top of page
Search
Writer's pictureMyat Tun Oo

အညာဒေသမှာ မောင်ဆောင်းခတို့ BPLA ဝင်လာတာကောင်းသလား?


အညာဒေသမှာ မောင်ဆောင်းခတို့ BPLA ဝင်လာတာကောင်းသလား?

စာရေးသူအနေနဲ့ မီဒီယာမဟုတ်သည့်အတွက် မီဒီယာအမြင်နဲ့မတူဘဲ ကမ္ဘာပေါ်က ပြည်တွင်းစစ်တွေ၊ တော်လှန်ရေးတွေကို အခြေခံပြီး ရေးသားပါ့မယ်။ စာရေးသူတို့တိုင်းပြည်ရဲ့သမိုင်းနဲ့ယှဉ်ပြီးလည်းရေးပြပါမယ်။ ဒီနေရာမှာ မည်သည့်အဖွဲ့ကိုမုန်းခြင်း၊ ချစ်ခြင်းမရှိဘဲ အရှိကို အရှိအတိုင်းရေးပြပါ့မယ်။

စာရေးသူက လွန်ခဲ့တဲ့ ၇နှစ် လောက်ထဲက ကျော်မျိုးမင်းတို့၊ နောက်ပိုင်း တပ်ကမိုးညိုတို့၊ လူထုမီဒီယာတို့ဟာ မအလ ဝါဒဖြန့်တာလုပ်နေကြောင်း အစဉ်တစိုက်ရေးသားခဲ့ပါတယ်။ ထိုစဉ်က တပ်ကမိုးညိုကို V ကိစ္စနဲ့ ဝိုင်းချစ်နေကြချိန်ပေါ့။ မီဒီယာသမားတွေပါသလို ယခုအချိန်မှာ သူ့ကိုဆဲသူတွေတောင် ပါပါတယ်။ စာရေးသူက ဒါက ကျော်ဆွေကို ဖြုတ်ချင်လို့ လုပ်တာဆိုတာကို သိပြီးသားပါ။ NLD ထဲကသက်သက်ခိုင်၊ ကျော်ဇေယျတို့ စန္ဒာမင်းတို့ကိုလည်း အစဉ်တစိုက်တိုက်ခိုက်ခဲ့ပါတယ်။။ စာရေးသူအများစုမှန်ခဲ့ပါတယ်။ ကွီးဖြိုးနဲ့ ခေတ်သစ်က သာလွန်ဇောင်းထက်မှား/ မမှားကတော့ စောင့်ကြည့်ပေးပါ။

ယခု မြန်မာပြည်ရဲ့စစ်မြေပြင်မှာ အောင်မြင်တဲ့အဖွဲ့တွေကိုလေ့လာကြည့်ရအောင်။ အားလုံးဝိုင်းအော်နေကြတဲ့ရခိုင်တပ်တော် AA ဆိုတာက ရခိုင်မှာ တစ်ဖွဲ့ထဲရှိပါတယ်။ သူနဲ့ပြိုင်ဖက်အဖွဲ့ကို သူကရှင်းပစ်လိုက်လို့ ဘာမှမကျန်တော့ပါ။ သူက ရှေ့နေကြီးဦးကြီးမြင့်ပြောသလို သွားမညှိနေပါ။။ ဒါကြောင့်ရခိုင်စစ်မြေပြင်မှာ အောင်မြင်မှုတွေက ဘယ်လောက်ကောင်းနေတယ်ဆိုတာ အားလုံးတွေ့မှာပါ။ သူကသာ စောမြရာဇာလင်းတို့ကို ရခိုင်အချင်းချင်း မရှင်းခဲ့ရင် သူတို့က စောချစ်သူဖြစ်နေမှာပါ။

ရခိုင်က မောင်းတောမှာ အခြားစစ်တပ်ရှိတဲ့ ရိုဟင်ဂျာအဖွဲ့ရှိတဲ့ မောင်တောမှာတော့ AA အနေနဲ့ ယခုအချိန်အထိစခန်းမသိမ်းနိုင်သေးတာအားလုံးသတိထားမိမှာပါ။ အတော်တိုက်ယူနေရပါတယ်။ အမှန်ဆိုရင် ရိုဟင်ဂျာကလဲ အစပိုင်းမှာအာဏာရှင်ကိုဖြုတ်ချဖို့ဆိုပြီး လူမျိုးကြီးဝါဒကိုဖြုတ်ချဖို့ဆိုပြီး ထူထောင်ခဲ့တာလို့ဆိုပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာလက်နဲ့ကိုင်တွေဟာ သူ့လူမျိုးတွေကိုမုဒိမ်းကျင့်တယ်ဆိုတဲ့ သူ့ရွာတွေကိုမီးရှို့တယ်ဆိုတဲ့ သူ့လူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်တယ်ဆိုတဲ့ အဲဒီလိုသတ်ရာမှာ ဦးဆောင်ခဲ့တဲ့ မအလတပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာက စာဖတ်သူတို့မျက်စိထဲမှာ အံ့သြစရာကောင်းမနေဘူးလား။ သူ့ကို မအလတိုက်မယ်ဆိုပြီး အစကမတိုက်ခဲ့တဲ့ AA ကို သူက မိမိလူမျိုးကို မုဒိမ်းကျင့်တဲ့ မအလနဲ့ လက်တွဲပြီး တိုက်နေတာက အင်မတန် အံ့ဩစရာ ကောင်းနေပါတယ်။ ဒါကို ICJ ကို ပြောပြသင့်ပါတယ်။

နောက်အင်မတန်အောင်မြင်တဲ့စစ်မြေပြင်တစ်ခုဖြစ်တဲ့ ကိုးကန့်နေရာကို လေ့လာကြည့်ရအောင်။ သူကလဲတစ်ပါတီကနေ တပ်ကိုအုပ်ချုပ်ပြီး အဆိုပါတပ်ကနေ ဘယ်အဖွဲ့ခွဲမှမထားဘဲ တိုက်လာလို့ စစ်ကိုလျှင်လျှင်မြန်မြန်အောင်မြင်လာတာတွေ့ရှိရပါတယ်။ သူတို့နယ်ထဲမှာရှိတဲ့ မောင်ဆောင်းခရဲ့ BPLA၊ ကွန်မြူနစ်စနစ်ကိုအခြေခံတဲ့ PLA  အဖွဲ့တွေဟာ ကိုးကန့်ရဲ့အမိန့်ပေးမှု၊ အုပ်ချုပ်မှုစနစ်အောက်မှာသာ လှုပ်ရှားခဲ့ရပါတယ်။ ဒါကြောင့်လည်းအောင်မြင်ခဲ့တာပါ။ မောင်ဆောင်းခတို့ BPLA က လားရှိုးမှာ တက်အုပ်ချုပ်လို့မရသလို ကိုးကန်ဘကစာထုတ်ရင် အမိန့်လိုက်နာရပါတယ်။

ထိုအတူပါပဲ မြောက်ပိုင်းမှာအောင်မြင်မှုတွေအများကြီးရနေတဲ့ KIA ကလဲ တော်လှန်ရေးအစမှာ ပေါ်လာတဲ့လက်နက်ကိုင်အဖွဲ့တွေကို ကချင်ပြည်နယ်ထဲမှာ သူအမိန့်သာလိုက်နာရမယ်ဆိုတဲ့စနစ်နဲ့ လုပ်ခဲ့ပြီး ယခုစစ်မြေပြင်မှာအောင်မြင်လာတာတွေ့ရပါတယ်။ သူ့အောင်မြင်မှုက ကိုးကန့်အောင်မြင်မှုတွေထက်အနည်းငယ်နှေးကွေးနေတာက ကချင်ပြည်ထဲမှာ လူမျိုးစုတွေအခြေခံတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက မအလတပ်နဲ့ပေါင်းနေလို့ပါ။ သူတို့လဲ စဖွဲ့ခါစက အာဏာရှင်တိုက်မယ်ဆိုပြီး ဖွဲ့တယ်ပြောကြပါတယ်။ အထင်ရှားဆုံးက ရှမ်းနီတပ်ပါ။ သူတို့သာမရှိခဲ့ရင် ကချင်ပြည်နယ်ကြီးကကိုးကန့်ပြီးရင်လွတ်မြောက်သွားနိုင်တဲ့ ပြည်နယ်ပါ။ သူက ရခိုင်ပြီးမှသာ လွတ်မြောက်မယ့်သဘောပါ။

လက်နက်ကိုင်အဖွဲ့များစွာရှိတဲ့ ရှမ်းပြည်နယ်ကြီးက မလွတ်မြောက်တာအားလုံးသတိထားမိမှာပါ။။ ရှမ်းအချင်းချင်းတောင် တောင်နဲ့မြောက်မှာတိုက်နေကြပြီး မအလဘက်ကို ယခုလိုအချိန်မှာတောင် မတိုက်နိုင်တာအားလုံးသတိထားမိမှာပါ။

ဒါဆိုရင်ကရင်ပြည်နယ်မှာရော။ ကရင်ပြည်နယ်မှာလည်း KNU က ဒီမိုကရေစီစစ်စစ်နဲ့ တပ်မဟာတစ်ခုနဲ့တစ်ခုဆီမှာ ဒီမိုကရေစီအပြည့်အဝရှိတာတွေ့ရပါတယ်။ KNU အပြင် အခြားလက်နက်ကိုင်တွေကလည်း နာမည်မျိုးစုံနဲ့ တည်ရှိနေတာတွေ့ရပါတယ်။ ကရင်ပြည်နယ်မှာ မြဝတီတောင်မသိမ်းနိုင်သေးတာ အားလုံးသိမှာပါ။

အချို့စဉ်းစားတာက ဘယ်သူတိုက်တိုက် မအလကို တိုက်ရင်ပြီးရောဆိုတာပါ။ ချင်းပြည်နယ်က မင်းတပ်မြို့ဟာ မအလကို ပထမဆုံးလက်နက်နဲ့ အကြီးအကျယ်ခံချခဲ့တာအားလုံးမှတ်မိနေမှာပါ။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေကြား စည်းလုံးမှုမရှိလို့ မင်းတပ်ကို ယခုထိမသိမ်းနိုင်သေးတာ သတိထားမိမှာပါ။ သိမ်းဖို့တော့ ယခင်ကထက် နီးလာပြီပြောပါတယ်။ ချင်းပြည်နယ်မှာ အဖွဲ့နှစ်ခုကွဲနေလို့ ဘုံရန်သူကိုတိုက်ရာမှာ ထင်သလောက်မမြန်တာအားလုံးသတိထားမိမှာပါ။

ဒါက စာရေးသူတို့နိုင်ငံထဲက အားလုံးမြင်နိုင်တဲ့ ဥပမာကိုရေးပြတာပါ။ စစ်သဘောအရ လက်နက်ကိုင်ထားတာက ကဗျာဆရာချင်းတွေ့တာမဟုတ်ပါ။  လက်နက်မှာ အမိန့်နာခံမှုရှိမှအဆင်ပြေမှာပါ။ မောင်ဆောင်းခက ဗမာမို့လို့ဗမာနယ်ထဲကို NUG အမိန့်မရပဲပြန်ဝင်မယ်ဆိုလို့ရှိရင် ထို့အတူပါပဲ တရုတ်ကလက်နက်တပ်ဆင်ပေးထားတဲ့အခြားဗမာဆိုတဲ့အဖွဲ့က သူရွာမှာရှိလို့ပြန်လာမယ်ဆိုရင် အားလုံးလက်ခံကြမှာပါလား။ ဒါကအင်မတန်အရေးကြီးတဲ့အချက်ပါ။ တရုတ်ဟာ အညာဒေသမှာ NUG မဟုတ်တဲ့ သူဩဇာညောင်းတဲ့ သူ့လူမျိုးနဲ့ သိတဲ့ သူမွေးပေးထားတဲ့ သူ့လက်နက်ကိုင်အဖွဲ့ လိုတယ်ဆိုတာ အားလုံးမမေ့ထားပါနဲ့။ NUG ကို ပြည်သူတိုင်းက တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုထားတာပါ။ မောင်ဆောင်းခကို ဘယ်သူကမှ ရွေးချယ်မတင်မြောက်ထားပါ။ တရုတ်ဟာ ဗမာဒေသမှာ သြဇာလွှမ်းမိုးဖို့ NUG အောက်မှာမရှိတဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းလိုအပ်တယ်ဆိုတာ အားလုံးမမေ့ပါနဲ့ ။ နဂါးကအဆင်မပြေလို့ အခြားအဖွဲ့ကလာမှာပါ။

ပြည်သူတွေကဲ စဉ်းစားပါ။ တော်လှန်ရေးကြီးမြန်မြန်ပြီးချင်လား ပေရှည်နေချင်လား။ ဒါကပြည်သူကသာဆုံးဖြတ်ရမှာပါ။ အညာမှာ တရုတ်ဩဇာခံနိုင်တဲ့ တရုတ်နွယ်အဖွဲ့တွေ အဝင်ခံချင်လား ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူကအဖွဲ့များစွာကွဲတာကိုကြိုက်ရင် ဆောင်းခကိုသာ ဆက်ထောက်ခံကြပါ။ ဆောင်းခဟာ NUG အောက်မှာမရှိရင် မအလလိုလက်နက်ကိုင်နောက်အဖွဲ့တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ မအလကလဲ ရွေးကောက်ခံပကည်သူ့အစိုးရအမိန့်ကို မနာခံဘဲအာဏာသိမ်းခဲ့တာပါ။ မအလက ပုန်ကန်တာပါ။ စာရေးသူအပေါ်မှာရေးခဲ့သလို စစ်သဘောအရ အဖွဲ့များစွာကွဲတာက ဘယ်တော့မှစစ်မနိုင်နိုင်ပါ။ ဆီးရီးယားမှာလည်း  အဖွဲ့များစွာကွဲခဲ့လို့ သူတို့တော်လှန်ရေးက မအောင်မြင်ခဲ့ပါ။ ပါလက်စတိုင်းလဲ ထို့အတူပါဘဲ။

နှစ်ပေါင်းများစွာ လက်နက်ကိုင်လာတဲ့ ကိုးကန့်တို့ KIA တို့တောင်မှ ရှမ်းမြောက်မှာ နယ်မြေကိစ္စ ညိကြပါသေးတယ်။ ထို့အတူ PLA ကလဲ သူ့ကို NUG က ကြားကစစ်လို့ ပြဿနာတွေ မလာခင်ထဲက တက်ခဲ့ပါတယ်။ သူက ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်ဖြစ်ပြီး သူက ဘာလုပ်ခဲ့လဲ သမိုင်းမှာ အားလုံးသိမှာပါ။

ဆောင်းခဟာ သတင်းသမားများနဲ့သိပြီး သတင်းသမားများကအရောင်တင်ပေးကြပါတယ်။ လိုအပ်တာထက်ပိုပြီးရေးတာလည်းတွေ့ရပါတယ်။ သူ့တပ်အတွက်ငွေတွေဘက်ကရနေလဲဆိုတာက ဘယ်သူက ထောက်ပံ့နေလဲဆိုတာ ယခုအချိန်အထိရှင်းရှင်းလင်းလင်းချပြနိုင်ခြင်းမရှိပါ။ နောက် မောင်ဆောင်းခတပ်က ပြစ်မှုကျူးလွန်ရင်၊ မောင်ဆောင်းခက ပြစ်မှုကျူးလွန်ရင် ဘာနဲ့တရားစီရင်မလဲဆိုတာလည်း မသဲကွဲပါ။ သူကလဲ နဂါးလို စစ်ဦးစီးချုပ်လဲသူ နိုင်ငံရေးခေါင်းဆောင်လဲ သူပါပဲ။ သူနဲ့ သူ့တပ်က ကိုးကန့်မှာ ကိုးကန့်တပ်နဲ့ ပါတီရဲ့ အုပ်ချုပ်တာ ခံရပါတယ်။ NUG နယ်ထဲလာပြီး NUG အမိန့်မနာခံတာက မအလတပ်သဘောပါဘဲ။

ယခုအချိန်မှာ NUG အတွက်လဲ တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ဆောင်ရတော့မှာပါ။ တရုတ်ဟာ ကိုးကန့်ကိုစာထုတ်ပြီး သူ့စကားနားမထောင်တဲ့ NUG ဗမာဒေသကို ထိုးဖောက်ဖို့ ကြိုးစားမှုလို့သာ မြင်ပါတယ်။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။ မီးကိုမလောင်ခင်က တားနိုင်ကြပါစေ။  အစပိုင်းမှာ နဂါးကို မီဒီယာက ဝိုင်းမလို့ NUG က မထိတို့ရဲရာက နဂါးပြည်ဿနာက ယခုအထိ ရှင်းမရအောင် ကြီးလာနေပါပြီ။ ဒီနေရာမှာ မောင်ဆောင်းခကဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာမဟုတ်ဘဲ သူနဲ့ သူ့တပ်ဟာ ပြည်သူ့အစိုးရအမိန့်ကိုနာခံတယ်ဆိုတဲ့ စနစ်နဲ့စမှသာ အဆင်ပြေမှာပါ။ မဟုတ်ရင်တော့ သူကလဲ မအလလို ပြည်သူရွေးကောက်တာကို ဂရုမစိုက်တဲ့နောက်တပ်တစ်ခုပါပဲ။ ပြည်တွင်း ပြည်ပကပြည်သူများ အမြင်မှန်စွာနဲ့ ဆုံးဖြတ်နိုင်ကြပါစေ။ စာရေးသူကတော့ NUG ကို ထောက်ခံတာက လူကြောင့်မဟုတ်ဘဲ ပြည်သူရွေးကောက်တဲ့လွှတ်တော်က အတည်ပြုထားလို့ပါ။ဦးရည်မွန်ဆိုတာကို လူကြောင့်ထောက်ခံတာမဟုတ်ပါ။ ဦးရည်မွန်နေရာကို ဗိုလ်ချုပ်ဂွမ်မော်ဆိုပြီး CRPH က အတည်ပြုရင် ထောက်ခံမှာပါ။ NUCC က အတည်ပြုရင်တော့ မထောက်ခံပါ။ လွှတ်တော်က မောင်ဆောင်းခကို ဝန်ကြီးချုပ်ခန့်လဲ ထောက်ခံမှာပါ။ ဒါက ပြည်သူ့အစိုးရမူ ပြည်သူကရွေးကောက်တင်မြောက်တယ်ဆိုတဲ့မူကို အခြေခံပါတယ်။ မဟုတ်ဘဲ ပြည်သူ့အစိုးရ NUG အမိန့်ကို မနာခံရင်တော့ နဂါးတို့ ဆောင်းခတို့ဟာ မအလလို သူပုန်သာဖြစ်မှာပါလို့ ပြောပါရစေ။

1,417 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page