top of page
Search

အဓိကကို မမေ့ပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 7, 2020
  • 1 min read

DASSK အနားက မိုးကျတွေဟာ ဒီမိုဝန်ကြီးချုပ်တွေလုပ်တာမှားရင် DASSK ကို တင်ပြရာမှာ အလွန်မြန်ပါတယ်။ လိုတာထက်တောင် တွန်းပါတယ်။

ယခု ဖားကန့်ကိစ္စဖြစ်ပြီး လူတွေသေပါတယ်။ သေသူများဟာ လုပ်ငန်းခွင်မှာ သေသူမဟုတ်ပါ။ ပုံဖော်တာက မလုပ်ရမယ့်နေရာကိုလုပ်တယ်၊ မိုးရာသီဆိုတော့ မြေပြိုတယ် သေတယ်ပေါ့။ မလုပ်ရဆိုတာကို တားဖို့က လုံခြုံရေးစောင့်ထားတယ်။ လုံခြုံရေးကလဲ ညံ့တယ်ပေါ့။ ဒါကြောင့် တပ်ရင်းမှူးကို ဖြုတ်တယ်၊ နယ်လုံဝန်ကြီးကို တပ်ကိုပြန်ပြောင်းမယ်ဆိုပြီး အမိန့်ထုတ်တယ်။ သမ္မတ ထုတ်တာကိုတောင် မစောင့်နိုင်ဘူး။ ထူးဆန်းစွာ အရေးယူလိုက်တယ်။ ဒါကဘာကိုပြသလဲဆိုတော့ ဒီနယ်လုံဝန်ကြီးကိုဘယ်သူကိုင်ထားလဲဆိုတာကို ပြတာပါ။ နောက်တစ်ခုကလဲ သမ္မတကဖွဲ့တဲ့အဖွဲ့ဟာ နယ်လုံဝန်ကြီးကတပ်ထဲရောက်သွားလို့ စစ်ရခက်သွားနိုင်ပါတယ်။

စုံစမ်းရာမှာ ဘာကြောင့်လူတွေသေလဲဆိုရင် မြေပြိုလို့ပါ။ နောက်ဒီနေရာကို တားထားတဲ့ကြားကစည်းကမ်းဖောက်ပြီး ရေမဆေးကျောက်သမားတွေက အန္တရာယ်နေရာကိုဝင်တယ် ဒါကြောင့်သေတယ်ပေါ့။


တကယ်တမ်းက အဲ့ဒီလို မြေပုံကြီးဖြစ်အောင် ဘယ်သူလုပ်လဲဆိုတော့ လောဘကြီးတဲ့ ကုမ္ပဏီတွေကလုပ်ထားတာပါ။ ဒီလိုကျောက်တွင်းမှာ ဒီလိုမြေမပုံလို့ ဘယ်လိုပုံရမှာလဲမေးရင် ဩဇီမှာလုပ်နေတဲ့မိုင်းတွင်းတွေကို လေ့လာပါလို့ အကြံပြုပါရစေ။

ပထမဆုံး ယခုလို အချိန်တိုအတွင်းမှာ အများကြီးပေးမတူးသလို မြေတွေကိုလဲ ယခု ဖားကန့်မှာလို စွန့်ပစ်တာမဟုတ်ဘဲ စနစ်တကျစွန့်ပစ်ရပါတယ်။ ဖားကန့်မှာလို မြေစာပုံကြီးလုပ်ခွင့်မရှိပါ။

ဒီဖားကန့်မြေပြိုတာကို ကမ္ဘာပေါ်က သတင်းစာတွေ၊ သတင်းဌာနတွေမှာ အကြီးအကျယ်ဖော်ပြကြပါတယ်။ ပြောချင်တာက မပေါ့ဖို့ပါ။

စုံစမ်းသူများအနေနဲ့လဲ ယခုတူးနေတာနဲ့ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကိုရပ်ပြီး လက်ရှိမြေစာပုံတွေကိုဘယ်လိုရှင်းမလဲ၊ ဘယ်လိုနိုင်ငံတကာစံနှုန်းနဲ့အညီ တူးခွင့်ပေးမလဲ လေ့လာသင့်ပါတယ်။

စုံစမ်းရေးအဖွဲ့ထဲ တပ်ကခန့်တဲ့ ပြည်ထဲရေးဝန်ကြီးပါနေတာကိုက အဖွဲ့ကို လုပ်ရကိုင်ရ ခက်စေပါတယ်။ ကမ္ဘာပေါ်မှာလဲ အော်နေပါပြီ။ အစိုးရအနေနဲ့ ဦးပိုင်ရဲ့ ကုမ္ပဏီအခွဲတွေ ပါနေပေမယ့်လဲလောလောဆယ် ရပ်ခိုင်းပြီး အဖြေရှာသင့်ပါပြီ။ DASSK အနေနဲ့ ကမ္ဘာပေါ်က သတင်းစာတွေရေးတဲ့အတိုင်းအတာကိုသိအောင် သတင်းတွေကိုလဲ တင်ပေးလိုက်ပါတယ်။

စုံစမ်းရေးအဖွဲ့တွေရဲ့အလုပ်က ဖြစ်တာကို သင်ခန်းစာယူပြီး မဖြစ်အောင် တားစီးဖို့ပါ။ ပြဿနာကို သိမှ နားလည်မှ အဖြေကို ရှာလို့ရမှာပါ။ ရဲရင့်ဖို့တော့ လိုပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 08, 2020

ဦးမြတ် ! အဓိက အရာ မမေ့ပါ။အတိတ်ရော ပစ္စုပ္ပန်မှာ ရှိနေပါသည်။

၁။ ပကတိအခြေမှန်မှန်ကို အမျှော်မြင်ကြီးစွာဖြင့် ဆုံးဖြတ်ခြင်း ** ပညာ**

၂။ပကတိအခြေအနေပေါ် မည်သို့နည်းလမ်းဖြင့်ချဥ်းကပ်သင့်ပုံကို သိသော **ပရိယာယ်**

၃။မတွေမဝေ အမှန်ကိုသာ ဆုံးဖြတ်နိုင်သော **ရဲရင့်မှု**


#ပညာရဲရင့်ပွဲလယ်တင့်#


&&&&&&&&&&&&&&&&&&


မဟောသဓ ဇာတ်တော်ကြီး

ငယ်ဘဝက သင်ယူခဲ့ရသည့်

လည်ဆွဲ ပြဿနာ

သားအစစ် (လုခြင်း)ပြဿနရေကန်နှင့် ပတ္တမြား ပြဿနာ

မဟောသဓာ၏ ပညာ ပရိယာယ် ရဲရင့်မှုတို့ကို မြင်တွေ့နိုင်ပါသည်။

ကြံတိုင်း အောင် ၊ ဆောင်တိုင်း မြောက် ၊ သည်အရည်အချင်းများကြောင့် မရှုစိမ့် မနာလို ဖြစ်ရသည်က. သေနက ၊ ပက္ကုသ. ၊ ကာမိန္ဒ. ၊ ဒေဝိန္ဒ ။

ယှဥ်ပြေးပြန်တော့ လိုက်မရ။ မမှီ ။

သူ မပြေးနိုင်အောင် ပြဿနာဖော်

ခြေထိုးခံသော် မရ။

မဟောသဓာ အောင်မြင်လေ ၄ဦးရင်တွင်းမှာ အစိုင်အခဲကြီးလေ။

ရှေ့မှာတော့ တစ်မျိုး

ကွယ်ရာမှာတော့ ဆိုး။

အမျိုးမျိုးအကြောင်းကံ ဖန်တီး။

ဣဿ မစ္ဆရိယကြီးမားလေတော့

--တွင်းထဲကျ မျောက်ဘဝ အဖြစ်မျိုးနဲ့ ကိုယ်ကျိုးနည်းခဲ့သည့် သာဓက။ သံဝေဂ ရစရာ။


နောက်တစ်ယောက် !

ကေဝဋ် ပုဏ္ဏား

ပရိယာယ်အရာ မယှဥ်သာလေတော့ အရှုံးအမှတ်အသား မြင်တိုင်း အညိုးဖွဲ့ အမုန်းတရားနဲ့

နှလုံးသားရှိသူ။


ဒီလိုလူတွေအပေါ် အညိုးမထား အမုန်းမပွား မေတ္တာအခြေခံသော

ပညာဖြင့် အောင်မြင်ခဲ့ပါသည်။


**************************


ဦးမြတ်! ခုခါ **လော်**ဆိုသော စာသား စာစကား ခေတ်စားလှလွန်းပါသည်။မြန်မာမှု အနေနဲ့ အမှန်ကို ဉာဏ်မီသမျှ ဖွင့်ဆိုပြပါရစေ။

လော် လီ ဖောက်ပြား = အမှန်ပျောက် အမှားရောက်မှု။ မဟုတ်မမှန် အခြေခံသေ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page