top of page
Search

အစိုးရသစ်ကို အာဏာလွှဲပြောင်းတာ အခက်အခဲရှိမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 23, 2021
  • 1 min read

၂၀၁၅ မှာက ဘစိန်အစိုးရကနေ DASSK ဦးဆောင်တဲ့ NLD အစိုးရကို အာဏာလွှဲရပါတယ်။ ဒါ့ကြောင့်ဘစိန်ကလွှဲပေးမှ ရပါတယ်။ ဒီနေရာမှာ ဘရွှေမန်းက လွှတ်တော်အသစ်ကိုခေါ်ပြီး NLD လွှတ်တော်စခဲ့လို့ အစိုးရအာဏာကလဲ မလွှဲမနေ လွှဲခဲ့ရပါတယ်။

ယခု ၂၀၂၀ မှာက လက်ရှိအာဏာရနေတာက NLD အစိုးရပါ။ ဒါဆို NLD အစိုးရသစ်ဟာ တပ်သဘောမတူဘဲ အာဏာလွှဲလို့ရမလား?

၂၀၀၈ ခြေဥမှာ တပ်ကို ရွေးကောက်ပွဲလုပ်ဖို့ အာဏာမပေးထားပါ။ သူ့ကို ၂၅% သာ လွှတ်တော်ထဲကိုပေးတက်ထားတာပါ။ ပထမဆုံး တပ်က လွှတ်တော်ကို မတက်ဘဲ သပိတ်မှောက်လို့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေက NLD ကို ကောင်းကင်ပြိုအောင် မဲပေးထားလို့ NLD ကိုယ်စားလှယ်တွေကလွှတ်တော်တက်ခဲ့ရင် လွှတ်တော်အထမြောက်ပါတယ်။

ဒါဆိုရင် အာဏာလွှဲတာကရော။ လက်ရှိသမ္မတ ဦးဝင်းမြင့်ကိုဘဲ NLD က သမ္မတဆက်တင်ခဲ့ရင် တပ်ဟာ ဘာမှကန့်ကွက်လို့မရပါ။ လွှတ်တော်မှာသူက ဒုသမ္မတသာတင်ပြီး မဲဝင်ပေးရမှာပါ။ သမ္မတအသစ်ဆိုရင်သာ သူကအသိအမှတ်ပြု မပြုက အငြင်းပွါးနိုင်ပေမယ့် လက်ရှိသမ္မတက နောက်သက်တမ်းမှာ သမ္မတဆက်လုပ်ရင် ဘာမှပြောခွင့်မသာတော့ပါ။

တပ်ကသူ့ဝန်ကြီးနေရာတွေ မခန့်ရင်ဘယ်လိုလုပ်မလဲ? ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာကိုတပ်ချုပ်က အမည်စာရင်းမပေးရင် NLD သမ္မတက အဆိုပါဝန်ကြီးဌာနတွေကို တိုက်ရိုက်အုပ်ချုပ်ရုံပါ။ ဒါ့ကြောင့်အေးဆေးပါ။

ဒါဆိုတပ်က မဲစာရင်းစစ်ခိုင်းနေတာလေးလဲ ရှင်းပါအုံးလို့ပြောနေသူများကို ဘာပြောချင်လဲဆိုရင်တော့ စာရေးသူက တပ်ချုပ်ကြီးကို ရေငုပ်သင်္ဘောစာရင်းရှင်းပေးပါ လေယဉ်ပျံစာရင်း ရှင်းပေူပါဆိုရင် ရှင်းပေးမှာလားလို့ မေးပါရစေ။ အိန္ဒိယက အလကားပေးတာလို့ တရားဝင် သူ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပါ။ မဲစာရင်းလိူ လိမ်ပြောထားတာ မဟုတ်ပါ။

အကျဉ်းချုပ်ရရင် လက်ရှိခြေဥအရ ဥပဒေဘောင်အတွင်းကတော့ NLD ရဲ့ အာဏာလွှဲပြောင်းမှုကိုဘာမှတားမရပါလို့ ပြောပါရစေ။ NLD အနေနဲ့က သတင်းသမားတွေကို အာခြောင်ပြီး အာဏာသိမ်းတာ ထိန်းတာကို ထောက်ခံသလိုပြောလေ့ရှိတဲ့ တပ်ထွက်ဒေါက်တိုအောင်မျိုးတို့ နေဇင်လတ်တို့ကိုနိုင်ငံတော်ပုန်ကန်ရန် အားပေးမှုနဲ့ စွဲထည့်ထားလိုက်ရင် အဆင်ပြေသွားပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page