top of page
Search

အနစ်နာခံ စစ်ကိုင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2022
  • 1 min read

မအလတပ်ဟာ ဒီတော်လှန်ရေးမှာ သူ့ကိုဒုက္ခပေးနေတဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဘာမှထိထိရောက်ရောက် ပြန်မလုပ်နိုင်တာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ကျသွားခဲ့လို့ပါ။ မအလထင်ခဲ့တာက ယခင် ABSDF ကလို စစ်သင်တန်းတက် ပြီးရင် ကချင်ကနေတိုက်ပြီးဆင်းလာ၊ ကရင်ကနေတိုက်ပြီးတက်လာ ဒါမှာမဟုတ်ကချင်မှာစစ်သင်တန်းတက်ပြီး AA လို ရခိုင်ကို အဆိုပါတပ်သားများက ပြန်စိမ့်ဝင်လာမယ်လို့သာ တွက်ခဲ့ပါတယ်။ ဒါကြောင့်သူက မြို့တွေ၊ လမ်းတွေ၊ ပြည်မကြီးကိုပိတ်ဆို့ဖြတ်တောက်ထားနိုင်ရင် ဗျူဟာအရ အဆင်ပြေမယ်လို့ ထင်ခဲ့ပါတယ်။ နောက်ဗဟိုက စီမံခန့်ခွဲရင် ဗဟိုမှာထောက်လှမ်းရေးအားကောင်းရင် ယခင်က မိုးသီးဇွန်တို့လွှတ်တာကိုမိသလို ဖမ်းမိမယ်လို့ထင်ထားခဲ့ပါတယ်။

ဒါပေမယ့် ဖြစ်လာတာက ထင်တာနဲ့ကွာသွားခဲ့ပါတယ်။ အချို့လူငယ်တွေက စစ်သင်တန်းသွားတက်ပြီး မိမိတို့ဒေသကိုပြန်ရောက်လာကြပါတယ်။ ပြီးရင် ရွာအလိုက်၊ ဒေသအလိုက်စစ်သင်တန်းပြန်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရွာအများစုက ရွာလုံးကျွတ် NLD ထောက်ခံတဲ့ရွာတွေမိုလို့ သူတို့သတင်းမရခဲ့ပါ။ စစ်ကိုင်းမှာက မအလကိုမုန်းသူက လူများစုမိုလို့ PDF တပ်အင်အားကများသွားခဲ့ပါတယ်။

ဒီနေရာမှာ NUG အောက်က ပကဖတွေရဲ့ နည်းပရိရယ်ကြွယ်ဝတာကလဲ အရေးပါခဲ့ပါတယ်။ သူတို့ကစစချင်းမှာ စစ်တပ်ကိုမတိုက်သေးဘဲ သူတို့ရဲ့ အခြေခံအင်အားကို စနစ်တကျတည်ဆောက်ခဲ့ပါတယ်။အချို့က သူတို့ကို လက်နက်ယူထားပြီး စစ်တပ်ကိုမတိုက်ဖူးဆိုပြီး အစပိုင်းမှာ ဝေဖန်သူများရှိခဲ့ပါတယ်။ သူတို့လုပ်သွားပုံက အစပိုင်းမှာ လူစု၊ သင်တန်းပေး၊ ရိက္ခာစု၊ လက်နက်စု၊ နောက်အုပ်ချုပ်ရေး၊တရားစီရင်ရေးတည်ဆောက်ပြီး ပိုင်မှ တိုက်တဲ့ပုံစံပါ။ ဒီနည်းနဲ့ တင်္နသာရီမှာလဲ စနစ်တကျလုပ်သွားခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ စစ်တပ်က သူတို့တွေရဲ့ ရိက္ခာနဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါကတော့ NUG အတွက်လဲ စိန်ခေါ်ချက်ပါ။ အစပိုင်းလက်နက်တင်ပို့ရလွယ်ချိန်မှာ လက်နက်ဝယ်ဖို့ ငွေကြေးက အခက်အခဲရှိခဲ့ပြီး နောက်ပိုင်းငွေကြေးအဆင်ပြေချိန်မှာ တင်ပို့ရတာ ခက်လာခဲ့ပါတယ်။ ပို့နိုင်တဲ့လမ်းရှိပေမယ့် အချိန်ပိုကြာသွားခဲ့ပါတယ်။

မအလတပ်က အခြား EAO တပ်တွေနဲ့ ရင်ဆိုင်ရာမှာ ရိုင်ဖယ်နဲ့ အခြားတရုတ်လက်နက်တွေနဲ့ အပစ်ခံရပေမယ့် စစ်ကိုင်းမှာက ပြည်တွင်းထုတ်လက်နက်နဲ့သာ ပြန်အသတ်ခံနေရတာပါ။ အဓိကက ရန်သူ့သာလွန်အင်အားနဲ့ လူအင်အားများများနဲ့ ဘက်ပေါင်းစုံက တစ်ချိန်ထဲမှာ အနီးကပ်ဝိုင်းတိုက်တာခံရပြီးသေတာပါ။ ယခင်ကတူမီးက မိုးရွာရင် ပစ်မရပေမယ့် ယခုနောက်ပိုင်း မိုင်တဲသေနတ်က နည်းပညာ ပိုကောင်းလာပါတယ်။ လောလောဆယ် မအလရဲ့ဗျူဟာက ရွာတွေကိုမီးရှို့ရင် သူတို့ထောက်ပို့မရှိလို့သူ့ကိုတိုက်သူတွေ အစာငတ်ပြီးလက်နက်ချအောင်ပါ။ ယခုချိန်အထိ အိမ်ခြေတစ်သောင်းကျော်ကိုစစ်ကိုင်းတစ်ခုထဲတင် မီးရှို့ပြီးပါပြီ။ ဒါဟာ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီနယ် အားလုံးပေါင်းမီးရှို့ခံရတာထက် များပါတယ်။ လူနေထူထပ်လို့ပါ။ ဒါပေမယ့် ယခုနောက်ပိုင်း PDF တွေက သူ့မီးရှို့တဲ့စစ်ကြောင်းတွေကို ဝိုင်းတိုက်လာလို့ မီးရှို့ရလဲ ခက်လာနေပါပြီ။

ရှေ့လပိုင်းမှာ အားလုံးရဲ့စိန်ခေါ်ချက်က စစ်ကိုင်းက NUG အောက်ကတပ်တွေကို ဘယ်လိုလက်နက်ပို့ပြီး မြန်မြန်ထောက်ပံ့နိုင်မလဲဆိုတာနဲ့ မီးရှို့ခံရတဲ့ မိသားစုတွေကို မိုးရာသီမှာ ဘယ်လိုထောက်ပံ့မလဲမိုးရာသီကို မိမိအတွက် အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာပါ။ တိုက်ပွဲကတော့ မြန်မာပြည်မြောက်ပိုင်းကနေ အောက်ကိုဆင်းလာနေပါပြီ။ လက်နက်ကောင်းလေ မအလတပ်ကို ပိုစိန်ခေါ်လာနိုင်တာလဲ တွေ့နေရပါတယ်။

နိုင်ငံခြားရောက် မြန်မာများကလဲ စစ်ကိုင်းက မိမိတို့သွေးသားတွေကိုမမေ့ဘဲ ကယ်ဆယ်ရေးအတွက်ရော စစ်ရေးအတွက်ပါ NUG နဲ့ ဆက်သွယ်ပြီး လှူပေးကြပါ။ သူတို့မှာ လော်ဘီမရှိပါ။ ဒါကြောင့် မမေ့နေကြပါနဲ့။ စစ်ကိုင်းကနေ နိုင်ငံခြားကို ဒုက္ခသည်အနေနဲ့ ရောက်သူကနည်းလို့ သူတို့အတွက် ရိုဟင်ဂျာလို ကမ္ဘာ့ပြည်သူတွေသိအောင် လုပ်ပေးနိုင်သူက နည်းပါတယ်။ ဒါပေမယ့် သူတို့တွေဟာ PDF မဟုတ်ဘဲ သာမန်ရွာသူ ရွာသားတွေပါ။ အစုလိုက်အပြုံလိုက် မီးရှို့ခံ အသတ်ခံနေရတာပါ။ နောက်ဆုံးကတော့ ပြည်သူအချင်းချင်းသာ ကူရမှာပါ။ ပြည်ပနိုင်ငံတွေက သူတို့အကျိုးမရှိရင် မကူပါ။ ဒီမိုးရာသီဟာ အားလုံးအတွက် အလှည့်အပြောင်းပါလို့ ပြောပါရစေ။ မိုးရာသီကို အကောင်းဘက်ပြောင်းအောင် လုပ်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

留言


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page