစၥေတြဆိုရင္အဘကဘာလုပ္တယ္ညာလုပ္တယ္ထင္တာရွိပါတယ္။ေနာက္ၿပီးမိုးက်ေတြဆိုသံသယဝင္ၾကပါတယ္။ျပႆနာကအခ်ိဳ႕ကိစၥေတြမွာအဘကဘာမွမေျပာေသးဘဲအဖားလြန္သြားတာေတြရွိပါတယ္။

ပထမဥပမာကလႊတ္ေတာ္ကိစၥပါ။လႊတ္ေတာ္မွာေျခဥျပင္တဲ့အေရးႀကီးအဆိုကိုေဆြးေႏြးစဥ္မွာတပ္ကိုယ္စားလွယ္ကမတ္တပ္ထရပ္ပါတယ္။ကန္႔ကြက္ပါတယ္။ဒီလိုျဖစ္တာကိုလူေတြျမင္ရင္တပ္သိကၡာက်မွာစိုးရိမ္ၿပီးဖားၿပီးေတာ့ေဟမာေနဝင္းသီခ်င္းထဖြင့္ပါတယ္။ဝန္ႀကီးကေမးတဲ့အခါမွာတပ္ကုန္းမွာတပ္ကထိန္းခ်ဳပ္ထားတဲ့ေျမေအာက္ႀကိဳးျပတ္လို႔ဆိုၿပီးဆင္ေျခေပးပါတယ္။ဒါကိုလဲဆရာေဖကအစပိုင္းမွာလက္ခံလိုက္ပံုပါ။

ဒါေပမယ့္တပ္ကသူ႔ကိုဖားၿပီးလုပ္ေပးလိုက္ၿပီးဖာလိုက္တာကိုငါတို႔ကမျဖတ္ဘူးဆိုၿပီးထေျပာပါတယ္။စံုစမ္းရာမွာေတာ့ကိုျမင့္ေထြးရဲ႕လိမ္ထားတာေပၚသြားၿပီးသမၼတႀကီးျဖဳတ္တာခံလိုက္ရတာပါ။

ေနာက္တပ္ကိုေဝဖန္တဲ့ဒီမိုေတြကိုဖမ္းရင္ရဲမိုးက်ေတြကပိုပိုသာသာေလးလက္ထိပ္ခတ္တာတို႔၊မခံခ်င္ေအာင္လုပ္တာတို႔နဲ႔အဘေက်နပ္ေအာင္ဖမ္းေလ့ရွိပါတယ္။အဘကဖုန္းဆက္ေျပာလိုက္ရင္ေတာ့ေနစရာမရွိေတာ့ပါ။ထို႔အတူပါဘဲအဘေထာက္ခံတဲ့ဘုန္းႀကီးကဝရမ္းေျပးျဖစ္ရင္လဲရဲကမမိေအာင္ဖမ္းပါတယ္။ဒါကလဲအဘကိုဖားျပတာပါ။ဒီေနရာမွာလႊတ္ေတာ္ေရာအစိုးရေရာစဥ္းစားရမွာကၫႊန္ခ်ဳပ္တို႔ရဲခ်ဳပ္တို႔ကိုသမၼတအဆင့္ကျဖဳတ္ႏိုင္သလိုတိုင္းအဆင့္ျပည္နယ္အဆင့္ရာထူးေတြကိုျပည္ေထာင္စုဝန္ႀကီးကမဟုတ္ဘဲတိုင္း(သို႔) ျပည္နယ္ဝန္ႀကီးခ်ဳပ္ကစံုခံုမဖြဲ႕ဘဲျဖဳတ္လို႔ရေအာင္ဝန္ထမ္းဥပေဒကိုျပင္ထားေပးသင့္ပါတယ္။ဥပမာျပည္နယ္ရဲမႉးႀကီးအဆင့္ေတြေပါ့။

ဒီလိုသာသူတို႔ကိုဝကခေတြကျဖဳတ္လို႔ရရင္ယခုလိုအဖားၾကမ္းတဲ့မိုးက်ေတြဟာသခင္ဘယ္သူလဲသိလာမွာပါ။ေခြးေတာင္မွက်င့္ေပးရင္သခင္ဘယ္သူလဲသိပါတယ္။ကေလးဟာမသိနားမလည္ခင္ဒုတ္ျပမွေၾကာက္တာပါ။ေနာက္မွသိနားလည္ေအာင္သင္ယူရတာပါ။လူလိုနားလည္သြားရင္ေတာ့ဒုတ္ျပစရာမလိုဘူးေပါ့။မဟုတ္ရင္ေတာ့မိုးက်ေတြကဆက္ဖားၿပီးကန္႔လန္႔တိုက္ေနမွာပါ။စဥ္းစားပါ။

Unicode version

အဖားလွန်သွားတဲ့အခါ

စာရေးသူတို့နဲ့စာဖတ်သူများကအချို့ကိစ္စတွေဆိုရင်အဘကဘာလုပ်တယ်ညာလုပ်တယ်ထင်တာရှိပါတယ်။နောက်ပြီးမိုးကျတွေဆိုသံသယဝင်ကြပါတယ်။ပြဿနာကအချို့ကိစ္စတွေမှာအဘကဘာမှမပြောသေးဘဲအဖားလွန်သွားတာတွေရှိပါတယ်။

ပထမဥပမာကလွှတ်တော်ကိစ္စပါ။လွှတ်တော်မှာခြေဥပြင်တဲ့အရေးကြီးအဆိုကိုဆွေးနွေးစဉ်မှာတပ်ကိုယ်စားလှယ်ကမတ်တပ်ထရပ်ပါတယ်။ကန့်ကွက်ပါတယ်။ဒီလိုဖြစ်တာကိုလူတွေမြင်ရင်တပ်သိက္ခာကျမှာစိုးရိမ်ပြီးဖားပြီးတော့ဟေမာနေဝင်းသီချင်းထဖွင့်ပါတယ်။ဝန်ကြီးကမေးတဲ့အခါမှာတပ်ကုန်းမှာတပ်ကထိန်းချုပ်ထားတဲ့မြေအောက်ကြိုးပြတ်လို့ဆိုပြီးဆင်ခြေပေးပါတယ်။ဒါကိုလဲဆရာဖေကအစပိုင်းမှာလက်ခံလိုက်ပုံပါ။

ဒါပေမယ့်တပ်ကသူ့ကိုဖားပြီးလုပ်ပေးလိုက်ပြီးဖာလိုက်တာကိုငါတို့ကမဖြတ်ဘူးဆိုပြီးထပြောပါတယ်။စုံစမ်းရာမှာတော့ကိုမြင့်ထွေးရဲ့လိမ်ထားတာပေါ်သွားပြီးသမ္မတကြီးဖြုတ်တာခံလိုက်ရတာပါ။

နောက်တပ်ကိုဝေဖန်တဲ့ဒီမိုတွေကိုဖမ်းရင်ရဲမိုးကျတွေကပိုပိုသာသာလေးလက်ထိပ်ခတ်တာတို့၊မခံချင်အောင်လုပ်တာတို့နဲ့အဘကျေနပ်အောင်ဖမ်းလေ့ရှိပါတယ်။အဘကဖုန်းဆက်ပြောလိုက်ရင်တော့နေစရာမရှိတော့ပါ။ထို့အတူပါဘဲအဘထောက်ခံတဲ့ဘုန်းကြီးကဝရမ်းပြေးဖြစ်ရင်လဲရဲကမမိအောင်ဖမ်းပါတယ်။ဒါကလဲအဘကိုဖားပြတာပါ။ဒီနေရာမှာလွှတ်တော်ရောအစိုးရရောစဉ်းစားရမှာကညွှန်ချုပ်တို့ရဲချုပ်တို့ကိုသမ္မတအဆင့်ကဖြုတ်နိုင်သလိုတိုင်းအဆင့်ပြည်နယ်အဆင့်ရာထူးတွေကိုပြည်ထောင်စုဝန်ကြီးကမဟုတ်ဘဲတိုင်း(သို့) ပြည်နယ်ဝန်ကြီးချုပ်ကစုံခုံမဖွဲ့ဘဲဖြုတ်လို့ရအောင်ဝန်ထမ်းဥပဒေကိုပြင်ထားပေးသင့်ပါတယ်။ဥပမာပြည်နယ်ရဲမှူးကြီးအဆင့်တွေပေါ့။

ဒီလိုသာသူတို့ကိုဝကခတွေကဖြုတ်လို့ရရင်ယခုလိုအဖားကြမ်းတဲ့မိုးကျတွေဟာသခင်ဘယ်သူလဲသိလာမှာပါ။ခွေးတောင်မှကျင့်ပေးရင်သခင်ဘယ်သူလဲသိပါတယ်။ကလေးဟာမသိနားမလည်ခင်ဒုတ်ပြမှကြောက်တာပါ။နောက်မှသိနားလည်အောင်သင်ယူရတာပါ။လူလိုနားလည်သွားရင်တော့ဒုတ်ပြစရာမလိုဘူးပေါ့။မဟုတ်ရင်တော့မိုးကျတွေကဆက်ဖားပြီးကန့်လန့်တိုက်နေမှာပါ။စဉ်းစားပါ။

1,662 views0 comments

Comments


bottom of page