top of page
Search

အဆုံးအဖြတ်ပေးမယ့် ပွင့်လင်းရာသီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 22, 2022
  • 1 min read

ယခုစစ်ပွဲမှာ ဘယ်သူနိုင်နေလဲမေးရင် ဇော်မဲလုံးက သူနိုင်နေတယ်လို့ဖြေမှာပါ။ ဒါဆို သူ့ဇာတိကို ပြန်ရဲလား မေးကြည့်လိုက်ပါ။ သူမပြန်ရင်တောင် သူ့အမေကို အလည်လွှတ်ရဲလား စမ်းခိုင်းကြည့်လိုက်ပါ။ဒါက မြေပြင်က အခြေအနေအမှန်ပါ။  ဒါပေမယ့်လဲ ရွာတွေမီးရှို့ခံရတာ ကြားနေရလို့ မင်းတို့ NUG ကရော ဘာလုပ်ပေးနိုင်လဲ မေးနိုင်ပါတယ်။ မိမိရပ်တည်တဲ့ဘက်ကို အသာထားပြီး မြေပြင်က အခြအနေမှန်ကို လေ့လာကြည့်ရအောင်။

စာရေးသူတို့ အစပိုင်းတွက်ခဲ့တာက စစ်တပ်ဘက်ပြောင်းဖို့ပါ။ လောလောဆယ်မှာ ရာထူးကြီးပိုင်း မပြောင်းသေးတာ သတိထားမိမှာပါ။ ဘာလို့လဲဆိုတော့ စစ်ဖြစ်ချိန်မှာ တပ်ရင်းမှူးကအစ ဗျူဟာမှူးအထိ ခိုးလို့ရလို့ နောက်ဆုံးအချိန်အထိ ဆက်ခိုးနေတာပါ။ နောက်သူတို့က စစ်မြေပြင်မှာ ပထမဆုံးမသေသေးတာလဲပါပါတယ်။  လေတပ်နဲ့ ရေတပ်တောင် ဆီခိုး၊ လှေဖမ်းရတာ တွက်ခြေကိုက်နေလို့ဘက်မပြောင်းသေးတာပါ။ သူတို့အတွက်ဖိအားက သူတို့အသက်ထိခိုက်လာရင် ဖိအားတိုးလာမှာပါ။ဒါကြောင့် ဒီမိုတွေအနေနဲ့ ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးပြီး ဘက်မပြောင်းရင် အသက်ပြောင်းသွားမယ်ဆိုတာကို ထင်သာမြင်သာအောင်လုပ်ပြရမှာပါ။ ဥပမာ တပ်မိသားစုတွေ ထိခိုက်လာရင် သူတို့ဌာနချုပ်ကို လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ ပစ်လာနိုင်ရင် သူတို့ စဉ်းစားလာမှာပါ။ ဒါကို စမ်းသပ်မှာကရခိုင်မှာပါ။ AA ရဲ့ပစ်အား ယမ်းအားကောင်းလို့ AA ကသာ တပ်ရင်းအလိုက် လက်နက်ချအောင် လုပ်နိုင်ခဲ့ရင် ပြည်မမှာပါ ဖြစ်လာနိုင်ပါတယ်။

မြေပြင်ကိစ္စ ပြန်ဆက်ရအောင်။ မအလဟာ တပ်တွေကို ရခိုင်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရှမ်းတွေကို အကုန်ဆိုင်ထားပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် ပွင့်လင်းရာသီ စစ်ဆင်ဖို့လဲ ပြင်ထားပါတယ်။ ဒါက သူသေကိုယ်သေဗျူဟာပါ။ သူနိုင်ရင်လဲ သူစားမှာဖြစ်ပြီး သူရှုံးခဲ့ရင်လဲ ပြည်နယ်တွေစပြီး သူလက်လွတ်ဆုံးရှုံးမှာပါ။ မအလရုရှားကအပြန်မှာ တရုတ်နယ်စပ်ကအဖွဲ့တွေ ပြန်လှုပ်လာတာ ရှမ်းမြောက်မှာ PDF ပေါ်လာတာက တိုက်ဆိုင်မှုမဟုတ်ပါ။ မအလတပ်တွေက SSPP ကို ဆုတ်ခိုင်းတာ ဟိုကမဆုတ်လို့ တိုက်ပွဲက ဖြစ်လာနိုင်ပါတယ်။ မအလအောက်ခြေက သူတို့ SSPP ကို တိုက်နိုင်တယ်လို့တွက်ထားလို့ မနိုင်ခဲ့ရင် ပြဿနာက ပိုကြီးလာမှာပါ။ SSPP ကလဲ ဝ ကထောက်ခံထားလို့သူက ယခုလိုအချိန်မှာ နယ်မြေချဲ့မှာပါ။ မေးခွန်းက မအလမျိုချပြီး သီးခံမှာလား တိုက်မှာလားဆိုတာပါ။

မအလတပ်ထဲမှာ တိုင်းမှူးတွေက သူတို့စစ်ဒေသ တိုင်းတွေမှာ ဘယ်လိုခြေမှုန်းမယ် ဘာညာဆိုပြီးပြင်ဆင်ထားကြပြီး မအလကို ဒါတွေထောက်ပံ့ပါ ကျွန်တော်တို့ တိုက်မယ်ဆိုပြီး လေးလပတ်မှာတင်ပြခဲ့ကြတာပါ။ ဒါကြောင့် လေတပ်တွေကို ယခင်ကလို ဗဟိုကိုအမိန့်တောင်းစရာမလိုဘဲ သုံးနိုင်လာတာပါ။ ဒါပေမယ့် သူတို့ရဲ့တင်ပြချက်တွေက လက်တွေ့နဲ့ ဝေးကွာနေပြီး လေပေါ်မှာ အိမ်ဆောက်ထားတာပါ။ အားလုံးက မအလလိုဘဲ စာရွက်ပေါ်မှာ သူပုန်တွေမရှိ PDF ကင်းစင်နေပါပြီ။ စာရေးသူဆုတောင်းတာက သူတို့ပြင်ထားတဲ့အတိုင်း တိုက်ပါစေဆိုတာပါ။ ဒါမှ မြန်မြန်ပေါက်ကွဲထွက်သွားမှာပါ။ စာရေးသူ မြင်တွေ့နေတာက မအလတိုင်းမှူးတွေဟာ ယုံကြည်မှုလွန်ကဲနေပြီး သူတို့စာရွက်တွေပေါ်မှာ ပွဲတိုင်းနိုင်နေတာပါ။ ဒါက ရခိုင်မှာ စစ်ပွဲကိုပြန်စစေခဲ့ပြီး ရှမ်းမြောက်မှာလဲ ပြင်လာနေပါပြီ။ ဘာလို့ PDF က နိုင်မှာလဲလို့မေးရင် PDF က အချိန်ကြာလာလို့ လက်နက်၊ လူ၊ တိုက်ရည်ခိုက်ရည် ကောင်းလာမှာဖြစ်ပြီး တိုင်းမှူးတွေရဲ့ ယုံကြည်မှုလွန်ကဲချိန်နဲ့ တိုက်ဆိုင်နေလို့ ရှေ့လပိုင်းပွင့်လင်းရာသီထိုးစစ်မှာ သူတို့တင်ပြတဲ့အတိုင်း မအလတိုင်းမှူးတွေကနိုင်မှာလား PDF က နိုင်မှာလား အဆုံးအဖြတ်ပေးသွားမှာပါ။ စာရေးသူအမြင်ကတော့ တပ်ထဲမှာလက်တွေ့အသေများနေပြီး နေ့စဉ် နောက်တန်းစစ်မြေပြင်ဆေးရုံရောက်မှသေသူ ၁၀ ယောက်လောက်ရှိနေတာပါ။ လမ်းမှာသေသွားသူ မပါပါ။ ဒါကလက်ရှိအခြေအနေပါ။ ယခုစစ်ပွဲမှာ ပြည်သူတွေက PDF ကို ယခုအရှိန်အတိုင်း ထောက်ပံ့ထားဖို့သာလိုပါတယ်။ မအလကိုလဲ ရုရှားကထောက်ပံ့မှာဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းမှာ ပြည်သူ့တပ် PDF ကသာလွန်နေလို့ PDF တွေသာ NUG အမိန့်နာခံပြီး သတင်းလုံခြုံစွာတိုက်နိုင်ခဲ့ရင် လွတ်မြောက်နယ်မြေတွေ ရရှိလာမှာပါ။ ဒီသုံးသပ်ချက်ဟာ အခြားသူများလို အမေရိကန် ဘာပေးမယ်၊ အင်္ဂလိပ်ဘာပေးမယ်ဆိုတာကို အခြေခံမထားဘဲ လက်ရှိအင်အားနဲ့သာ သုံးသပ်ထားတာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page