top of page
Search

အနောက်တံခါးနှင့် ကိုဗစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 19, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ဖြစ်နှုန်းက တအားများနေပါတယ်။ အနောက်တံခါး မလုံခြုံရာကနေ ဘင်္ဂါလီကိစ္စဖြစ်လာတာလဲ အမြင်မတူသူရှိနိုင်ပေမယ့် မလုံခြုံရာက စခဲ့တာပါ။ အဲ့ဒီဒေသမှာ ဓာတ်ခဲနဲ့ တပ်က တိုက်ပွဲတွေဖြစ်နေပါတယ်။ နေ့တိုင်းနီးပါးပါ။ နောက်ပိုင်း ဓာတ်ခဲက နယ်ခြားစောင့်ဂိတ်အချို့ကို ဝင်တိုက်ခဲ့လို့ နယ်ခြားစောင့်ရဲတွေ နေရာရွှေ့ခဲ့ရတာလဲ ရှိပါတယ်။



အားလုံးသိတဲ့အတိုင်း လက်ရှိခြေဥအရ ကာကွယ်ရေးနဲ့ လုံခြုံရေးဟာ NLD အစိုးရအောက်မှာ နာမည်လောက်သာရှိပြီး တပ်ချုပ်မအလအောက်မှာသာ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို အမိန့်ပေးပြီး နယ်ခြားမှာ လုံခြုံရေးတိုးချဖို့ လူဝင်လူထွက်စစ်ခိုင်းဖို့က ခက်ပါမယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံခြားပြန်မဟုတ်ဘဲ ရခိုင်ဘက်မှာ ကူးစက်တာတွေ့နေရပါတယ်။စာရေးသူတို့ ကံကောင်းနေတာက တိုက်ပွဲတွေကြောင့် ကုန်းလမ်းဟာ ယခင်ကလို သွားရမလွယ်လို့ပြည်မကို ကူးတာတော့ မရှိသေးပါ။


ဒါပေမယ့် အစိုးရအနေနဲ့ ရခိုင်မြောက်ပိုင်းကို mini lockdown ချပြီး ရန်ကုန်မှာ ပိုးစစ်သလို စစ်မလားစဉ်းစားရမယ်ထင်ပါတယ်။ နောက်အဲ့ဒီဒေသကနေ ပြည်မကိုလာသူများလဲ နိုင်ငံခြားပြန်တွေလို Q လိုမလား စဉ်းစားရပါမယ်။ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့လဲ အစိုးရနဲ့ ဒီရောဂါကို တိုက်ဖျက်ဖို့ပူးပေါင်းဆောင်ရွက်ပါလို့ တိုက်တွန်းပါရစေ။ မပူးပေါင်းရင် ကိုဗစ်က မျိုးတုံးသွားနိုင်လို့ပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page