top of page
Search

အစိုးရနှင့် အချုပ်အခြာအာဏာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 30, 2021
  • 1 min read

စာရေးသူတို့ နိုင်ငံမှာ ယခင်က စင်ပြိုင်အစိုးရပေါ်ခဲ့တယ်။ အမှန်က စင်ပြိုင်က တရားဝင်အစိုးရတွေ။အာဏာသိမ်းတပ်က တရားမဝင်အစိုးရ။ ဒါပေမယ့် သူက နိုင်ငံကိုထိန်းချုပ်လို့ဆိုပြီး သံရုံးတွေကအစကုမ္ပဏီအဆုံး မျက်နှာလုပ်ကြရတယ်။ ဒါက ၁၉၆၂ ကနေ ၁၉၈၈ အထိ ဒီဖော်မြူလာနဲ့ သွားတယ်။


ယခု NUG မှာ PDF စဖွဲ့တယ်။ သင်တန်းစဆင်းပြီ။ ဒါကအနည်းစု။ ဒါပေမယ့် မြို့တိုင်း ရွာတိုင်းမှာပြည်သူတွေက ကာကွယ်ရေးအဖွဲ့တွေ စဖွဲ့လာပြီ။

ယခင်က ပြည်သူ့အစိုးရတွေက ရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့ ဘာညာပြောရင် တရုတ်နိုင်ငံ၊ စင်ကာပူ၊ထိုင်းနိုင်ငံတို့က ပြည်သူအတွက်လိုလို ဘာလိုလိုနဲ့ လာကြတယ်။ ပြည်သူက ဘာမှလုပ်မရဘူး။ ယခုဆိုရင် ပြည်သူ့အစိုးရ NUG က ဖက်ဆစ်မအလနဲ့ စာချုပ်ချုပ်လုပ်ရင် တရားမဝင်ကြောင်း တရားဝင်ပြောလာပြီ။ ဒါကိုဆန့်ကျင်ပြီး လာရင်းနှီးမြုပ်နှံရင် ပြည်သူက ဒန်ပေါက်ကျွေးမှာ။ သူတို့စက်ရုံကိုဖာလူဒါ မုန့်ဟင်းခါးကျွေးမှာ။ ဒါ့ကြောင့် သူတို့လဲ ယခင်ကလို ဖင်မယားရဲတော့ဘူး။

နောက်အုပ်စုက ခရိုနီကြီးတွေ။ စာရေးသူ KBZ နဲ့ တေဇကို ဘာလှူလှူ ယခင်ကထဲက ကောင်းကြောင်းသိပ်မရေးဘူး။ DASSK အနား တေဇလူလဲ မကောင်းတာရေးတယ်။ ယခု မြန်မာပြည်က လုပ်ငန်းကြီးတွေကိုလဲ NUG က အခွန်စကောက်ရမယ်။ KBZ၊ မြန်မာ့ရှေ့ဆောင်၊ UAG ဘဏ်တွေ Show room တွေ။ အခွန်မဆောင်ရင် ဘာဖြစ်မလဲ? KIA နဲ့ AA ထိန်းချုပ်နယ်မြေမှာ အခွန်မဆောင်ရင် ဘာဖြစ်သွားလဲသိမှာပါ။ နီးရာဓားကြောက်သူများအတွက် နောက်ဓားတစ်ခုလာမှာပါ။

နောက် ဆရာ ဆရာမတွေကို အလုပ်ဖြုတ်ကြောင်း လက်မှတ်ထိုးတဲ့ ညွှန်မှူးတွေ၊ ဆရာဝန်တွေကိုအလုပ်ထုတ်တဲ့ ညွှန်မှူးတွေ ဖမ်းတဲ့ ရဲတွေ အုပ်ချုပ်ရေးမှူးတွေလဲ ပြည်သူ့တရားစီရင်တာ ခံရမှာပါ။

ဒါတွေဟာ အကြမ်းဖက်မှုမဟုတ်ဘဲ အကြမ်းဖက်ဖက်ဆစ်တပ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို တိုက်ခိုက်တဲ့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးလို့သာ ပြောပါရစေ။ အာဏာဆိုတာ ပြည်သူကလာတာပါ။ NUG မှာ ပြည်သူရှိလို့ ဖက်ဆစ်နဲ့ပေါင်းစားလိုတဲ့ နိုင်ငံတွေ ခရိုနီတွေ ဖက်ဆစ်ဝန်ထမ်းတွေဟာကယားပြည်နယ်က ရဲတွေလို ဘဝဆုံးမယ်ဆိုတာ သတိပေးပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page