top of page
Search

အထူးကျေးဇူးတင်ရှိခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2020
  • 1 min read

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကျေးဇူးတင်ထိုက်သူတွေရှိပါတယ်။ ပထမဆုံးက ပြည်သူတွေပါ။ ဒါပေမယ့် ပြည်သူပြီးရင် ဘယ်သူ့ကိုကျေးဇူးတင်ရမလဲလို့ စဉ်းစားရာမှာ ရင်ကြားစေ့ရေးမူအရကျေးဇူးတင်စကားပြောလိုတာက တပ်ချုပ်ကြီးကိုပါ။


တပ်ချုပ်ကြီးက ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ ၇၇% က မဲပေးခဲ့ပြီး ၂၀၁၅ မှာ ၆၉%၊ ကြားဖြတ်မှာ၅၀% အောက်ကျလာပြီး ရန်ကုန်စည်ပင်မှာ ၁၅% သာပေးကြောင်း ရွေးကောက်ပွဲကို ယုံကြည်မှုကျလာသလိုဖြစ်နေကြောင်း မဲလာပေးသူများမှ တရားဝင်နိုင်ကြောင်း ဂျပန်သတင်းထောက်ကို ပြောပြခဲ့ပါတယ်။ ယခုလို သတိပေးတာကို ပြည်သူတွေက နားထောင်ပြီး တရားဝင်မှုရှိအောင် ၈၅% မဲလာပေးလိုက်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၃ အမေရိကန်သမ္မတရွေးကောက်ပွဲမှာတောင် ၆၆.၉% သာ မဲလာပေးတာပါ။ မြန်မာလူမျိုးတွေက ဒီမိုအသိရှိကြပါတယ်။ ကိုဗစ်ဖြစ်တာချင်းတူတာတောင် မြန်မာကသာပါတယ်။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အဘရဲ့ ဆိတ်ခေါင်းနဲ့ ခွေးသားမိန့်ခွန်းဟာလဲ ပြည်သူတွေကိုသတိပြုမိစေခဲ့ပါတယ်။

ဒီ့ထက်ပိုပြီး ကျေးဇူးတင်စရာကောင်းတာက အဘရဲ့ ပါတီ ၃၀ ကျော်နဲ့ တွေ့ဆုံပြမှုပါ။ သူတို့ပြောစကားတွေနဲ့ အဘရဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့စကားကလဲ ပြည်သူတွေရဲ့ နိုင်ငံရေးအသိကိုမြှင့်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

ဒီကြားထဲမှာ အဘရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ကြိုးစားတာ၊ ကယားမှာ ဖြုတ်ချလိုက်တာတွေကလဲ အခြားပါတီတွေနိုင်ရင် ဘာတွေဖြစ်နိုင်တယ်ဆိုတဲ့အသိကို ဖွင့်ပေးလိုက်တာပါ။

နောက်ဆုံးအနေနဲ့ ကျေးဇူးတင်လိုတာက အဘရုံးရဲ့ ရွေးကော်ကို စိန်ခေါ်တဲ့ ကြေညာချက်၊ ညျွန်ချုပ်မဟုတ်ဘဲ ဒုသမ္မတနဲ့ညီကြောင်းစာထုတ်တာ၊ အဘရဲ့ အင်တာဗျူးနဲ့ မြဝတီက အဖေနှင့်သားထုတ်လွှင့်မှုများဟာ သောင်ပြို ကမ်းပြို တိမ်တွေပြိုအောင် NLD ကို နိုင်စေခဲ့ပါတယ်။


ဒီနေရာမှာ NLD လက်ထက် ငါးနှစ်လုံးအဆင်ပြေနေတာကို လိုင်းပေါ်က အဘတအကောင့်တွေကလွဲရင် ပြည်သူတွေက သိပြီးသားပါ။ ဒါပေမယ့် ယခုလို ၈၅% မဲထွက်ပေးတာကတော့ အဘရဲ့အပြောအဆိုတွေ ကြေညာချက်တွေဟာ တအားအနေနဲ့ ပါခဲ့ပါတယ်။


ဒါကြောင့်မိုလို့ အဘတပ်ချုပ်ကြီးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ။ အဘအနေနဲ့လဲ၂၀၂၁ မှာ စိတ်အေးလက်အေး နားလို့ရမယ်လို့ ထင်ပါတယ်။


Photo credit: dsinfo.org

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Kyaw Thu
Kyaw Thu
Nov 16, 2020

ကျေးဇူးတင်ပါတယ်။ပြိုင်ဖက်ပါတီလည်း မဲဆွယ်ပေးလို့ ကျေးဇူးတင်ပါတယ်

Like

Albert Wint
Albert Wint
Nov 09, 2020

နိုင်ငံရေး စစ်ရေးတွေမှာ#ရန်သူရဲ့ရန်သူဟာ ကိုယ်ရဲ့မိတ်ဆွေပါ#ဆိုတဲ့ဆိုရိုးလို့ဆိုလိုရင်ရနိုင်မ်ထင်မိ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page