top of page
Search

အပြောတမျိုး အလုပ်တမျိုး မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 16, 2020
  • 1 min read

တပ်ထဲမှာ ရွေးကောက်ပွဲအတွက် တပ်မတော်သားတွေရော သူတို့ရဲ့မိသားစုတွေကိုပါ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုပြီး ဩဂုတ်လဆန်းကဘဲ တပ်မှူးကြီးတွေ၊ အခြေစိုက်စခန်းမှူးတွေထံကို လျှို့ဝှက်စာအနေနဲ့ ပေးပို့ညွှန်ကြားခဲ့ပါတယ်။ စာရေးသူအနေနဲ့ တပ်လျှို့ဝှက်ချက်ဥပဒေနဲ့ ညှိမှာစိုးလို့ တင်လေ့မရှိပါဘူး။ယခုအမိန့်စာကိုလဲ ကိုယ့်အမှုကိုယ်မပတ်အောင် တတ်နိုင်သလောက်ရိုက်ထားပါတယ်။ ယုံတာမယုံတာကတော့ စာဖတ်သူများအပိုင်းပါ။



ပြောလိုတာက တပ်မတော်သားတွေ ပါတီနိုင်ငံရေးလုပ်ရင် တပ်တွင်းစည်းလုံးမှု ပြိုကွဲနိုင်တယ်ဆိုပြီးစာရေးသူတို့ကို ထိန်းဖို့ အမိန့်စာထုတ်ပါတယ်။ ဒီစာထုတ်အပြီး မကြာခင်မှာ သူက NLD အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းပါတီတွေနဲ့ တွေ့တယ်ဆိုတာက အပြောတမျိုး အလုပ်တမျိုးဖြစ်နေပါတယ်။ခေါင်းဆောင်ဆိုတာ အပြောနဲ့အလုပ် ရှေ့နောက်ညီရပါတယ်။ စစ်သားတွေ ယောင်္ကျားတွေဆိုတာကတိတည်ရပါတယ်။ ကတိမတည်ခဲ့ရင် အဘစကားဟာ ဟို—- စကားလို ဖြစ်နေပါမယ်။ နောက် အဘထင်သလို အဘက အာဏာသိမ်းခိုင်းရင် အောက်ကလူတွေအကုန်လုံးက ၁၉၈၈၊ ၂၀၀၇ ကလို အမိန့်နာခံပြီးလုပ်မယ်မထင်ပါနဲ့။ အဘနားက ရာထူးတိုးပေးခံထားရသူများကတော့ ညွှန်ကြားတဲ့အတိုင်းလုပ်မှာပါ။ ဒါပေမယ့် သေနတ်ကိုင်တာက ရဲဘော်တွေဆိုတာ မမေ့ပါနဲ့။


အဘရဲ့လက်အောက်မှာ တပ်မတော်သားတွေ သာမန်တပ်မတော်သားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကို အောက်ခြေတပ်မတော်သားတွေက မကျေနပ်နေတာ ကြာနေပါပြီ။ လစာကို နည်းမျိုးစုံနဲ့ဖြတ်ပြီးလှူနေတာ၊ အသက်အာမခံကြေးဖြတ်တာ၊ mytel SIM card ဝယ်ပြီးသုံးခိုင်းတာတွေ၊ ဘာမဆိုင်ညာမဆိုင် စိုက်ပျိုးရ မွေးမြူ:ရတာတွေက ဘာမှမပြောပါ့လောက်ပါ။ ယခုဟာက မိမိရဲ့ လုပ်သက်ခွင့်တောင် စစ်သားအသစ် စုဆောင်းမှရမယ်ဆိုတာမျိုးအထိ လုပ်လာတာ တပ်ထဲက လုပ်သက်ပြည့်တာတောင် ပေးမထွက်တာတွေက လက်အောက်ငယ်သားတွေကို စိတ်ပျက်စေပါတယ်။ အဘကတပ်မတော်သားမိသားစုတွေကို ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး အဘတို့ မိသားစုက Rolex နာရီ၊Apple နာရီတွေဝတ်၊ အဘမိန်းမက LV အိပ်တွေ ကိုင်နေတာကလဲ အပြောတမျိုး အလုပ်တမျိုးပါဘဲ။ဒီထက်ဆိုးတာက အဘက ဘကျော်ဆွေကို အသက် (၆၀) နဲ့ အငြိမ်းစားပေးပြီး အဘကတော့ ၆၄အထိ အငြိမ်းစားမယူတာဟာလဲ အပြောတမျိုး အလုပ်တမျိုးပါဘဲ။ ယခုနောက်ပိုင်း ဒီမိုအစိုးရလက်ထက်မှာ အောက်ခြေအဆင့်ယှဉ်ရင် ယခုအစိုးရလက်ထက်မှာ ရဲတွေတော် စစ်သည်ရဲဘော်တွေထက် ပိုအဆင်ပြေလာတာ သာတူညီမျှ ခံစားလာတာ တွေ့ရပါတယ်။ တပ်မတော်ထဲမှာက တန်းတူညီမျှမရှိဘဲ အထက်ဖားအောက်ဖိက မင်းမူနေတုန်းပါ။


ပြည်သူတွေအနေစဉ်းစားရမှာက ယခုလို အပြောတမျိုး အလုပ်တမျိုးသမားနဲ့ သူ့ကို ထောက်ခံတဲ့ပါတီတွေကို မဲပေးမလား NLD ကို မဲပေးမလားဆိုတာပါ။ စာရေးသူတို့ တပ်မတော်သားတွေကတော့အရပ်ထဲမှာ မဲရုံကိုထားလို့ကတော့ သေချာပေါက် NLD ပါလို့ ပြောပါရစေ။

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Aug 17, 2020

အဘ နဲ့ အဘတ အုပ်စုတော့


မတရား ရယူထားတဲ့ အာဏာ


အာဏာနဲ့ မတရား ရထားတဲ့


စည်းစိမ်များ ကို ကာကွယ်ဖို့


သာ စိတ်ကူးကြပါတယ်


ဘယ်ကိုပြေးပုန်းမလဲ သူတို့


လမ်းရှာနေမှာ မလွဲပါဘူး


ယခင်နှစ်ကဖြစ်ခဲ့တဲ့


မိုးလဲမရွာ


အထက်ပိုင်း မှာ လဲ မိုးမရွာ


ရေလဲမကြီးပါဘဲ " ညနက်ပိုင်း မှာမှ စီးလာတဲ့ နွံ စီကြောင်းကြောင့်သေ ဆံ ုးကြ"ရတဲ့


အဖြစ် ဟာ ထူးဆန်းတယ် လို့


မထင်ပါဘူးလား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page