top of page
Search

အပျော့ဂိုဏ်း၊ အမာဂိုဏ်း၊ သူခိုးဂိုဏ်း၊ လူယုတ်မာဂိုဏ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 1, 2021
  • 1 min read

အပျော့ဂိုဏ်း၊ အမာဂိုဏ်း၊ သူခိုးဂိုဏ်း၊ လူယုတ်မာဂိုဏ်း


မနေ့က ဧရာဝတီမှာ အဘဒုတပ်ချုပ်စိုးဝင်းနဲ့ သဘောထားတင်းမာသူ တိုင်းမှူးတွေက ဆန္ဒပြသူတွေကို ပစ်လို့သွေးထွက်သံယိုများတယ် ဘာညာဆိုပြီး မအလက သူတော်ကောင်းပုံစံ ရူးချင်ယောင်ဆောင်ရေးထားတာ တွေ့ရပါတယ်။ ရှယ်သူများလဲတွေ့ရပါတယ်။

ပထမဆုံး ပြောချင်တာက ဒီအာဏာသိမ်းတာဟာ မအလဂျပုက သမ္မတရူးထပြီး အာဏာရူးလို့ အာဏာသိမ်းတာပါ။ အာဏာသိမ်းလို့ သမ္မတဖြစ်တာ မအလပါ။ ဒုတပ်ချုပ်စိုးဝင်းက သမ္မတဖြစ်တာမဟုတ်ပါ။ အာဏာမသိမ်းခင်တပ်ထဲက ရာထူးအစဉ်လိုက်မှာ မအလကသာ သမ္မတနေရာရသွားပြီး ဒုတပ်ချုပ်က ဘာမှမဖြစ်သွားပါ။ တတိယနေရာက အဘမြထွန်းဦးဆို ရာထူးတောင် ကျသွားပါသေးတယ်။ သူတပ်ချုပ်မဖြစ်တော့ဘဲ US sanction ထဲတောင်အချောင်ပါသွားပါသေးတယ်။

ဒုတိယက တပ်ထဲမှာ မအလအမိန့်မပါဘဲ ဘယ်သူမှမပစ်ရဲပါ။ သူခိုင်းလို့ လုပ်ကြတာပါ။ ဒါကို ဒုတပ်ချုပ်ကိုလွှဲချတာက စိတ်ဓာတ်အောက်တန်းကျတာကိုပြတာပါ။ ယောင်္ကျားဆိုတာ မိမိအမိန့်ပေးရင် ဝင်ခံရဲရပါတယ်။ လုပ်ရဲရင်ခံရဲရပါတယ်။ မအလက ကြောင်ချီးဆိုတော့ ကြောင်ချီးစိတ်ပေါ့။

ဒါဆိုဘယ်သူတွေက နှိမ်နင်းနေလဲ။ မပြောချင်ပေမယ့် ပြောရမှာက DASSK အစိုးရနဲ့ မအလကိုယ်စား အဓိကဆွေးနွေးတာက စစ်ဦးစီးအရာရှိချုပ်(ကြည်း) မိုးမြင့်ထွန်းဖြစ်ပြီး သမ္မတအိမ်ကို ဝင်စီးတာကလဲသူပါ။ လူတွေကိုဖမ်းတာနှိပ်စက်တာက စရဖညွှန်ချုပ် ရဲဝင်းဦးပါ။ သူက အာဆီယံအစည်းအဝေးကို မအလနဲ့အတူ တက်ရပါတယ်။ မအလအာဆီယံသွားချိန် တပ်ထဲက ဒုဗိုလ်ချုပ်ကြီး မိသားစုတွေကို စောင့်ကြည့်ထားတာက စရဖ ရဲဝင်းဦးနဲ့ မိုးမြင့်ထွန်းပါ။ သူတို့က မအလကို တိုက်ရိုက်အစီရင်ခံရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တိုက်တာကသာစစ်ဆင်ရေးအထူးအဖွဲ့မှူးတွေနဲ့ ဆိုင်တာပါ။ ရိုဟင်ဂျာအရေးတုန်းကလဲ မိုးမြင့်ထွန်းတို့ဘဲ စက်ပေါ်တက်ပြီး အမိန့်ပေးတာပါ။

ဒါဆိုမအလက ဘယ်လိုအမိန့်ပေးလဲ။ မအလက လုပ်ငန်းလမ်းညွှန်အနေနဲ့ တပ်မတော်နေ့မတိုင်ခင် ဆန္ဒပြပွဲတွေရပ်ဖို့ ဆေးရုံပြန်ဖွင့်ဖို့ ဘဏ်ပြန်ဖွင့်ဖို့ ရတဲ့နည်းနဲ့လုပ်ဖို့ လိုတဲ့အင်အားသုံးဖို့ အစည်းအဝေးမှာ တရားဝင်ပြောတာပါ။ ဒါကိုအောက်က အကောင်အထည်ဖော်ပါတယ်။ ဒါပါဘဲ။ တိုင်းမှူးတွေ ဩဇာရှိတာက ကျော်ဘ ထွန်းကြည်ခေတ်ကပါ။ ယခုတိုင်းမှူးတွေက ဟုတ်ကဲ့ဆိုပြီး အသေးစိတ်ကို မိုးမြင့်ထွန်းနဲ့ ရဲဝင်းဦးက လုပ်တာပါ။ ရဲဝင်းဦးကS1 အလုပ် မိုးမြင့်ထွန်းက S2 ရာထူးမျိုးပါ။ ဒါပေမယ့် လက်ရှိဖွဲ့စည်းပုံအရ မိုးမြင့်ထွန်းက DASSK အဖွဲ့နဲ့ တွေ့တာသမ္မတအိမ်ဝင်စီးတာတွေ လုပ်ခဲ့လို့ သူက မအလရဲ့ လူယုံပါ။

တပ်ထဲက ဒုဗိုလ်ချုပ်ကြီးတွေမှာ အမာဂိုဏ်း မပျော့ဂိုဏ်းမရှိပါဘူး။ အားလုံးဟာ သူခိုးဂိုဏ်း လူယုတ်မာဂိုဏ်းဝင်တွေပါလို့ ပြောပါရစေ။ ပြည်သူတွေ လုပ်စရာရှိတာလုပ်ပါ။ ဆန္ဒပြပါ။ CDM လုပ်ပါ။ သူတို့ပိုင်ပစ္စည်းတွေကို မီးလှုံနိုင်အောင်လုပ်ပါ။ တပ်ထဲက ညီအစ်ကိုများလဲ ထွက်ပြေးလို့မရသေးခင် နည်းမျိုးစုံနဲ့ CDM ဆက်လုပ်ပါ။ ပြည်သူများလဲ စစ်ပညာသင်ပါ။ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီးသာ လုပ်ကြပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page