top of page
Search

အဖားကြမ်းသောအဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 18, 2020
  • 1 min read

အဖားကြမ်းသောအဘ

သတင်းတွေထဲမှာ ကလေးတွေကြိုရတယ် တစ်နာရီစောင့်ရတယ် ဘာညာပြောနေလို့ ဒါက ကလေးတွေဆိုတာ တရုတ်သမ္မတကိုတွေ့ချင်ရင်လဲ ထွက်ကြိုတာဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ DASSK က တရုတ်သမ္မတကို လေဆိပ်ကမကြိုဘဲ သမ္မတအိမ်တော်ကသာ စောင့်ကြိုခဲ့ပေမယ့် အဘက တပ်မတော်လေက တိုက်လေယဉ်နှစ်စင်းကို မြန်မာ့လေပိုင်နက်ညဝင်လာချိန်ကထဲကထူးရှယ်အနေနဲ့ စောင့်ခိုင်းပြီး နေပြည်တော်ဆင်းချိန်အထိ လိုက်စောင့်ပေးခဲ့ပါတယ်။

ဝ ကလဲ သူ့အဖေလေယဉ်ကို မပစ်ပါ။ KIA၊ TNLA နဲ့ AA ကလဲ မော်တောင် မကြည့်ရဲပါ။ ဒါကြောင့်တကယ်ဘယ်သူမှ ပစ်မချနိုင် ပစ်မချရဲတဲ့လေယဉ်ကို အဘက ထူးရှယ်စောင့်ပေးခဲ့တာပါ။

အစိုးရအဖွဲ့ကခိုင်းတာမဟုတ်ပါ။ အဘက မိမိသမ္မတတောင် ယခုလို မစောင့်ရှောက်ခဲ့ပါ။ ဟို အဘကဘောမတယ်လို့ ပြောလဲရပါတယ်။ အဘက ရှယ်မပေးလိုက်တာပါ။

အစိုးရကိုသာ တစ်ဖက်စောင်းနင်းပြောလေ့ရှိတဲ့ အမျိုးသားရေးသမားတွေ မီဒီယာတွေ ပြောလို့ရပါပြီ။ အဘက ဘောမတဲ့နေရာမှာတော်ပါတယ်။

Photo credit: တပ်ချုပ်ရုံးစာမျက်နှာ

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page