Myat Tun Oo
အဖေနှင့်သားများ

ယခုရွေးကောက်ပွဲမှာ NLD က အပြတ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲကတဆင့် သာဝရဲ့ အာဏာရယူရေးလမ်းစဉ်က ပျက်သွားခဲ့ပါပြီ။ ဒီနေရာမှာ သာဝကျန်တာက ဆူပူမှုတွေကနေ အာဏာယူနိုင်တဲ့နည်း၊ မိမိလူတွေကို ၂၀၁၅ မှာ တောင်းစဉ်က မရတဲ့နေရာမှာ ခန့်ထားနိုင်တဲ့ နည်းတွေပါ။
ယခု ဆူနေတာတွေက ထူးဆန်းနေပါတယ်။ ပထမဆုံးက ထောက်ပံ့ကြေးမရတာပါ။ ဒီထောက်ပံ့တာဟာ ယခုမှ ပထမအကြိမ်ပေးတာမဟုတ်ပါ။ ယခင်ပေးချိန်က ဘာအသံမှ မထွက်ခဲ့ပါ။ ယခုအချိန်ယူပြီး လုပ်ထားချိန်မှာမ အသံတွေ ကျယ်လောင်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ ထွေအုပ်ကလူတွေကရပ်ကျေးတွေကို အပြစ်တင်ပြီး ရပ်ကျေးထွေအုပ်ရွေးရင် သေချာရွေးဖို့ မျက်နှာပြောင်တိုက်ပြီး ထွေအုပ်ဝန်ကြီးကိုယ်တိုင်က လိုင်းပေါ်ကနေ မိမိရဲ့ အုပ်ချုပ်မှုညံ့ဖျင်းတာ၊ ခေါင်းဆောင်မှု ညံ့ဖျင်းတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကို လက်အောက်ငယ်သား ရပ်ကျေးတွေကို အပြစ်ပုံချနေတာဟာ အင်မတန်မှတာဝန်မဲ့ပါတယ်။
တကယ်ဆိုရင် ယခုလို ပိုက်ဆံထောက်ပံ့တာဟာ အစိုးရက မျက်နှာရသင့်တဲ့ စီမံကိန်းပါ။ ဒီကိစ္စကိုထွေအုပ်တွေက ဆူပူအောင် ဖန်တီးတာက တိုက်ဆိုင်လွန်းနေပါတယ်။ ဖြစ်သင့်တာက DASSK အနားမှာရှိနေတဲ့ ထွေအုပ်ဝန်ကြီးဟာ ဒီကိစ္စကို DASSK ရဲ့ ပေါ်လစီကို သေချာမေးပြီး စာရင်းကောက်ရမှာပါ။ အောက်ကလူတွေကိုလဲ သေချာ ကြီးကြပ်ရမှာပါ။ ယခုကတော့ မိမိရဲ့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် ပြည်သူတွေထံက မျက်နှာရမယ့်အလုပ်ဟာ သေနတ်ပစ်ဖောက် လူစုခွဲရတဲ့အဖြစ်အထိ ရောက်ခဲ့ရပါပြီ။ လူမသေတာ ကံကောင်းသွားပါတယ်။
ယခုအချိန်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကလဲ လွယ်ကူစွာတွေ့နေရပြီး တမင်များ မဆူဆူအောင်လုပ်နေသလား ထင်ရပါတယ်။ အဖေက အာဏာသိမ်းဖို့အတွက် သားတွေက အကွက်ဟပေးထားသလိုပါ။ နိုင်ငံခြားမှာတော့ တာဝန်ရှိသူဝန်ကြီးက နုတ်ထွက်သွားမှာပါ။ မြန်မာပြည်ကတော့မျက်နှာပြောင်တိုက်ပြီး အောက်ကလူကိုသာ ထိုးကျွေးနေတာပါ။
ရိုက်နေတဲ့ ဇတ်ကားကတော့ ထွေအုပ်နဲ့ သာဝပေါင်းပြီး အဖေနှငိ့သားများဇတ်ကား ရိုက်နေတာပါလို့ပြောပါရစေ။ သတိရှိကြပါ။