top of page
Search

အနောက်နိုင်ငံတွေမှာ တရားဟောဖို့ ဗီဇာသီးသန့်လိုလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 15, 2020
  • 1 min read

ဥရောပ၊ အမေရိကန်နဲ့ အင်္ဂလန်တို့က လူ့အခွင့်အရေးအပြည့်အဝရှိတယ် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် မြန်မာပြည်က ဆရာတော်တစ်ပါးက သူ့တိုင်းပြည်ကိုတိုးဗီဇာနဲ့သွား အလုပ်လုပ်လို့ရလား? သူ့တိုင်းပြည်က ဗလီတွေကို လူတိုင်းကို ပေးတက်ပြီး တရားပေးဟောလား လေ့လာရအောင်။

မြန်မာပြည်ထဲမှာ ဘုန်းကြီးတွေဟာ သူတို့သတ်မှတ်ထားတဲ့ စာမေးပွဲအောင်မှ တရားဟောရပါတယ်။အချို့ဘုန်းကြီးကျောင်းတွေ မဟာစည်တို့ဆိုရင် အခြားသတ်မှတ်အရည်အချင်းတွေရှိကြပါတယ်။ ဒါကမြန်မာပြည်ထဲမှာ သိသလောက်ပါ။ အခြားဘာသာတွေကိုတော့ မသိပါ။

အနောက်နိုင်ငံတွေမှာက အခြားတိုင်းပြည်က ဘာသာရေးနဲ့ဆိုင်သူများက သူတို့တိုင်းပြည်ထဲဝင်ပြီးတရားဟောမယ်ဆိုရင် ဗီဇာတစ်မျိုးကို လျှောက်ရပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ယူကေမှာ အတူတူပါ။ သူတို့လုပ်ထားတာက အခြားနိုင်ငံက ဘာသာရေးဆရာတွေက သူတို့တိုင်းပြည်မှာ အမုန်းတရားလာဟောမှာစိုးလို့ပါ။ ၉/၁၁ အပြီးမှာ ယူကေနဲ့ အမေရိကန်က ဗလီတွေမှာ သူတို့ဘာသာစကားအင်္ဂလိပ်နဲ့သာ ဟောပြောခွင့်ပေးတာ ဘာပညာတတ်ရမယ် ဘာညာနဲ့ တင်းကျပ်လာကြပါတယ်။

ကနေဒါကိုသွားပြီး တရားဟောဆရာ ဘုန်းကြီးလုပ်မယ်ဆိုရင် employer specific work permit လျှောက်ရသလို ယူကေကလဲ Minister of religion visa Tier 2 ကို လျှောက်ရပါတယ်။ အမေရိကန်ကတော့ Temporary Religious Worker visa ကိုလျှောက်ရပါတယ်။ သူတို့နိုင်ငံကို လာသူရဲ့ မိခင်နိုင်ငံမှာပြစ်မှုကင်းရှင်းရသလို အမုန်းစကားပြောသူ ဟုတ်မဟုတ်တွေလဲ စစ်ပါတယ်။ ဥပမာ ဝီဝီ့ကို အဆိုပါနိုင်ငံတွေက ဗီဇာပေးမှာမဟုတ်ပါ။

ဒါ့အပြင် မြန်မာပြည်မှာက ဆရာဝန်ကလဲ ဘယ်တိုင်းပြည်ကဘွဲ့ရရ မြန်မာဆေးကောင်စီလက်မှတ်ရမှမြန်မာပြည်ထဲမှာ ကုရသလို အင်ဂျင်နီယာတွေဟာလဲ ဘယ်တိုင်းပြည်က ဘွဲ့ရလာလာ မြန်မာအင်ဂျင်နီယာကောင်စီက လက်မှတ်ရမှ မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ပေးပါတယ်။ အဲ့ဒီလိုမျိုးတရားဟောဆရာတွေကိုလဲ သက်ဆိုင်ရာ ဘာသာကြီးတွေက ကြီးကြပ် regulate လုပ်သင့်ပါတယ်။ သူတို့ထံက အသိအမှတ်ပြု လက်မှတ်ရမှ ပေးဟောတာမျိုးပေါ့။ ဒါမှအဖွဲ့တိုင်းဟာ တာဝန်ယူမှု တာဝန်ခံမှုရှိလာမှာပါ။ ဥပမာ ဝီဝီ့ကို ဆုံးမသလို သူတို့ကလဲ ဆုံးမနိုင်မှာပါ။

မြန်မာပြည်မှာလဲ စင်ကာပူလို work permit ကို အမျိုးအစားတွေ ခွဲခြားသတ်မှတ်ဖို့ ဥပဒေကို လူဝင်မှုနဲ့လွှတ်တော်က စဉ်းစားသင့်ပါတယ်။ အမျိုး ဘာသာ ဘာညာဆိုတာ လေနဲ့အော်နေလို့မရပါ။ မြန်မာပြည်ဟာလဲ ဒီမိုနိုင်ငံတွေနဲ့တန်းတူ အနောက်တိုင်းရဲ့ စံနှုန်းအတိုင်း လုပ်သင့်ပါတယ်။ အဲ့ဒီလိုလုပ်နိုင်ရင် အမုန်းစကားပြောသူတွေ မိမိတိုင်းပြည်ထဲကို ဘာဗီဇာမှန်းမသိ ဝင်လာပြီး သွေးထိုးလို့မရမှာပါ။

စာရေးသူဟာ ဝီဝီအစွန်းရောက်တာကို မကြိုက်သလို ဘယ်သူအစွန်းရောက်ရောက် မကြိုက်ပါ။အစွန်းရောက်သူကို မကြိုက်တာဖြစ်ပြီး ဘာသာရေးနဲ့ မဆိုင်ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page