အပြောမဟုတ်ဘဲ ဘိုင်ဒင်ရခိုင်မှာ ကူမှာလား?
ဒီနေရာမှာ စာရေးသူက AA ဘက်က ခုခံပြောကြားမှာမဟုတ်သလို ရိုဟင်ဂျာဘက်ကလည်း ပြောမှာမဟုတ်ပါ။ ယခုဖြစ်ပျက်နေတာတွေကိုသာ တင်ပြမှာဖြစ်ပါတယ်။
စာရေးသူရခိုင်က ဘူးသီးတောင်မှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိသေးပါ။ ဒါကြောင့် ဘာ “We Stand” မှ မလုပ်ပါ။ စာရေးသူ အမှန်သုံးချက်ကိုတော့ သိပါတယ်။ ပထမအချက်က စရဖဟာ ရိုဟင်ဂျာလက်နက်ကိုင်အချို့ကို မတည်မငြိမ်ဖြစ်အောင် ARSA၊ RSO နဲ့ ဖွတ်ရိုတွေကတဆင့် လက်နက်ထောက်ပံ့ခဲ့တယ်ဆိုတာပါ။ ဒုတိယအချက်က ခေါင်းဖြူဌေးအောင်ကို မအလတက်အပြီး အာရပ်နိုင်ငံအချို့ကို လွှတ်ခဲ့ပြီး OIC က မအလကို ICJ မှာ အမှုရုတ်ပေးရင် ရိုကို နိုင်ငံသားပေးမယ် အများစုကို ပြန်လက်ခံမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါကို သတင်းတွေမှာ မတွေ့ခဲ့ရပါ။ တတိယအချက်က ရိုရွာတွေ ယခုစစ်ပွဲမှာ မီးရှို့ခံခဲ့ရတာပါ။
မြန်မာပြည်မှာ မင်းအောင်လှိုင်ကို တော်လှန်တိုက်ခိုက်ချိန်ကစပြီး ပြည်သူတွေ သိန်းသန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာ သေကြေပျက်စီးနေတာ ဗုံးကြဲခံရတာ အားလုံးမြင်တွေ့ပြီးဖြစ်ပါတယ်။ အနောက်အုပ်စုကလည်း ရံဖန်ရံခါ စိုးရိမ်ကြောင်း ကုလကလည်း စိုးရမ်ကြောင်း စာထုတ်လေ့ရှိပါတယ်။ ဒီအခေါက်က အမေရိကန်နဲ့ အနောက်အုပ်စုက စာထုတ်တာ အင်မတန်မြန်တာတွေ့ရပါတယ်၊ ၁၉၅ ဖွဲ့ကလဲ စာထုတ်တာမြန်ပါတယ်။ မြေပြင်ကသတင်းတွေကို စာရေးသူထက် အမေရိကန်ထောက်လှမ်းရေးက ရနိုင်တာမြန်တာ ဖြစ်နိုင်ပေမယ့် ၁၉၅ ဖွဲ့က အတိအကျသိတာက CIA ကများ သတင်းလှမ်းပေးလို့ သိတာလား မေးခွန်းထုတ်စရာရှိပါတယ်။ သူတို့ကတော့ စာရေးသူထက်မြန်တာက မေးခွန်းထုတ်စရာပါ။
အမေရိကန်ဟာ အကူအညီများကို မြန်မာပြည်သူထံ အထူးသဖြင့် အညာဒေသကပြည်သူများထံ တစ်ပြားမှ မထောက်ပံ့ခဲ့ပါ။ အမေရိကန်က အရပ်ဖက်အဖွဲ့ဆိုသူများ media များကိုတော့ ငွေအနည်းငယ် ထောက်ပံ့ပါတယ်။ အခြားလူ့အခွင့်အရေးအဖွဲ့များကိုလည်း အနည်းငယ်ထောက်ပံ့ပါတယ်။ အမေရိကန် အကူအများစုက ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားပါတယ်။ ထိုင်း-မြန်မာနယ်စပ်က စခန်းအချို့ကို သွားနိုင်ပါတယ်။ ၈၀:၂၀ လောက်သာပါ။ ဒါပေမဲ့ ပြည်သူ့အစိုးရ NUG ကိုတော့ဝန်ကြီးတွေကို ခေါ်တွေ့ပြီး ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ပြောတာကလွဲလို့ လက်နက် ရော လက်နက်မဟုတ်တဲ့ အခြားအထောက်အပံ့ ရောယခုအချိန်အထိ တစ်ပြားမှ မပေးခဲ့ပါ။ ပိုဆိုးဝါးတာက အမေရိကန်ထောက်ပံ့တဲ့အဖွဲ့များမှ NUG အားဘာလုပ် ဘာညာလုပ်ပါဟု အမေရိကန်ထောက်ပံ့သော media များမှတဆင့် ပြောကြားလေ့ရှိတာပါ။။ သူတို့က အမေရိကန်က ဘိုင်ဒင်မထောက်ပံ့တာဟာ အမေရိကန်ရဲ့ မူဝါဒကြောင့်လို့ အမှန်တရားအတိုင်းမပြောဘဲ NUG က ဘာမလုပ်သေးလို့ ညာမလုပ်သေးလို့ဆိုပြီး NUG ကိုသာ ပြည်သူက အပြစ်မြင်အောင် အမေရိကန်ထောက်ပံ့တဲ့ မီဒီယာကတဆင့် ဂျင်းထည့်ပြီး ပြန်ပြောတာပါ။ သူဆို့ကို အတိတ်မေ့မှာစိုးလို့ ဥပမာလေးတွေ ပြောပြပါ့မယ်။ အမေရိကန်ဟာ သူထောက်ပံ့လိုသူ အီရတ်အတိုက်အခံတွေကို သူ့ပြည်သူက မထောက်ခံလဲ ထောက်ပံ့ခဲ့ပြီး ဗင်နီဇွဲလားက ဂီဒိုဖွဲ့တဲ့ စင်ပြိုင်အစိုးရကိုလဲ သူ့အောက်မှာ ဘာတပ်မှမရှိ ဘယ်သူမှမရှိပေမယ့် ထောက်ပံ့ခဲ့ပါတယ်။ အမေရိကန်က NUG ဝန်ကြီးတွေ မြန်မာပြည်က ထင်ရှားသူတွေကို နိုင်ငံရေး ခိုလှုံခွင့်ပေးပေမယ့် ဒီအရေအတွက်ဟာ ဆီးရီးယားနဲ့ အာဖဂန်က ဒုက္ခသည်တွေနဲ့ ယှဉ်ရင် ဟိုက လူတစ်ထောင်ခိုလှုံခွင့်ပေးရင် မြန်မာပြည်က လူတစ်ယောက်တောင် မပေးပါ။ ၁၀၀၀:၁ ပါ။
အမေရိကန်က NUG နဲ့ ဖော်ရွှေတွေ့ပြလို့ တရုတ်ကလည်း NUG ကို သံသယရှိပါတယ်။။ ဒါကြောင့် တရုတ်နဲ့ မကင်းတဲ့အဖွဲ့အစည်းတွေက NUG ကို စစ်မြေပြင်မှာ စစ်ကို ပြောင်းလဲစေနိုင်တဲ့ လက်နက်အများအပြား မပေးကြပါ။ အမေရိကန်ကလည်း လက်နက်မပေးဘဲ သူထောက်ပံ့ထားတဲ့ NGO, CSO နဲ့ media များက တရုတ်မကောင်းကြောင်း ပုံမှန်ပြောလို့ ပြည်သူအများစုကလည်း တရုတ်ကိုမုန်းပါတယ်။ ဒါကြောင့် NUG ကလဲ တရုတ်နဲ့ တအားသွားဆက်ဆံလို့မရပါ။။ ဒါကြောင့် NUG က ပြည်သူ့တရုတ်အမုန်းနဲ့ တကယ်မထောက်ပံ့ဘဲ လော်ဘီအားကောင်းတဲ့ အမေရိကန်ထောက်ပံ့ခံ မီဒီယာ၊ NGO/CSO ကြား ကြားညှပ်နေပါတယ်။ ရလာဒ်က တော်လှန်ရေးဟာ တရုတ်အကူအညီလဲမရ အမေရိကန် အကူအညီလဲမရဘဲ ကြာနေတာပါ။
ယခုရခိုင်ကိစ္စမှာ ဘယ်သူကဘာဆိုတာ အမှန်တရားကို စာရေးသူ မသိနိုင်ပါ။ သေချာတာကတော့ မအလရဲ့ စရဖဟာARSA တို့လို အကြမ်းဖက်အဖွဲ့စည်းတွေနဲ့ ရခိုင်မှာ လူမျိုးရေးဖြစ်အောင် မီးမွေးခဲ့တယ်ဆိုတာပါ။ ဒါကြောင့် ဘယ်သူဘာလုပ်တယ်ဆိုတာ မပြောနိုင်ပေမယ့် ရိုဟင်ဂျာတွေ ထွက်ပြေးနေရတယ်ဆိုတာကလည်း အမှန်တရားပါ။ ဒီနေရာမှာ ရိုဟင်ဂျာတွေအတွက် အရမ်းကိုစိုးရိမ်နေတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်ဦးဆောင်တဲ့ နောက်အုပ်စုဟာ တကယ်ကူညီချင်တယ်ဆိုရင် ဝမ်းနည်းတာ စိုးရိမ်တာမဟုတ်ဘဲ ရခိုင်မှာ တကယ်ကူညီလို့ ရနေပါပြီ။
ရခိုင်ဟာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ အလုံးစုံနီးပါး ရောက်ရှိနေပါပြီ။ ရခိုင်ဟာ NUG အောက်မှာ မရှိနေပါ။ အမေရိကန်က အကူအညီတွေကို ဘင်္ဂလာဒေ့ရှဒ်ကနေ ဂါဇာမှာလုပ်သလို အများကြီး ဒုက္ခသည်တွေအတွက် ရိက္ခာပို့ပေးလိုက်ရင် ရိုဟင်ဂျာတွေလည်း အဆင်ပြေမှာပါ။ ဒီလိုကူညီရာမှာ အမေရိကန်နဲ့ ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာကိုသာ ကွက်ကူညီရင်တော့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားရာ ရောက်ပါလိမ့်မယ်။ အမေရိကန်မူဝါဒကို ထင်ဟတ်မှာ မဟုတ်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်အမေရိကန်နဲ့အနောက်အုပ်စုဟာ ရခိုင်မှာ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုးတွေ အခြားချင်းလူမျိုးတွေ အခြားလူမျိုးတွေကိုလည်း ကူညီရပါမယ်။ ဒီကိစ္စဟာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအတွက် ကူညီချင်တယ်ဆိုရင် တကယ်ကို အခွင့်အရေးတစ်ရပ်ပါတယ်။ လက်နက်မပေးချင်ရင်တောင်မှ ဆေးဝါးနဲ့ ရိက္ခာများကို ထောက်ပံ့နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ချင်ရင် မအလကလည်း အမေရိကန်ရဲ့ ရိက္ခာယဉ်တန်းကို ဗုံးကြဲရဲမယ်မထင်ပါ။။
ယခုမေးလိုတာက အမေရိကန်ဟာ လူကြားကောင်းအောင် မိမိထောက်ပံထားတဲ့ အရပ်ဖက် အဖွဲ့စည်းတွေ သတင်းဌာနတွေကနေ အော်နေမယ့်အစား တကယ်စေတနာရှိရင် ရိုဟင်ဂျာအတွက်သာမဟုတ်ဘဲ ရခိုင် ချင်းစစ်ကိုင်းက ဒုက္ခသည်တွေပါ ထောက်ပံပေးပါလို့ တောင်းဆိုပါရစေ။ မဟုတ်ရင်တော့ အမေရိကန်ဟာ တရုတ်ကို ဟန့်တားဖို့သာ လေနဲ့ လုပ်နေတယ်လို့ မှတ်ယူရပါလိမ့်မယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေးဌာနက NGO ထက်တော့ စာထုတ်တာထက်ပိုတဲ့ အလုပ်ကို လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ တကယ်စေတနာ ရှိခဲ့ရင်ပေါ့။ ပြည်သူတွေအနေနဲ့လဲ အမေရိကန်က NUG ကို မကူညီတာက NUG ရဲ့ မစည်းရုံးနိုင်တဲ့ အပြစ်မဟုတ်ဘဲ သမ္မတာ ဘိုင်ဒင်လက်အောက်က အမေရိကန်နိုင်ငံရဲ့ မူဝါဒကြောင့်သာလို့သာ ပြောပါရစေ။ လာခြင်ရင် အနီးလေးပါ။ မလာခြင်လို့သာ ခရီးဝေးနေတာပါ။
Comments