top of page
Search

အနီးဆုံးရန်သူကို မကြွေတာကောင်းပါတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 18, 2020
  • 1 min read

ယခုအချိန်မှာ ဒီမိုအစိုးရဘက်ကို ပြောင်းပြီးအလုပ်လုပ်နေသူများကို တပ်ဘက်က သာကူးလို့ခေါ်သလိုဒီမိုဘက်ကလဲ အမွန်းတင်ကြပါတယ်။ အချို့ကဆို ဘယ်အချိန်က ဘယ်လိုသိခဲ့တာဆိုပြီး ကိုလိုနီခေတ်အထိ ပြန်ဆက်ပြီး မျိုးရိုးနဲ့ကို အမွှန်းတင်ကြတာ တွေ့ရပါတယ်။

ဒါကကောင်းပါတယ်။ ဒါပေမယ့် တပ်ထဲမှာ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီးရားမို့စ်လိုလူမျိုး မရှိပါ။ဗိုလ်မှူးကြီးအဆင့်လောက်မှာ DASSK ကို တကယ်ကြည်ညိုခဲ့ရင် တိုင်းပြည်အများကြီး အဆင်ပြေခဲ့ပါပြီ။ လေနဲ့ကြည်ညိုတာ မဟုတ်ခဲ့ရင်ပေါ့။ မင်္ဂလာဒုံလေတပ်စခန်းကလူတွေသိမှာပါ။ သူ့အကြောင်းပြောရင် ကိုယ့်အကြောင်းပေါ်နိုင်လို့ မပြောတော့ပါ။ ဖြစ်နိုင်တာက အဲ့ဒီအချိန်က Facebook မရှိလို့လို့သဘောထားလိုက်ပါတယ်။ အင်ဒိုနီးရှားမှာက ဗိုလ်ချုပ်ကြီး ဝီရန်တို Wiranto က ၁၉၉၈ မေ ၁၈ ရက်မှာ အာဏာရှင်သမ္မတ ဆူဟာတိုက အင်အားသုံးပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့ ပစ်မိန့်ပေးတာကို ငြင်းဆန်ခဲ့လို့ ဒီမိုကရေစီကို ပြောင်းသွားခဲ့ပါတယ်။ မြန်မာပြည်မှာ ရားမို့စ်တို့ ဝီရန်တိုတို့ရှိပြီလား?

ဒီအချိန်မှာ DASSK ဘက်ပြောင်းသွားသူ တပ်ကလူများကို လေ့လာကြည့်ပါ။ ဘဘဦးတင်ဦးက အဲ့ဒီအချိန်မှာ အရပ်သားဖြစ်နေခဲ့သလို ဘထိန်လဲ အရပ်သားပါ။ ရွှေမန်းဟာ တကယ်အမြင်မှန်ရလို့ပြောင်းပုံမရပါ။ သူလဲအရပ်သားပါ။ လူတစ်ယောက်က တစ်ကယ်ပြောင်းမပြောင်းကို စာရေးသူကတိုင်းတာရာမှာ သူ့ယောက္ခမက ဘယ်သူဘာညာဆိုတာနဲ့မဟုတ်ဘဲ သူ့လုပ်ရပ်ရယ် နောက်ပြီး သူ့ကိုတပ်က သာဝန်ကိုပြောသလို အရေးယူပေးပါလို့ ထုတ်ပြောမပြောအပေါ်မှာ မူတည်ပြီး သုံးသပ်ပါတယ်။ လုပ်ရပ်ကလဲ မပီပြင် တပ်ကလဲသဘောကျဆိုရင် တစ်ခုခုမှားနေပါပြီ။ အချို့ကိစ္စတွေမှာယောင်္ကျားက တပ်/ရဲပေမယ့် မိန်းမက ဒီမိုစစ်ရင် ယောင်္ကျားနဲ့ လမ်းခွဲသူများလဲရှိပါတယ်။ ယခုဝေဘာဂီမှာရောက်နေတဲ့ မေ့ဆေးဆရာဝန်မကြီးရဲ့ သမိုင်းက သူမက ဒီမိုစစ်စစ်ဆိုတာ သက်သေပြခဲ့ပါတယ်။

လက်ရှိ ဒီမိုကို တကယ်လုပ်ပြီး အထုတ်ခံရလိုက်တာက ခြေဥပြင်ဖို့ လက်မှတ်ထိုးတဲ့ ဗိုလ်မှူးပါ။ သူ့ဘဝ ဘာဖြစ်သွားသလဲ တပ်ထဲကလူတိုင်းသိပြီး သင်ခန်းစာယူပါတယ်။ လူဆိုတာက ကြောက်တတ်ပါတယ်။ သေနတ်ကိုင်တဲ့ လူက ပိုကြောက်တတ်ပါတယ်။ စာရေးသူတောင် Facebook ထဲမှာသာ ရေးရဲသေးတာပါ။ ရာထူးလက်ရှိလူတိုင်းကြောက်ပါတယ်။

ဒါဆိုသာမန်ထောက်ခံသူတွေ ဘာဖြစ်သွားလဲ? နိုင်ငံခြားက ရေးသောအကောင့်များကတော့ ကြိုက်သလောက် လေကျယ်လို့ရပါတယ်။ စာရေးသူ ချီးကျူးတာက ပြည်တွင်းကနေ DASSK ကိုထောက်ခံအားပေးရေးနေတဲ့ သူ့ပါတီဝင်အမျိုးသမီးတွေ၊ ဆရာမ အလင်္ကာဦးတို့လို ကလောင်ရှင်တွေပါ။ သူတို့ဟာ အမျိုးသမီးတွေပေမယ့် မကြောက်တတ်ပါ။ စာရေးသူတို့က သေနတ်ကိုင်ပေမယ့် ကြောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တွေ့ဖြစ်လို့ တပ်ထဲကအကောင်ကို ဘယ်သူက ဘာမျိုးဆက်ကြောင့်သမိုင်းကြောင်းကောင်းတယ်ရေးရေး ဒီမိုသမားစစ်စစ်တွေလောက် မယုံပါ။ မြွေမြွေချင်း ခြေမြင်ပါတယ်။ ဒီမိုသမားစစ်စစ်တွေက DASSK ကို စာရေးသူတို့ထက် အသက်ပေးပြီး ချစ်ကြပါတယ်။စစ်တပ်ကိုလဲ သူတို့ငယ်စဉ်ထဲက တွန်းလှန်ကြပါတယ်။ သမိုင်းရှိတယ်ပေါ့။ သူတို့မှားရေးရင်လဲစေတနာအမှားပါ။

မူလအကြောင်းရင်းကို ပြန်ဆက်ရအောင်။ ယခုလက်ရှိမှာ ခြေဥပြင်ဖို့ ထောက်ခံပြောဆိုသူ ကိုနေမျိုးဇင်၊ ရှေ့နေကြီးဦးကြီးမြင့်တို့ဟာ တရားစွဲခံထားရပါတယ်။ သူတို့ကို အစကထဲက တရားမစွဲသင့်လို့ရှေ့နေချုပ်ရုံးက ချပေးသင့်ပေမယ့် အစွဲခံထားရပါတယ်။ သူတို့ဟာ တရားဝင် အစိုးရကို ထောက်ခံသူတွေပါ။ သူတို့တွေဒီလိုဖြစ်တာတောင် အစိုးရက မကြည့်နိုင်ပါ။ သူတို့ဟာအရပ်သားပါ။ အားလုံးကိုသင်ခန်းစာပေးထားတာက မင်းတို့သူတို့ကိုထောက်ခံရင် ဘာဖြစ်သွားမလဲဆိုပြီး ပုံစံပြထားတာပါ။တပ်ရဲ့တရားစီရင်ရေးက အဘအာက်မှာသာရှိလို့ စာရေးသူတို့ဘဝကပြီးပါပြီ။

တပ်ထဲကအောက်ခြေအဆင့်မှာ ဒီမိုကိုထောက်ခံသူ အများအပြားရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်ဒုဗိုလ်မှူးကြီးအထက်ရောက်လေ နောက်ကြောင်းမကင်းလေဖြစ်လာပြီး တကယ်ထောက်ခံရင်တောင် မပြောရဲ မရေးရဲကြပါ။ ဒါကိုလွှတ်တော်ထဲ မဲခွဲချိန်မှာလဲ ပြသွားပြီးပါပြီ။ ရာထူးကြီးသူတွေကို ဘာမဟုတ်တာနဲ့လဲ စွဲစိလို့ရပါတယ်။ တပ်ထဲကလူတိုင်းသိပါတယ်။

စာရေးသူကို မင်းကသာမန် DASSK ကိုပေါ်တင်ထောက်ခံသူနဲ့ ပြည်တွင်းက ဒီမိုအကောင့်စစ်စစ် ဘယ်သူ့ကို ယုံလဲဆိုရင် ဒီမိုအကောင့်စစ်စစ်တွေကို ဇော်ဌေးတို့ မင်းသူတို့ထက် ပိုယုံတယ်လို့ ပြောပါရစေ။ဒီမိုချင်းယှဉ်ရင်လဲ ဘယ်သူဟာစစ်တပ်ကို အာခံရေးလဲ ဘယ်သူဖားရေးလဲ သိပါတယ်။

စာရေးသူကြိုက်တဲ့ ဝေလရဲ့ သီချင်းလေးက “အနီးဆုံးရန်သူကို မကြွေတာကောင်းပါတယ်” တဲ့။ ပြည်သူတွေက တပ်ကပြောင်းလာသူတွေဘာပြောပြော DASSK ကိုဘယ်လောက်ချစ်တယ်ပြောပြော ယုံလေ့မရှိပါ။ သူတို့လဲ ဝေလသီချင်းကို ကြိုက်ပုံရပါတယ်။

Photo credit: ဝေလ အနီးဆုံးရန်သူ

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

3 Comments


U Myint Soe Oo
U Myint Soe Oo
Apr 19, 2020

ကိုမြတ်! Due to me reply with respect: SO MUCH THANK!

ရေးခဲ့သလို အစားကောင်းစားရရင် မိတ်ဆွေကောင်းတွေကို သတိရတယ်။ မိတ်ဆွေစစ်ဆိုတာ

တစ်ဦကောင်းကို တစ်ဦးလိုလားပြီး အမြင်တူ စိတ်ထာ

Like

Myat Tun Oo
Myat Tun Oo
Apr 19, 2020

ကျေးဇူးပါ။

Like

U Myint Soe Oo
U Myint Soe Oo
Apr 19, 2020

ကိုမြတ်ထွန်းဦး! ကိုမြတ်စာပေတွေကို ဖတ်ဖြစ်အောင် ( ဝိပဿနာတရားတော်ကို ကိုယ်တော်တိုင် အတိုင်းအတာတစ့်ခုထိ ပေါက်မြောက်အောင် အားထုတ်ပြီးတော်မူသော ကမ္မဌာနာစရိယဆရာတော်တစ်ပါး) လမ်းညွှန်ပေးပို့မှုကြောင့် စတင်ဖတ်ဖြစ် နှစ်ခြိုက်သွားရပါသည်။#အစားကောင်းစားရတဲ့အခါ ခင်မင်သောမိတ်ဆွေကိုသတိရတတ်သည်#။ ကိလေသာဆိုသည်မှာ ပူလောင်ညစ်နွမ်းဆင်းရဲခြင်းဖြစ်စေတတ်၍ လူသားမျိုးနွယ်အားလုံးအတွက်#ဘုံရန်သူအဖြစ်သတ်မှတ်ကာ#ချေမှုန်းကြ၏။အမှန့်မြင်သော အမြင်မှန်ရသူ #ယထာဘူတဉာဏ်#မှန်သမျှ ရန်သူအဖြစ်ရှုမြင်ကြပါသည်။ အမှန်မြင်သူအပေါင်းဟာလည်း လောကကိုရှုမြင်ရာတွင် ပကတိအခြေနေကို ယထာဘူတအမြင်ဖြင့်သာ ရှုမြင်ကြပါ၏။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page