အန္ကယ္ဆမ္ရဲ႕ၿငိမ္းခ်မ္းေရးလက္ေဆာင္
သမၼတအသစ္တက္လာအၿပီးမၾကာခင္မွာမူးယစ္ကိုအထူးစီမံကိန္းအေနနဲ႔တိုက္ဖို႔ဆံုးျဖတ္လိုက္တယ္။ဒါကတစ္မ်ဳိးသားလံုးရဲ႕ရန္သူ။ဒါေၾကာင့္တိုက္ဖို႔တပ္ခ်ဳပ္ကလဲသေဘာတူသလိုေျပာတယ္။သေဘာမတူရင္ကမရဘူးေလ။ဒီေနရာမွာတပ္ခ်ဳပ္၊ဒုတပ္ခ်ဳပ္၊ညွိႏိႈင္းကြပ္ကဲေရးမႉးကေနကာခ်ဳပ္(ေရ)၊ေလအထိကဘိန္းနဲ႔ဘာမွမဆိုင္ဘူး။ဒါေၾကာင့္ဒါကတူတာကိုစုေပါင္းလုပ္တဲ့သေဘာ။
သမၼတကအေရးေပၚတိုင္ဖို႔လိုင္းဖြင့္တယ္။ဖမ္းတယ္။အမ်ားစုကအေသးစားေတြသာမိခဲ့ပါတယ္။အဲ့ဒီမွာအေမရိကန္ကထၿပီးဘိန္းဖမ္းတဲ့ဓာတ္မွန္စက္ကိုလႉတယ္။စက္အတြက္လဲသင္တန္းေတြေပးတယ္။လႉတာကမတ္လေလာက္။အဲ့ဒီစက္ေရာက္အၿပီးမွာမူးယစ္သမားေတြအားလံုးယခင္ကလိုမေခ်ာင္ေတာ့ဘူး။ယခင္ကဘယ္လိုစစ္စစ္လြတ္တယ္။ယခုဟာကအဲ့ဒီစက္ကိုျဖတ္ရင္မလြတ္ေတာ့ဘူး။အဓိကကေဆးျပားေတြ။TNLA ကတပ္ထိုးစစ္ေၾကာင့္အေနက်ပ္လို႔စစ္ဆင္ရတာလို႔ေျပာသလိုတပ္ကလဲသူမူးယစ္ေဆးႏွိမ္နင္းလို႔႔ပါလို႔ေျပာတယ္။ဘယ္သူကအမွန္ေျပာတာလဲ?
ႏွစ္ဖြဲ႕စလံုးကအမွန္ကိုတစ္ဝက္စီေျပာပါတယ္။TNLA နဲ႔ေျမာက္ပိုင္းမဟာမိတ္ေတြက်ပ္လာတာေတာ့မွန္ပါတယ္။ရခိုင္မွာစစ္ဆင္ေရးနယ္ေျမျဖစ္လို႔ယခင္ကလိုေဒသခံရဲနဲ႔စရဖကိုလိုင္းေၾကးေပးသယ္လို႔မရေတာ့ပါ။တပ္အသစ္ေတြနဲ႔တိုးလို႔ဓာတ္ခဲရဲ႕ဘိန္း၊ေဆးျပားလမ္းေၾကာင္းက်ပ္လာပါတယ္။ဒီေနရာမွာေတာ့ထိုးစစ္ေၾကာင့္ဆိုတာဟာတပ္ေျပာတာေရာTNLA ေျပာတာေရာကိုေျမာက္ပိုင္းမဟာမိတ္အဖြဲ႕အေနနဲ႔ၾကည့္ရင္မွန္ႏိုင္ပါတယ္။ဒါေပမယ့္ရွမ္းျပည္ထဲမွာထိုးစစ္ဆင္လို႔ေတာ့မဟုတ္ပါ။
အဓိကကအန္ကယ္ဆမ္စက္ႀကီးေမလေလာက္စလႈပ္ရွားလာအၿပီးသံုးလေက်ာ္အတြင္းစက္ကိုျဖတ္သမွ်အကုန္မိေနလို႔တင္းလာတာပါ။ယခင္ကျဖတ္ခေတာင္းသမားလဲခက္လာသလိုဒီဘိန္းနဲ႔ေဆးျပားမွီခိုေနရတဲ့ေျမာက္ပိုင္းအဖြဲ႕ေတြဟာလဲက်ဥ္းက်ပ္လာပါတယ္။သမၼတရဲ႕စီမံခ်က္ဟာအဲ့ဒီစက္စသံုးခ်ိန္ကစလို႔အသက္ဝင္လာပါတယ္။ယဥ္ေမာင္းမွတဆင့္ဆက္စပ္တရားခံအခ်ိဳ႕နဲ႔ဘိန္း၊ေဆးျပားထုတ္ရာေနရာမ်ားကိုမိလာပါတယ္။သူတို႔သူပုန္တပ္အတြက္ဆက္ေၾကးဟာႏိုင္ငံျခားကသူ႔တိုင္းရင္ူသားအားလံုးလစဥ္လႉေတာင္မရပါ။ဟိုတီဗီထဲကမူးယစ္သမားမာဖီးယားေတြကရဲကိုသူတို႔လူဖမ္းရင္မဲသလိုေပါ့။
ဒါေၾကာင့္ေနာက္ဆံုးဒီစက္ကိုမဲပံုပါ။တပ္ကိုလဲအတိုက္ျပရတာေပါ့။ယခုအန္ကယ္ဆမ္ေၾကာင့္ဝင္ေငြက်ၿပီးစီးပြားေရးထိခိုက္လာပါတယ္။ၿငိမ္းခ်မ္းေရးမထိုးရင္လဲဝင္ေငြေလ်ာ့သြားရင္သူတို႔အဖြဲ႕ေတြျပႆနာတက္ႏိုင္ပါတယ္။ဒီေဆးျပားမပို႔ႏိုင္လို႔ဝင္ေငြနည္းရင္သူ႔တပ္သားေတြကိုလခမေပူႏိုင္၊မေကၽြးႏိုင္ပါ။လက္နက္တပ္မေပးႏိုင္ပါ။ေတာ္လွန္ေ႐းလုပ္ဖို႔ေငြလိုပါတယ္။ယခုအန္ကယ္ဆမ္ရဲ႕စက္ႀကီးကယံုေထာင္ေၾကာင္မိျဖစ္ၿပီးလက္နက္ကိုေတြရဲအ႐ိႈက္ကိုထိုးမိသလိုျဖစ္သြားပါတယ္။
သမၼတႀကီးအေနနဲ႔ဒီလိုဆက္မ်ိဳးေနာက္၁၀လံုးေလာက္အလႉခံၿပီးလမ္းမႀကီးေတြမွာထားလိုက္ရင္ၿငိမ္းခ်မ္းေရးေတာင္ရသြားႏိုင္ပါတယ္။
Unicode version
အန်ကယ်ဆမ်ရဲ့ငြိမ်းချမ်းရေးလက်ဆောင်
သမ္မတအသစ်တက်လာအပြီးမကြာခင်မှာမူးယစ်ကိုအထူးစီမံကိန်းအနေနဲ့တိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကတစ်မျိုးသားလုံးရဲ့ရန်သူ။ဒါကြောင့်တိုက်ဖို့တပ်ချုပ်ကလဲသဘောတူသလိုပြောတယ်။သဘောမတူရင်ကမရဘူးလေ။ဒီနေရာမှာတပ်ချုပ်၊ဒုတပ်ချုပ်၊ညှိနှိုင်းကွပ်ကဲရေးမှူးကနေကာချုပ်(ရေ)၊လေအထိကဘိန်းနဲ့ဘာမှမဆိုင်ဘူး။ဒါကြောင့်ဒါကတူတာကိုစုပေါင်းလုပ်တဲ့သဘော။
သမ္မတကအရေးပေါ်တိုင်ဖို့လိုင်းဖွင့်တယ်။ဖမ်းတယ်။အများစုကအသေးစားတွေသာမိခဲ့ပါတယ်။အဲ့ဒီမှာအမေရိကန်ကထပြီးဘိန်းဖမ်းတဲ့ဓာတ်မှန်စက်ကိုလှူတယ်။စက်အတွက်လဲသင်တန်းတွေပေးတယ်။လှူတာကမတ်လလောက်။အဲ့ဒီစက်ရောက်အပြီးမှာမူးယစ်သမားတွေအားလုံးယခင်ကလိုမချောင်တော့ဘူး။ယခင်ကဘယ်လိုစစ်စစ်လွတ်တယ်။ယခုဟာကအဲ့ဒီစက်ကိုဖြတ်ရင်မလွတ်တော့ဘူး။အဓိကကဆေးပြားတွေ။TNLA ကတပ်ထိုးစစ်ကြောင့်အနေကျပ်လို့စစ်ဆင်ရတာလို့ပြောသလိုတပ်ကလဲသူမူးယစ်ဆေးနှိမ်နင်းလို့့ပါလို့ပြောတယ်။ဘယ်သူကအမှန်ပြောတာလဲ?
နှစ်ဖွဲ့စလုံးကအမှန်ကိုတစ်ဝက်စီပြောပါတယ်။TNLA နဲ့မြောက်ပိုင်းမဟာမိတ်တွေကျပ်လာတာတော့မှန်ပါတယ်။ရခိုင်မှာစစ်ဆင်ရေးနယ်မြေဖြစ်လို့ယခင်ကလိုဒေသခံရဲနဲ့စရဖကိုလိုင်းကြေးပေးသယ်လို့မရတော့ပါ။တပ်အသစ်တွေနဲ့တိုးလို့ဓာတ်ခဲရဲ့ဘိန်း၊ဆေးပြားလမ်းကြောင်းကျပ်လာပါတယ်။ဒီနေရာမှာတော့ထိုးစစ်ကြောင့်ဆိုတာဟာတပ်ပြောတာရောTNLA ပြောတာရောကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ကြည့်ရင်မှန်နိုင်ပါတယ်။ဒါပေမယ့်ရှမ်းပြည်ထဲမှာထိုးစစ်ဆင်လို့တော့မဟုတ်ပါ။
အဓိကကအန်ကယ်ဆမ်စက်ကြီးမေလလောက်စလှုပ်ရှားလာအပြီးသုံးလကျော်အတွင်းစက်ကိုဖြတ်သမျှအကုန်မိနေလို့တင်းလာတာပါ။ယခင်ကဖြတ်ခတောင်းသမားလဲခက်လာသလိုဒီဘိန်းနဲ့ဆေးပြားမှီခိုနေရတဲ့မြောက်ပိုင်းအဖွဲ့တွေဟာလဲကျဉ်းကျပ်လာပါတယ်။သမ္မတရဲ့စီမံချက်ဟာအဲ့ဒီစက်စသုံးချိန်ကစလို့အသက်ဝင်လာပါတယ်။ယဉ်မောင်းမှတဆင့်ဆက်စပ်တရားခံအချို့နဲ့ဘိန်း၊ဆေးပြားထုတ်ရာနေရာများကိုမိလာပါတယ်။သူတို့သူပုန်တပ်အတွက်ဆက်ကြေးဟာနိုင်ငံခြားကသူ့တိုင်းရင်ူသားအားလုံးလစဉ်လှူတောင်မရပါ။ဟိုတီဗီထဲကမူးယစ်သမားမာဖီးယားတွေကရဲကိုသူတို့လူဖမ်းရင်မဲသလိုပေါ့။
ဒါကြောင့်နောက်ဆုံးဒီစက်ကိုမဲပုံပါ။တပ်ကိုလဲအတိုက်ပြရတာပေါ့။ယခုအန်ကယ်ဆမ်ကြောင့်ဝင်ငွေကျပြီးစီးပွားရေးထိခိုက်လာပါတယ်။ငြိမ်းချမ်းရေးမထိုးရင်လဲဝင်ငွေလျော့သွားရင်သူတို့အဖွဲ့တွေပြဿနာတက်နိုင်ပါတယ်။ဒီဆေးပြားမပို့နိုင်လို့ဝင်ငွေနည်းရင်သူ့တပ်သားတွေကိုလခမပေူနိုင်၊မကျွေးနိုင်ပါ။လက်နက်တပ်မပေးနိုင်ပါ။တော်လှန်ရေးလုပ်ဖို့ငွေလိုပါတယ်။ယခုအန်ကယ်ဆမ်ရဲ့စက်ကြီးကယုံထောင်ကြောင်မိဖြစ်ပြီးလက်နက်ကိုတွေရဲအရှိုက်ကိုထိုးမိသလိုဖြစ်သွားပါတယ်။
သမ္မတကြီးအနေနဲ့ဒီလိုဆက်မျိုးနောက်၁၀လုံးလောက်အလှူခံပြီးလမ်းမကြီးတွေမှာထားလိုက်ရင်ငြိမ်းချမ်းရေးတောင်ရသွားနိုင်ပါတယ်။
Comments