top of page
Search

အစိုးရနဲ့ ပြည်သူကို ဘယ်လိုရန်တိုက်ပေးလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 18, 2020
  • 1 min read

ဇေကြီးက တပ်မြေကို ဘစိန်လက်ထက်မှာ နှစ်ရှည်အငှါးရခဲ့ပြီး သူ့ရင်းနှီးမြုပ်နှံမှုကိုလဲ ဘစိန်ရဲ့ပြည်ထောင်စုအစိုးရအဖွဲ့ မဆင်းခင်က အတည်ပြုခဲ့ပါတယ်။ သူ့စီမံကိန်းစတာကတော့ ဒီမိုအစိုးရလက်ထက်မှာပါ။

သူက သူလုပ်ပိုင်ခွင့်ရတဲ့မြေထဲက မြို့တော်ဝန်ရဲ့သမိုင်းဝင်အိမ်ကို ဖျက်ပါတယ်။ သတင်းစာတွေက ဒါကိုဖျက်နေပြီ အစိုးရက ဘာမှမလုပ်ဖူးလားဆိုတာမျိုးရေးပါတယ်။ နောက်သူက အုတ်မြစ်ချရာမှာ ဟိုဘက်ကန်ကိုလာထိမယ် အစိုးရက ဘာမှမလုပ်ဖူးလားဆိုပြီး သတင်းသမားများ အွန်လိုင်းအစိုးရဆန့်ကျင်သူများက ဝိုင်းဆော်ပါတယ်။

အမှန်က သူလုပ်တဲ့မြေက တပ်ပိုင်မြေပါ။ ဒီမှာလုပ်တာ ဆောက်တာကို တားနိုင်တာက တပ်မြို့စည်ပင်နဲ့ တပ်ပါ။ ရန်ကုန်က တပ်ပိုင်မြေအများစုဟာ တပ်မြို့စည်ပင်အောက်မှာပါ။ ဒါပေမယ့် သတင်းသမားနဲ့ အစိုးရဆန့်ကျင်သူများက လက်ရှိရန်ကုန်တိုင်းအစိုးရကို ဦးတည်တိုက်ပါတယ်။ အဲ့ဒီလိုတိုက်လို့ပြီးချိန်မှာမ တပ်က ဇေကြီးကို မြို့တော်ဝန်အိမ်ဟောင်းကိုပြန်ဆောက်ခိုင်းတာ သူ့စီမံကိန်းကို ရပ်ခိုင်းတာတွေ စလုပ်လာပါတယ်။ သဘောက မိမိလုပ်ပိုင်ခွင့်အောက်က မိမိခွင့်ပြုထားတာကို ထွက်မရှင်းဘဲနောက်ဆုံးအချိန်အထိ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ဖို့ ကြိုးစားတာပါ။ ပြီးမှ ရပ်ဆိုပြီး ပဏာဝင်ယူတာပါ။

အင်းလျားလမ်းနားက တပ်ပိုင်မြေမှာလဲ အဲ့ဒီလိုအချိုးလုပ်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။

ပြည်သူတွေအနေနဲ့ သတိရှိကြပါ။ ရန်ကုန်က တပ်ပိုင်မြေမှာ ဆောက်တာကို ထောက်ပြဝေဖန်လိုရင်တပ်မြို့စည်ပင်ကို ဆက်သွယ်ပါလို့ ပြောပါရစေ။


News Source: Irrawaddy

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page