top of page
Search

အဆုံးအဖြတ်ပေးမယ့် ၂၀၂၂

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 1, 2022
  • 2 min read

ယခုရေးတာက စိတ်ခံစားမှုမပါဘဲ ပညာရှင်အနေနဲ့ အခြေအနေကို သုံးသပ်တဲ့ဆောင်းပါးပါ။ မအလဟာ သူနဂိုကတိပေးတာက ၂ နှစ်နေရင် အာဏာပြန်လွှဲပေးမယ်ဆိုတာပါ။ ယခုက ၂၀၂၃ ဩဂုတ်ကိုရွှေ့သွားပါပြီ။ သူ့ရဲ့ အချိန်ဇယားအတိုင်း လုပ်လိုရင်တောင် တိုင်းပြည်ကို ၂၀၂၃ ဖေဖော်ဝါရီမှာ ငြိမ်အောင် လုပ်ရပါမယ်။ ဒါမှ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာပါ။ ဒါကသူ့မြေပုံအတိုင်း နင်းပြီးပြောထားတာပါ။ ထိုအတွက် တရုတ်နဲ့အာဆီယံ ကျေနပ်ဖို့ NLD ကို ရွေးကောက်ပွဲ ပေးဝင်ရပါမယ်။ သူက PR စနစ်ပြောင်းပြီး ထိုင်းမှာလို မနိုင်နိုင်အောင် ညစ်မယ်ပေါ့။ ဒါက သူ့ရည်မှန်းချက်။ သူတွက်ထားတာကဒီမိုတွေဆိုတာ အသံစုံတယ်။ ထိုအသံအပေါ်မူတည်ပြီး သူကသွေးခွဲနိုင်ရင် သူနိုင်မယ်ပေါ့။ သူ့မှာတပ်ရှိတယ်။ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်ထားလို့ ရေရှည်မှာ သူကကျန်ခဲ့ပြီး ဒီမိုတွေက ကွဲမယ်ပေါ့။ နောက်စီးပွါးရေးကျချိန်မှာ ပိုက်ဆံမရှိသူက သူ့ထံခစားမှာမိုလို့ လူတွေကို ငွေနဲ့ဝယ်လို့ရနိုင်တယ်လို့လဲ တွက်ထားပါတယ်။ ဒါကတပ်ထဲမှာ ဆွေးနွေးချိန်တွက်ထားတဲ့ ယူဆချက် assumption တွေပါ။


ယခုလက်ရှိမှာ PDF အများစုဟာ တူမီးတွေနဲ့သာပါ။ အစပိုင်းမှာ KNU ရော၊ KIA ရော NUG နဲ့ PDF ကိုဗြောင်မကူညီပါ။ ကိုးကန့်ကလဲ အစပိုင်းမှာ မတိုက်သေးပါ။ AA ကလဲ ဝေးဝေးကသာ လွမ်းနေပါသေးတယ်။ ရှမ်းနှစ်ဖွဲ့ကတော့ လုံးဝမပါပါ။ ချင်းအမျိုးသားတပ်ဦးသာ NUG ဘက်က ပါခဲ့တာပါ။ ယခု မအလဟာ လေးကေ့ကော်ကို အလွန်အကျွံတိုက်ခြင်းဖြင့် KNU ကို ဆွပေးခဲ့ပါတယ်။ KNU အတိုက်ခံရတာကိုကြည့်ပြီး အားလုံးက သင်ခန်းစာယူနေပါပြီ။ မိမိတို့ရဲ့ တပ်စခန်းတွေကို လာအတိုက်မခံရအောင် ဗမာတွေပါတဲ့ မြေပြန့်က PDF ကို ကူညီမှရမယ်ဆိုတာ အားလုံးနားလည်သွားကြပါပြီ။ နားမလည်သေးသူများလဲ နောက်ပိုင်းမှာ နားလည်သွားမှာပါ။ အချိန်ပါဘဲ။ ဒါ့ကြောင့် အမေရိကန်နဲ့အင်္ဂလိပ်က မကူညီခဲ့ရင်တောင် ပြည်တွင်းအကူအညီကြောင့် PDF ဟာ ယခုထက်ပိုပြီး အင်အားကြီးလာမှာ မြေကြီးလက်ခတ်မလွဲပါ။ စစ်သဘောအရ ရန်ကုန်လိုမြို့ထဲကို လက်နက်လူသူ စိမ့်ဝင်တာကိုရေတိုမှာ မအလက တားထားနိုင်ပေမယ့် ရေရှည်မှာ ထိန်းရခက်မှာပါ။ မြေပြန့်က ရွာတွေထဲကို စိမ့်ဝင်တာကို မအလတပ်မထိန်းနိုင်မှာ ၁၀၀% သေချာပါတယ်။ ဘာကြောင့် စာရေးသူပြောနိုင်လဲဆိုတော့ မအလတပ်ထက် ကြည်း၊ ရေ၊ လေ လက်နက် နည်းပညာ သာလွန်တဲ့ အမေရိကန်တပ်တောင်လူအင်အား မြေပြင်မှာမရှိရင် နယ်မြေမစိုးမိုးနိုင်ပါ။ AA က မတိုက်ခဲ့ရင်တောင် KIA၊ ချင်း၊ KNU နယ်မြေ၊ ကိုးကန့်၊ ကယား၊ စစ်ကိုင်းတို့မှာ တိုက်နေပြီး မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ထားဝယ်တို့က ပါလာမှာပါ။ ဒီနယ်မြေတွေအားလုံးကို ထိန်းချုပ်ဖို့ မအလမှာ တပ်အင်အားမရှိပါ။

ဖိအားက NUG ထံမှာသာရှိတာမဟုတ်ဘဲ မအလဟာ သူ့ထံရင်းနှီးမြုပ်နှံလိုသူများအတွက် သူကနယ်မြေထိန်းချုပ်နိုင်တယ်ဆိုတာကို ပြရပါမယ်။ မဟုတ်ရင် AA ကို တရုတ်ကတွေ့သလို NUG ကိုလဲဗြောင်တွေ့လာမှာပါ။ နောက်သူနယ်မြေထိန်းချုပ်မှုရှိမှ ရွေးကောက်ပွဲလုပ်လို့ရမှာပါ။ မထိန်းချုပ်နိုင်ရင် ဘယ်ရွေးကော်မှ အသက်အပိုမပါလို့ ဝင်ပြီးစတေးခံမယ်မထင်ပါ။

မအလရဲ့ အဓိကအမှားက လူတွေရဲ့ နိုင်ငံရေးထွက်ပေါက်ကို ပိတ်လိုက်တာပါ။ နောက်သူ့တပ်ကမြေပြင်မှာ အစုလိုက်အပြုံလိုက်သတ်ပြ မီးရှို့ပြနေတာက တော်လှန်ရေးရေချိန်ကိုတက်အောင် ဆွပေးနေသလိုပါ။ ယခုဖြစ်နေတဲ့စစ်ပွဲဟာ စခန်းသိမ်းတိုက်ပွဲပုံစံမဟုတ်ဘဲ ပြောက်ကျားတိုက်နေလို့ မအလက အမြောက်နဲ့လေယဉ်နဲ့တုန့်ပြန်လေ မဆိုင်သူများက PDF ဖြစ်သွားလေသာဖြစ်မှာပါ။ ဒါကို Gen. David Petraeus ရဲ့ စာအုပ်မှာတွေ့နိုင်ပါတယ်။ မအလတပ်က ကွန်မြူနစ်တိုက်ခဲ့တဲ့ ဗျူဟာနဲ့ PDF ကိုတိုက်မယ်လို့ ဆိုပါတယ်။ သူ့အခြေခံက ပြည်သူ့စစ်(ပျူစောထီး)၊ ဘာသာရေး(ဘုန်းကြီးနဲ့)၊ ဖြတ်လေးဖြတ်ပေါင်းဖို့ပါ။ ထိုအချိန်က နေဝင်းက ဆိုရှယ်လစ်ဆိုပြီး ကွန်မြူနစ်ရဲ့ လက်ဝဲစာအချို့ကိုလဲ စာအုပ်ပေါ်က ခိုးချခဲ့ပါသေးတယ်။

ဒါပေမယ့် မအလရဲ့ဗျူဟာမှာ ပထမအမှားက NLD ပါတီကို အစားထိုးနိုင်တဲ့ လူထုလေးစားတဲ့ပါတီမရှိတာပါ။ သခင်စိုးနဲ့ နေဝင်းဟာ သူမသာ ကိုယ်အသုဘလောက်သာရှိပါတယ်။ DASSK နဲ့ မအလကတော့ မိုးကောင်းကင်က နတ်သမီးနဲ့ အဝီစိက ခွေးသားလောက်ကွာနေပါတယ်။ ဒုတိယကပြည်သူ့စစ်ကိစ္စပါ။ မအလနောက်လိုက်နိုင်မယ့် ပျူက နည်းပါတယ်။ ဘာသာရေးက မဘသကို လူတွေက စိတ်ကုန်နေပါပြီ။ ယခင်က သခင်စိုးက ရွှေတိဂုံဘုရားရွှေခွါလိမ့်မယ်ဆိုရင် စိုးရိမ်ခဲ့တဲ့ မျိုးဆက်ဟာ ယခုအချိန်မှာ အသက် ၇၀ ကျော်နေပါပြီ။ ယခုရွှေတိဂုံဘုရားကရွှေကိုခွါတာဟာ မအလဆိုတာGen Z က သိနေပါပြီ။ အင်တာနက်ကိစ္စတွေ ထည့်မပြောတော့ပါဘူး။ ဖြတ်လေးဖြတ်လုပ်ရင်လဲ ICC ရောက်ဖို့ နီးလာမှာပါ။ ကယားမှာလို ပိုလုပ်လေ အမေရိကန်က PDF ကို လက်နက်ထောက်ပံ့ဖို့ ဖိအားပိုတိုးလာမှာပါ။ PDF ထဲမှာက ပညာတတ်လူငယ်များစွာပါနေလို့ သူတို့ရဲ့ တီထွင်မှုက အသံထက်မြန်နေတာ တွေ့ရပါတယ်။ သူတို့ရဲ့မိုင်းများ ဒရုန်းများ လက်နက်များဟာ အချိန်ကြာလေ ပိုကောင်းလာလေသာ ဖြစ်လာမှာပါ။ ယခုသူတို့ထုတ်နေတာတွေဟာ ဘယ်နိုင်ငံက အကူအညီမပါဘဲ made in Burma နဲ့ ချနေတာပါ။

အကျဉ်းချုပ်ရရင် NUG အတွက် စိန်ခေါ်မှုက စည်းလုံးမှုကို ထိန်းသိမ်းဖို့နဲ့ လက်နက်အတွက် ဝင်ငွေရရှိဖို့ပါ။ မအလအတွက်က စစ်မြေပြင်မှာ နယ်မြေစိုးမိုးနိုင်ဖို့ပါ။ ဒါတွေက ၂၀၂၂ မှာ အဆုံးအဖြတ်ပေးသွားမှာပါ။ မအလကတော့ ကွန်မြူနစ်ကိုတိုက်ခဲ့သလို ၁၉၈၈ ကလို နိုင်မယ်လို့ တွက်ထားပါတယ်။ စာရေးသူအနေနဲ့ကတော့ မအလဟာ DASSK ကို လွှတ်ပေးတာမျိုးမှ မလုပ်ခဲ့ရင် ဘယ်လိုမှ မနိုင်နိုင်ပါလို့ ရိုးသားစွာ သုံးသပ်ပါရစေ။ DASSK ကို လွှတ်ပေးရင်လဲ သမ္မတကို အာဏာပြန်အပ်မှသာရမှာပါ။၂၀၂၂ မှာ စာရေးသူတို့ရန်ကုန်ကိုသိမ်းတာ ဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် မအလနိုင်ဖို့က အလွန်ခက်မယ်လို့ ပြောပါရစေ။ စာရေးသူပြောတာ မှန် မမှန်က အချိန်ကသာ အဆုံးအဖြတ်ပေးသွားမှာပါ။သူ့အထဲမှာ အသေအပျောက်များလာခဲ့ရင်လဲ သူ့အထဲကနေ ပြိုသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သေချာတာကတော့ မအလနိုင်ဖို့ မဖြစ်နိုင်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page