top of page
Search

အပြစ်မပြောခင်စာဖတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 27, 2020
  • 1 min read

တောင်ကိုရီးယားရဲ့ အောင်မြင်ခဲ့တဲ့ဗျူဟာက ပိုးစစ်၊ နောက်ယောင်ခံလိုက်၊ ခွဲထား (Test, Trace and Contain) ဆိုပြီးဖြစ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေကတော့ Lockdown ပေါ့။ ထိုအောင်မြင်တဲ့တောင်ကိုရီးယားဟာ အင်မတန်ချမ်းသာပြီး အစိုးရအောက်မှာ တပ်ကရှိပါတယ်။ မြန်မာရဲ့ကျန်းမာရေးအသုံးစာရိတ် လူတစ်ဦးပျှမ်းမျှက ၂၀၁၇ မှာ ဒေါ်လာ ၅၈.၀၄ သာ သုံးနိုင်ချိန်မှာ တောင်ကိုရီးယားက ဒေါ်လာ ၂၂၈၃.၀၇ ပါ။ အမေရိကန်က ဒေါ်လာ ၁၀၂၄၆.၄၁ နဲ့ ယူကေက ဒေါ်လာ ၃၈၄၈.၆၇ပါ။ အိမ်နီးချင်း ထိုင်းက ဒေါ်လာ ၂၄၇.၀၄၊ အင်ဒိုနီးရှားက ဒေါ်လာ ၊ လွတ်လပ်ရေးရတာ မကြာသေးတဲ့တီမောကတောင် ဒေါ်လာ ၈၃.၂၀ပါ။ ဗီယက်နမ်က ဒေါ်လာ ၁၂၉.၅၈၊ စင်ကာပူက ဒေါ်လာ၂၆၁၈.၇၁ပါ။ တောင်ကိုရီးယားဟာ စက်မှုဖွံ့ဖြိုးပြီး သူ့ရဲ့ Samsung brand, KIA ကား၊ Hyundai ကုမ္ပဏီတို့ဟာကမ္ဘာကို ထိုးဖောက်နေပါပြီ။

တောင်ကိုရီးယားက ယခု ကိုဗစ်မှာ လုပ်နိင်တာဟာ MERS Middle East Respiratory syndrome လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းက ရောဂါ၂၀၁၅ ဖြစ်ချိန်မှာ သင်ခန်းစာယူနိုင်လိုက်လို့ပါ။ စင်ကာပူကတော့၂၀၀၄ လောက်က ကိုဗစ်ရဲ့အစ်ကို SAR ရောဂါဖြစ်ချိန်က သင်ခန်းစာယူပြီး ပြင်ခဲ့လို့ အမျိုးသားကူးစက်ရောဂါဆေးရုံကို ဆောက်နိုင်ခဲ့ပြီး ၂၀၁၉ မှာ ဖွင့်ခဲ့နိုင်တာပါ။ မြန်မာပြည်မှာ အဲ့ဒီအချိန်ကဘယ်သူတွေ အုပ်ချုပ်ခဲ့ပါသလဲ? စစ်အစိုးရ အုပ်ချုပ်ခဲ့လို့ ပြည်သူအတွက်ဘာမှ ကြိုမပြင်ခဲ့ပါ။၂၀၁၀ စစ်အစိုးရလက်ထက်မှာ တစ်ဦးချင်းအတွက် ကျန်းမာရေးသုံးငွေဟာ သုံးဒေါ်လာသာရှိတယ်ဆိုယုံမလား? ဒီလို သင်ခန်းစာမယူ ကြိုမပြင်ခဲ့သလို ကျန်းမာရေးအစား ကျည်ဆန်အတွက်သာ သုံးခဲ့တဲ့နိုင်ငံမှာ ယခုလောက် လုပ်နိုင်တာဟာ ဘုရားမတယ် မှတ်ပါ။

ဒီနေရာမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ လူကယ်ပြန်ပြီးရင် အတော်ဆုံးအရပ်သားဝန်ကြီးပါ။ သူဟာကမ္ဘာ့အတွေ့အကြုံတွေများစွာရှိပါတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရသေးလို့ကျန်းမာရေးဘတ်ဂျက်ဟာ အကန့်အသတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုအစိုးရလက်ထက်မှာ ပညာရေးနဲ့ကျန်းမာရေးကို တတ်နိုင်သလောက်တိုးပေးခဲ့ပါတယ်။ ဒီကြားထဲကသူဟာ ဆေးရုံတွေမှာ ဆေးတွေဆရာဝန်တွေရှိအောင် အခြေခံကျန်းမာရေးတိုးတက်အောင် လုပ်ခဲ့ပါတယ်။ အချို့က သူ့ကို tablet သာဝယ်ပြီး ပိုးစစ်တဲ့စက်ကြီးကို မဝယ်ထားလို့ဆိုပြီး ဖောင်းထုသူများလဲရှိပါတယ်။ သူ့မှာ ဦးစားပေးရတာတွေရှိပြီး သူကအဲ့ဒီအတိုင်းလုပ်ခဲ့တာပါ။ ဒါကြောင့်မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ သူ့လက်ထက်မှာ တိုးတက်လာခဲ့ပါတယ်။

လိုင်းပေါ်ကဆရာကြီးများအနေနဲ့ နှိုင်းရာမှာ မြန်မာကို တောင်ကိုရီးယားလိုမလုပ်လို့ စင်ကာပူလိုမလုပ်လို့ ထိုင်းလိုမလုပ်လို့ ဖောင်းထုရင် ပိုက်ဆံမရှိတဲ့အမေကို iphone 11 က အကောင်းဆုံး ဘာလို့မဝယ်ပေးတာလဲဆိုပြီး ဖောင်းထုတာနဲ့ တူနေပါတယ်။ နှိုင်းရာမှာတူတာခြင်း နှိုင်းရပါတယ်။ ပန်းသီးကိုပန်းသီးနဲ့ပေါ့ Apple & Apple ပါ။

ဒီနေရာမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လုပ်နေတာဟာ နိုင်ငံကြီးတွေမလုပ်နိုင်တာတဲ့နေရာတွေမှာတောင် လုပ်နိုင်တာတွေ့ရပါတယ်။ (contact tracing) ရောဂါဖြစ်သူနဲ့ ထိတွေ့သူကိုရှာခြင်း နှင့် သီးခြားခွဲထားခြင်း (isolation) မှာပါ။ ပိုးစစ်ရာမှာ များများစစ်ပါလားလို့ မေးသူတွေ၊ ဝေဖန်သူတွေလဲရှိပါတယ်။စစ်နိုင်ရင်ကောင်းပါတယ်။ မိမိတိုင်းပြည်ရဲ့ အထွာနဲ့လုပ်ရတာပါ။

အချို့ကလဲ အပြင်ကလူတွေ အဝင်မခံရင် ပိုးမဝင်လို့ ပြောသူများလဲရှိပါတယ်။ သူတို့ရဲ့ သီအိုရီကတံခါးပိတ်ရင် ခြင်မဝင်ဘူးပေါ့။ လမ်းမလျှောက်ရင် မချော်လဲဘူးပေါ့။ ဒါက ကမ္ဘာ့ရွာမှာ လုပ်ရခက်ပါတယ်။ အထူးသဖြင့် မိမိတိုင်းပြည်ကလူ မိမိထံပြန်လာရင် ပိတ်ဖို့ခက်ပါတယ်။ အမေ့အိမ်ကိုသားသမီးက ပြန်လာသလိုပေါ့။

ရောဂါတစ်ခုကို အောင်မြင်လား မအောင်မြင်လား ဆုံးဖြတ်ရာမှာ ရောဂါဖြစ်သူနည်းတာ၊ သေနှုန်းနည်းတာတွေနဲ့ ကြည့်ကြပါတယ်။ ဒီရောဂါကိုထိန်းဖို့ ပိုက်ဆံဘယ်လောက်ကုန်လဲ ငွေနည်းနည်းနဲ့ ထိထိမိမိ လုပ်နိုင်လားဆိုတာကို ကြည့်ပါတယ်။ ယခုအချိန်အထိ ပထမလှိုင်း first wave မှာ ဝန်ကြီးလုပ်တာ မှန်နေပါတယ်။ ဒုတိယလှိုင်းက ထိုင်းနဲ့ တရုတ်ကပြန်လာပြီး တစ်လလောက်ဆိုသိပါမယ်။ စီးပွါးရေးကိစ္စက နောက်မှရေးပါ့မယ်။ DASSK အစည်းအဝေးထိုင်ပြီးပါပြီ။ သူမမှာ အစီအမံ plan ရှိပါတယ်။

ဒါတွေဟာ ပြည်သူပါလို့ အဓိကဖြစ်တာပါ။ ဝန်ကြီးဌာနကလူများရဲ့ ကြိုးစားမှုနဲ့ DASSK ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုပါ။ ရန်ကုန်မှာဆိုရင်လဲ ဖောင်ကြီးကို စင်ကာပူလို ၁၅ နှစ်အချိန်မယူ၊ အင်္ဂလန်နဲ့ အမေရိကန်လို ငွေကိုရေလိုမသုံးနိုင်ဘဲနဲ့ ဆေးရုံပြောင်းနိုင်ခဲ့တာဟာ နိုင်ငံရေးအရ ဦဆောင်လုပ်ခဲ့တဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ကျန်းဦးစီးက ဝန်ထမ်းများ ပါဝင်ခဲ့တဲ့ ပြည်သူများကြောင့်ပါ။ ကိုဗစ်လိုသေချာမသိသေးတဲ့အရာကို တိုက်ရတာ မလွယ်ပါ။

အပြစ်တင်ဖို့စိတ်ကူးရှိရင် စာဖတ်ပါ။ သမိုင်းကို လေ့လာပါလို့ ပြောပါရစေ။

Source: World Bank, statisa

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


U Myint Soe Oo
U Myint Soe Oo
Apr 27, 2020

ဦမြတ်! အမေ့ ဝေယျာဝစ္စကြောင့် ချက်ချင်း မတုံ့ပြနိနိုင်မှုအပေါ် နားလည်မှု ပေးပါရန်

Like

U Myint Soe Oo
U Myint Soe Oo
Apr 27, 2020

ဦးးမြတ်! ကျန်းမာရေးဆောင်ပုဒ်လေးနဲ့ ဖွင့်ကြည်မယ်နော်။ #ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်း၏။#ဆောင်းပါးပါ အချက်များအရ မိမိမီသမျှဖြင့်တင်ပြခြင်းသာ။ယခုထိ ကိုဗစ်အမြစ်ပြတ်ဆေး မတွေ့သေးကြောင်း သက်ဆိုင်ရာသတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ခုချိန် ကာကွယ်တဲ့စရိတ်ကို ရှိသမျှလေးနဲ့ ရုန်းနေရတဲ့အချိန် ။ အမျိုးမျိုးအစီအမံများနဲ့

ထောင့်ပေါင်းစုံကို စေ့စေ့စပ်စပ်ဆောင်ရွက်နေရပါသည်။ မချစ်ခင် အပြစ်တွေမြင်လေမှုကြောင့် ဦးမြတ်ဆောင်းပါးပေါ်လာရပါသည်။

မီးဘေးရှောင် မလောင်ခင်တား။ ထိရှ ရောက်လွယ်သော သတင်းဖြန့်ချီမှုကွန်ယက်ကို အသုံးချခြင်းကြောင့် ကျယ်ပြန့်စွာ ပျံ့နှံ့ပါ၏။ ပူပြင်းတဲ့အချိန်မို့ ဖြစ်ပေါ်လာပါက ဆုံးရှုံးမှုများစွာ ခံစားရပါမည်။ခုရက်ပိုင်း မန်းဆေးရုံကြီးမှာ ၂ရက်ဆက် လူနာများသေဆုံးမှုကို သူ့ထက် ငါဦး ထူးပြီးရော ဂုဏ်ဆာတဲ့ ပုံမလာသတင်းတွေတင်ကြတော့ မန်းအနီးတဝိုက်

စိုးရိမ်မှုလှိုင်း ရိုင်းရိုင်းကြီးကို ရိုက်ခတ်သွားပါသည်။ ဒီဖြစ်စဥ်ကို

မန်းဆေးရုံအုပ်ကြီးက အဖြေ dataရသည်နှင့် အမြင်ရှင်းအောင်

လူနာအခံရောဂါ/ဆေးရုံရောက်နေ့စွဲ/ဖျားနာရှိ-မရှိ ခွဲ /ကုသချက် /ဆုံးပါးရသည့်အကြောင်းရင်း/အမျာသိလိုချင်တဲ့အဖြေ #သိလိုသမျှမကျန်ရအောင်#live အချိန်မဆိုင်း

တလေးတစားအရေးထားတင်ပြပေးပါသည်။မလောင်အောင်တားနေချိန်မှာ အလုပ်ပြုတ်မှာကြောက်လို့ ဘူးကွယ်တယ် ကွန်မန့်က တက်ဖြစ်အောင်တက်လာသေးတယ်။လူနာများရင် အနီးဆုံးအကူးခံရမာ ဆိုတဲ့ မျှတတဲ့အမြင်မျိုးနဲ့တောင် (ဆရာဝန် ဆေးဝန်ထမ်းများဘက် မငဲ့ပဲ)ကိုယ်ချင်းစာတရားမဲ့စွာ တုံ့ပြန်မှုတွေ ဒီအခိုက်မှာ မြင်တွေ့လိုက်ရပါသည်။

ကမရဝက၏ #ဖျားသွားမယ်#စကားအသုံးအပေါ် အဆိုးမြင်တို့၏ တုံ့ပြန်မှုကို ဦးမြတ်လည်း သိမှာပါ။အဆိုးမြင်တွေထဲမှာ EPL Serie A ဘောပွဲကြည့်ဘူးသူတွေဧကန်ပါပါသည်။မကန်ခင်မှာ အသင်းညီညွတ်တက်ကြွဖို့ရန် စိတ်ခွန်အားဖြည့် အပြုအမူများကို တွေ့မြင်နိုင်ပါသည်။တည်ဆောက်ယူရပါသည်။ Special One! တကမ္ဘာလုံးကိုပြန့်ရော။သူ့ကိုယ်သူ မြှင့်သလို အသင်းသားအတွက်လည်း ဒီကန်မဲ့ ပွဲမှတော့ O.K။

ဒီconcept ပေါ် အခြေခံတော့(ဘောဂီ/မဥက္ကလာ ဆေးရုံအုပ်ကြီးမှအစ ဒေါ်မြင့်မြင့်စိန်အလယ် ဆရာဝန်ရွယ်ရွယ်ငယ်ငယ်နှင့် ဆေးဝန်ထမ်းများအဆုံး)အားလုံး၏ စုစည်းမှုအားက. ဖျားသွားမယ်။(ဖျားသွားမယ်=လက်ဖျားခါရအောင် အံ့သြ)

ထုံးစံအတိုင်း တရားဓမ္မရှုထောင့်က ကြည့်ကြပါစို့။စေတနာကို ကံဟုခေါ်၏။(မြတ်ဗုဒ္ဓဘုရားရှင်အဆုံးအမ)။စေတနာဖြူလျှင် ကံဖြူ၍ အကျိုးပေး ဖြူစင်၏။ ကာယကံ ဝစီကံ မနောကံတွေ ဖြူလေတော့ ပြီးခဲ့တဲ့အပတ်က. ပြည်သူတွေ တီးလိုက်တဲ့ လက်ခုပ်သံဟာ အကျိုးတရားအဖြစ် သက်သေခံနေပါသည်။နိုက်တ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page